Saturday, November 22, 2014

0

Mandalay 2013-JUNE (Bus ride, Baby, Food & Movie)



ရန်ကုန်ကနေ မန္တလေးကို မြတ်မန္တလာထွန်းဘတ်စ် နဲ. ပြန်တယ်။ ကားပေါ်က ခုံတိုင်းမှာ အခုလို TV လေးတွေပါလို. အင်မတန် အံ့သြမိတယ်။ မြန်မာပြည်က ဘတ်စ်တွေ တော်တော်တိုးတက်နေပြီပဲ။ နောက်ပြီး ကားပေါ်မှာ ဘတ်စ်မယ် ဆိုတာလဲ ပါသေးတယ်။ လေယာဉ်မယ်လို ပုံစံပေါ့။ ဘတ်စ် မယ်ရဲ. အလုပ်က ကားစထွက်ရင် ခရီးသည်တွေကို မုန်.နဲ. အအေးတွေဝေ၊ ချမ်းတဲ့သူတွေကို စောင်ထုတ်ပေး၊ ကားမူးတဲ့သူတွေကို ဆေးပေး၊ ကျန်းမာရေးနားခါနီး ဆိုရင် မိုက်ခ် နဲ. ဘယ်နှမိနစ် နားမယ်ဆိုတာပြော၊ ခရီးသည် စုံမစုံ ရေ စတဲ့ အလုပ်တွေပေါ့။ မိုက်ခ် နဲ. ဘယ်နေရာမှာ ဘယ်လောက်နားမယ်ဆိုတာက အသံသွင်းထားလိုက်ရင် သူပြောနေစရာတောင်မလိုဘူး လို.တွေးမိတယ်။ ဘတ်စ် ကုမ္ပဏီတွေ များလာတော့ အပြိုင်အဆိုင် service ကောင်းအောင် လုပ်နေကျတယ် ထင်ပါတယ်။ ဒီအမြန်လမ်းမပေါ်မှာ ကား accident တွေ ခဏခဏ ဖြစ်နေလို. Serivce ကောင်းကောင်းပေးသလိုပဲ safety ပိုင်းကိုလဲ ပိုကောင်းအောင် လုပ်စေချင်တယ်။ ရန်ကုန်- မန္တလေး စီးခဲ့တဲ့ ဘတ်စ်ကား တွေကတော့ သတ်မှတ်ထားတဲ့ အမြန်နူန်းထက်ပို မမောင်း ဘူးလို.ပြောပါတယ်။ အရင်တုန်းကနဲ. ယှဉ်ရင် ကားတွေက ပိုကောင်းပြီး၊  ဖြေးဖြေး ငြိမ့်ငြိမ့်လေး မောင်းနေသလိုခံစားရတယ်။ ဒါပေမယ့်လည်း အဲဒီ အမြန်လမ်းက  ခဏခဏ ယှဉ်တိုက်မူ သတင်းတွေ ကြားနေရတာပဲလေ။ 


 ဟောဒီ TV အသေးလေးနဲ. နောက်ဆုံးပေါ် Hollywood movie တွေ ကြည့်လို.ရတယ်။ မြန်မာ စာတန်းတောင်ပါလိုက်သေးတယ်။ နောက်ပြီး သီချင်းလဲ နားထောင်လို.ရတယ်။ Angry Bird game တောင် ဆော့လို.ရသေးတယ်။

Wednesday, November 19, 2014

1

Singapore to Yangon 2013


2013-Jun-19 ရက်နေ. စင်ကာပူကနေ ရန်ကုန် ကို ၁၀ရက် ပြန်ခဲ့တယ်။ ဒီတခါ ပြန်တဲ့ ရည်ရွယ်ချက်က ခါတိုင်းလို  လျှောက်လည်ဖို.မဟုတ်ပဲ တဦးတည်းသော တူမလေးကို မြင်ဖူးချင် တာနဲ. IELTS exam ကို မန္တလေးမှာ ဖြေဖို. ပါ။ IELTS က မြန်မာပြည်မှာ ဖြေရင် စာမေးပွဲကြေးက စင်ကာပူကထက် ထက်ဝတ်နီးပါးလောက် ဈေးပေါပြီး အမှတ်ပေးတာလဲ နည်းနည်း ရက်ရောတယ်လို. ပြောကြလို.။ ဒါကြောင့်မို. ဒီတခါ ပြန်တာ ခါတိုင်းလို ဓါတ်ပုံ အများကြီး မရိုက်ဖြစ်ဘူး။ စာမေးပွဲ Stress ကြောင့် ဓါတ်ပုံ ရိုက်ချင်စိတ်လဲ မရှိဘူး။ ဒါပေမယ့် လဲ ဓါတ်ပုံ မရိုက်ရင် မနေနိုင်သူဆိုတော့လဲ။ :)


ရန်ကုန်ကို နေ.လည် မိုးရွာနေတုန်းရောက်ပါတယ်။ လေဆိပ်အပြင်မှာ Taxi ဆရာမှတ်ပြီး ဈေးပြောပြီး  Luggage ထည့်ပေးလိုက်တာ ဘယ်မဟုတ်မလဲ သူက လက်ဖတ်ရည်ဖိုးတောင်းတယ်။ Luggage က တလုံးပဲ ပါတော့ ကိုယ်ဖာသာ ဆွဲလဲရတာပဲလေ။ အဲ့ဒါနဲ. "Taxi ဆရာ ဆီက လက်ဖတ်ရည်ဖိုးတောင်းလိုက်" လို.ပြောလိုက်တယ်။ အဲ.လူက မကျေနပ်စွာနဲ. ပွစိ ပွစိ ပြောပြီးကျန်ခဲ့တယ်။ Taxi က  ၅၀၀၀ကျပ်လောက် ပဲ ပေးရမယ့်  ခရီးကို ဈေးမဆစ်ပဲ ၈၀၀၀ ပေးပြီး စီးခဲ့တာဆိုတော့ Taxi ဆရာက အဲ့လူကို လက်ဖတ်ရည်ဖိုးပေးပေါ့။ ဟုတ်တယ်မလား?  နိုင်ငံခြားက ပြန်လာတဲ့သူတွေကို ငွေထုတ်ပိုက်ပြီး ပြန်လာကျတယ်များ အောင့်မေ့နေကြလား မသိဘူး။ မြန်မာပြည်မှာ လုပ်ကိုင်စားသောက်ရတာ ခက်ခဲတာတော့ နားလည်ပါတယ်။ ဒါပေမယ့် ဒါမျိုး အလုပ်တွေကိုတော့ ကျွန်တော်အားမပေးဘူး။ စေတနာရှိရင် ပေးလိမ့်မယ်ပေါ့။ 

ShareThis