![]() |
ရှမ်းထမင်းချဉ် |
![]() |
မိုပေါင်း |
![]() |
မူန်ညှင်းပေါင်း |
![]() |
သဘောင်္သီးထောင်း |
ဒွီးဒွီး ငါးဖယ်ကင် |
သဘောင်္သီးသုတ် က စပ်လွန်းအားကြီးလို. ရေခဲရေတောင် မနိုင်တာနဲ. ပိုက်ဆံအမြန်ရှင်းပြီး ချိုချဉ် အအန်း ယူပြီးစားလိုက်မှ နေသာထိုင်သာရှိသွားတယ်.။ Bangkok နဲ. Phuket မှာ စားခဲ့တဲ့ သဘောင်္သီးထောင်းထက်ပိုစားကောင်းပါတယ်။
နေရာကတော့ မန္တလေး နန်းရှေ. ရေစစ်ကန်နားကပါ။ နေလည့်ကနေ ညနေထိပဲ ဖွင့်တယ်ထင်ပါတယ်။ ဆိုင်ပုံလေး ကိုဓါတ်ပုံရိုက် လာတယ်ထင်တာပဲ ဒါပေ့မယ့် ဘယ်လို.မှရှာမတွေ.လို. ဒီလောက်နဲ.ပဲကျေနပ်ကြပါတော့.။
၁- သဘောင်္သီးထောင်; ၂ပွဲ
၂- မိုပေါင်း ၁ပွဲ
၃- မူန်ညှင်းပေါင်း ၁ပွဲ
၎- ရှမ်းထမင်းချဉ် ၂ပွဲ
၅- ဒွီးဒွီး ငါးဖယ်ကင် ၁ပွဲ
၆-ေ၇သန်. ၃ပုလင်း
--------------------
၇၆၀၀ ကျပ် ဈေးသင့်ပါတယ်။ ကိုင်တိုင်လုပ်စားရင်လဲ အင်မတန်မှဇယားရူပ်လှတဲ့ အစားအသောက်တွေပါ။း)
မန္တလေးရောက်ရင်သွားစားကြပါဦး။ ဒါနဲ. အဲ့ဆိုင်နဲ. ကျွန်တော်နဲ. ဘာအမျိုးမှ မတော်ပါဘူး။း)
Location - Win Sabai Shan food stall, Mandalay
Date Taken : 29-Aug-2010
Camera : Canon 550D
Lens : Tamron 18-270mm
ဒီတစ်ခေါက်ပြန်ရင် စားရမယ့်အစားသောက်စာရင်းထဲထည့်လိုက်ပြီ.....:)
ReplyDeleteဆိုင်နံမည်က ပြောင်းသွားတာထင်တယ်နော်။ အရင်တုန်းကတော့ ဆိုင်နာမည်က ၀င်းစံပယ်။
ReplyDeleteThank anonymous for the name correction. It is still Win Sabai.
ReplyDeleteTun Tun
ရေစစ်ကန်ဘေးက "၀င်းစံပယ်" အရမ်းစားလို့ကောင်းတဲ့ဆိုင်ပေါ့။ လွမ်းလိုက်တာ .. ပုံတွေကြည့်ရင်း သွားရည် ကျလာတယ် .. အဟုတ် ..။ :))
ReplyDeleteWhen I studied in Mandalay, I and my friends always go there. Miss the golden days :(
ReplyDeleteဝင်းစံပယ် ဆိုင်က မြို့ခံ လမ်းသိတဲ့သူ မပါရင် ရှာရနည်းနည်း ခက်ပါလိမ့်မယ်။ ကျွန်တော်တော့ ကိုထွန်း အညွှန်းကောင်းလို့ ရောက်အောင် သွားစားဖြစ်ခဲ့တယ်။
ReplyDeleteရှမ်းထမင်းချဉ်က သူ့တစ်ပွဲတည်း စားမဲ့သူအတွက်တော့ ဗိုက်တင်းနေအောင် များပါတယ်။ ပုဇွန်နဲ့ ငါးနဲ့ စသဖြင့် မှာလို့ရတယ်။ များလွန်းလို့ တခြားဟင်းတွေပါ မှာစားမဲ့ သူတွေအတွက်တော့ ၂ယောက်တစ်ပွဲဆိုရင်တောင် လောက်ပါတယ်။
အကြိုက်ဆုံးက ငါးခေါင်းမျှစ်ချဉ်ဟင်းရည်ပါ။ အရမ်းကောင်းပါတယ်။ တစ်ပွဲနဲ့တောင် သောက်ရတာ မဝချင်ပါ။
ငါးဒုက္ခကြော်က ငါးကို အကောင်လိုက် ထက်ပိုင်းချိုး အရွက်ထောင်းတမျိုး သွင်းပြီး နှီးနဲ့ပြန်ချည် ကြော်ထားတာပါ။ ကြွပ်ပြီး မွှေးလို့ တမျိုးစားကောင်းပါတယ်။
မှိုပေါင်းနဲ့ ဘဲဥကင်တို့လည်း ကောင်းတယ်။
သင်္ဘောသီးထောင်းလည်း ကောင်းပေမဲ့ ယိုးဒယား မရောက်ဖူးသေးတော့ ကိုထွန်းစကားကို မထောက်ခံရဲပါ။ :P
ဒွီဒွီငါးဖယ်ကင် စားချင်တာ စနေ တနင်္ဂနွေပဲ ရတယ်ဆိုလို့ လက်လျှော့လိုက်ရတယ်။ တချို့ဟင်းတွေက အဲလိုရှိတတ်ပါတယ်
တောင်ငူသား
Hi တောင်ငူသား,
ReplyDeleteThank for your contribution.Ya, their food portion are quite big. But it is great for Big eater like me. :D
Tun Tun
အခွင့်သင့်ရင်တော့သွားကိုစားပစ်လိုက်ဦးမယ် ကိုထွန်းထွန်းရေ။
ReplyDeleteဆိုင်နေရာလေးပြောပြလို့ရမလားရှင်..။ ဒီတစ်ခေါက်ပြန်ရင်သွားစားချင်လို့ပါ..။
ReplyDeleteမန်းတလေး နန်းရှေ. ရေစစ်ကန်ကို အရင် သွားလိုက်ပါ၊ အဲ့နားရောက်ရင် မေးသွားရင် ရပါတယ်။ ရန်ကုန်မှာ လဲ အဲ့ဒါမျိုးတဆိုင် တွေ.ထားတယ်။ ဂျပန်သံရုံး အနောက် ကပ်လျပ် က ဒေါ်ရှန် မိုးကုတ် စားသောက်ဆိုင် ပါ။ အဲ့ဆိုင်ကိုလဲ ဓါတ်ပုံရိုက်ခဲ့တယ်။ နောက် အားရင် တင်မယ်။
ReplyDeleteဝင်းစံပယ် စားချင်လိုက်တာ..
ReplyDelete