Thursday, November 4, 2010

Mandalay Mala dish (မာလာဟင်း)


This is my all time favourite Mandalay food. Very spicy and very delicious. Last time it is only popular among chinese people in Mandalay but nowadays it became popular among local Burmese.

This Mala dish is one of the stall from Night Market near Yadanar Bon Zay.

For those who interested recipe, following is my very old post published on 25-Dec-2008 (written in Burmese)



 


ကဲ ဒီတခေါက် ဒီဇင်ဘာလ နှစ်ကုန် အထူးအစီအစဉ် အနေဖြင့် မန္တလေးမြို.ရဲ. နာမည်ကြီး အစားအစာ တခု ဖြစ်တဲ့ မာလာဟင်း ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ဟင်းချက်နည်းအား မန္တလေး သို. ကျွန်တော်ကိုယ်တိုင်ဖုန်းဆက်ပြီး မေးမြန်းထားတာဖြစ်ပါတယ်။

မာလာဟင်းကို မန္တလေးမြို.တွင် ညနေပိုင်း အကင်ဆိုင်၊ဘီယာဆိုင် တိုင်းလိုလိုမှာ မှာယူသုံးဆောင်နိုင်ပြီး။ လူမျိုးမရွှေး စာသုံးနိုင်သော သားသတ်လွတ် အစားအသောက်တမျိုးပါ။

ပါဝင်သောပစ္စည်းများ
- မာလာ ခေါက်ဆွဲခြောက်
- မာလာ ဟင်းအနှစ် (Ready made အထုတ်)
- ပဲလိပ် ခြောက်
- ကြာစွယ်(ပါးပါးလှီး) ၊ ကန်ဇွန်းရွက်၊ ကိုက်လန်ရွက်၊ အာလူး (အပြားလိုက်လှီး)၊မုန်လာဥနီ (ပါးပါးလှီး)၊မုန်ညင်းဖြူ၊ ပြောင်းဖူးအသေး [မိမိ မကြိုက်သော အသီးအရွက်များမထည့်ပါနှင့်]
- မိုခြောက်(ကျောက်ပွင့်) ၊ ပန်းခြောက်
- ပဲပြား (အတုံးလိုက်လှီးပါ)
- ကြက်သွန်ဖြူ ဆီကျက်
- နှမ်း အနည်းငယ်

ချက်နည်း
- ရေးနွေး ဆူလျှင် မာလာခေါက်ဆွဲခြောက်ကို ပြုတ်ပါ။
- ခေါက်ဆွဲကျက်လျှင် ဆယ်ထားပြီး။ ထိုရေးနွေးဖြင့် အသီးအရွက်များ၊ မိုခြောက်၊ ပန်းခြောက်၊ ပဲလိပ် ခြောက် နှင့်ပဲပြား တို.ကို ထည့် ပြုတ်ပါ။ (မနူးလွယ်သော အရာများ အရင်ထည့်ပြုတ်ပါ)
- အသီးအရွက်များကျက်ရင် ဇလုံ အကြီးတခုဖြင့် ပြုတ်ပြီးသား မာလာခေါက်ဆွဲ၊ အသီးအရွက်များ၊ မိုခြောက်၊ ပန်းခြောက်၊ ပဲလိပ် ခြောက် နှင့်ပဲပြား များကို ရောထည့်ပါ။
- မာလာဟင်းအနှစ်၊ ဆား၊ ကြက်သားမူန်. (အချိုမူန်.)၊ငံပြာရည် ၊ ကြက်သွန်ဖြူ ဆီကျက်၊ နှမ်း ထည့်ပြီး သမအောင်မွှေ ပါ။
- အစပ်၊ အငန်၊ အချို အနေတော် ဖြစ်သည်အထိ အဆာပလာ များကို ချိန်ဆ၍ထည့် သုတ်ပါ။

သုံးဆောင်နိုင်ပါပြီ။
Facebook comments

4 comments:

:P said...

ပုံကြည့်ရတာ စပ်လိုက်ထှာ

့်Home Sweet Home said...

ုko Tun Tun

i like your photos about the mandalay,let me take a link with your blog....:)

Thanks,

Anonymous said...

ခက်တာက မာလာခေါက်ဆွဲဆိုတာဘာလဲကိုမသိတာပဲ :D

Anonymous said...

probably, mala noodle will be known as "glass noodle".
before cooking, it is normally transparent.

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...