မန္တလေး ဘူတာကြီးနား က မြင့်မြင်ခင် ထိုးမုန်.ဆိုင်ပါ။ အဲ့ဆိုင်က အမြဲတမ်း စည်ကားနေတာပဲ။ လူတွေကလဲ ထိုးမုန်.ဆို မြင့်မြင့်ခင်မှ ကို ဖြစ်နေတာ။ သူများလက်ဆောင်ပေးရင် မြင့်မြင့်ခင် ဆို တနိုင်ငံလုံးသိတယ်။ တခြား တံဆိပ် ဆို အပေါစားဝယ်ပေးတယ် ထင်မှာ ဆိုးလို. အဲမှာပဲ ၀ယ်ပြီး လက်ဆောင်ပေးကြတယ် ထင်ပါတယ်။
ကျွန်တော့ အနေနဲ.က တော့ တခြား သူလောက် စားကောင်းတဲ့ ထိုးမုန်. ဆိုင်တွေလဲ အများကြီး ပါ။ သူက ကြော်ငြာ အားကောင်းလို.ထင်ပါတယ်။
ဈေးချိုက ၀ယ်တိုင်း ဘယ်လောက်ဝယ်ဝယ် အပိုထည့်ပေးတဲ့ ရွေနှင်းဆီ ရဲ. ထိုးမုန်.က သူ.ထက်ပိုကောင်းတယ် ထင်ပါတယ် ။း)
မန္တလေးက သူတွေကတော့ သိမှာပါ။ နယ်ကသူတွေက တော့ ကြော်ငြာထဲမြင်တာပဲ အကောင်းထင် မှာပါပဲ။
အနီရောင် အထုပ်နဲ.ဟာက မန္တလေး လမုန်. ဆေးသကြားနဲ. လုပ်ထားတာ အရမ်းချိုတယ်။ တချို.လဲ အရမ်းကြိုက်တယ်။ ကလေးတွေ သွားပိုးစား အောင် စားတယ်။ ကျွန်တော်ကတော့ သိပ်မကြိုက်ဘူး။ ကိုယ့်ပိုက်ဆံနဲ.တော့ ၀ယ်မစားဘူး။ အလကား ကျွေးရင်တော့ ကျွေးတဲ့သူ ဒါနမြောက်သွားအောင် စားပေးပါတယ်။
မြင့်မြင့်ခင်မှာ ထိုးမုန်. အမျိုးအမည် တွေက တော်တော်စုံပါတယ်။ ဘာတဲ့ ချောကလက်ထိုးမုန်. ဆိုလား၊ သီးစုံ ထိုးမုန်.ဆိုလား၊ မလိုင်ထိုးမုန်.၊ အုန်းကြော်ထိုးမုန်. စသဖြင့်။ ဆနွင်းမကင်းဆိုလဲ ရွေကြည်၊ အာလူး၊ မုန်လာဥနီ (ခါကြက်ဥ)၊ ငှက်ပျော စသဖြင့်။ နောက်ပြီး အနီရောင်၊ အ၀ါရောင်၊ အစိမ်းရောင် ကာလာအစုံနဲ. "မာစကတ်" ဆိုတာလဲ ရှိသေးတယ်။
၂ ဘူး လား ၄ဘူး လားဝယ်ရင် ကိုယ်ကြိုက် တဲ့ဟာ အဆစ် ထည့်ပေးတယ်။
မြင့်မြင်ခင် ဆိုင်မှာ အမြည်းကတော့ အရမ်းကို ရက်ရောတယ်။ မုန်.အစုံ ပန်းကန်နဲ. ထည့်ထားတာ ကြိုက်သလောက်လား။ တခါတလေ ၀ယ်တာတဗူးြ မည်းတာ လေး ငါး မျိုး (၁၀ သားလောက်)။ နင် ရင် ရေ သောက်လိုက်ဦး။ ကလေး တွေ အများကြီးမွေးထားရင် တမိသားစု လုံးသွား မြည်း တန်တယ်။း)
မြန်မာတွေ တင်မကပါဘူး၊ နိုင်ငံခြားသားတွေပါ ၀င်မြည်း အဲလေ ၀င်ဝယ်ကြပါတယ်။
ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့ မလိုင်ကရေကယာ ၀ယ်လာတယ်။ အခုထိလဲ စားလို.ကောင်းတုန်းပါပဲ။ ကေ၇ကယာ ဘာမှန်းမသိတဲ့သူတွေ အတွက် အသေးစိတ် မှတ်တမ်းတင်လာခဲ့ပါတယ်။
ကရေကယာ လုပ်ရတာ တော်တော်လက်ဝင်ပုံရပါတယ်။ မလိုင်၊ အုန်းယို၊ အုန်းသီးမူန်. အထပ်လိုက်အထပ်လိုက် လုပ်တားတာ။ စားရတာ အရမ်းလည်း အီပါတယ်။း)
Camera - Canon550D + Tamron 18-270mm
8 comments:
ပုံတွေကောင်းလိုက်တာ အတိုခံရတော့မှာဘဲ။ ဒါကြောင့်ဒီက လက်လျှော့ရိုက်ထားတာ။
ပထမဆုံးပုံအကြိုက်ဆုံးထင်တာဘဲ။
ထိုးမုန့်တွေ ဒီလောက်များတာ တခါမှ စုံအောင် မစားဖူးဘူး၊ အောက်ဆုံးက ကရေကရာ ပုံတွေ လှတယ်၊ မြင်တာနဲ့ စားချင်စရာပါပဲ..။
ချောကလက် ထိုးမုန့် တဲ့ ထွင်တာကလဲ။ အရသာ ရှိမယ့်ပုံတော့မပေါ်ဝူး :(
"ကရေကရာ ရွှေညာက မုန့်မျိုး ပေါက်ပေါက်ကယ် ချိုပါလှ အုန်းယိုကတိုး"
တဲ့ဗျ။ စာဆိုရှိပါတယ်
ကျွန်တော့်တို့ ငယ်ငယ်ကတော့ လှကလေးစိန်၊ မော်မော်စန်း တို့က နာမည်ကြီးပါတယ်
ကြော်ငြာတစ်ခုရဲ့ ပေါက်သွားတဲ့ အကျိုးကျေးဇူးမှာ မြင့်မြင့်ခင်က လက်တွေ့ပါပဲ။ ကျွန်တော်ကိုယ်တိုင်လဲ မြင့်မြင့်ခင်ဆိုင်ကပဲ အားရပါးရ ဝယ်ခဲ့တာပါ။ ဟိုဟာလေးလဲ ဝယ်ချင် ဒီဟာလေးကလဲ စားချင်စရာ ဟိုးဖက်ကဟာလဲ ဆွဲဆောင်နဲ့ အားလုံး သွားရည်ယိုစရာတွေ ချည်းပါပဲ။
ပြောရင်း ကြည့်ရင်းနဲ့ စားချင်စိတ်တွေ တဖွားဖွား ပေါ်လာပြီ။
ဒါနဲ့ ကိုထွန်း အညွှန်းကောင်းလို့ ဝင်းစံပယ်ကို ရအောင်ရှာပြီး စားဖြစ်ခဲ့တယ်။ နောက်လူတွေ သိရအောင် သူ့ပုံအောက်မှာပဲ သွားရေးလိုက်တော့မယ်။
တောင်ငူသား
After looking your great photos, wanna visit there again just to enjoy all those food:)
ဂျယ်လီပူတင်း၊ အာလူးဆနွင်းမကင်း မန်းလေး စတိုင်ကြိုက်၏
မှတ်ချက်- ဆိုင်မှာအမြည်းကျွေးတာကြိုက်၏ ၀ယ်လာပြီးအိမ်ရောက်မှ စားလျင် မကောင်းတော့ဟုအမြဲထင်၏ ဆိုင်တိုင်းလည်းအမြည်းကျွေး၏
မန်းလေးရဲ့ ချစ်စရာ ဓလေ့တစ်ခု
သိပ်မချိုတဲ့ ပဲလမုန့်ပေါ်နေပြီလေ မသိဘူးလား
အရမ်းကောင်းတယ်
အားလုံးက အကြိုက်တွေချည်းပဲ။
ဆနွင်းမကင်းကတော့ ဘယ်တော့မှ ရိုးသွားမယ် မဟုတ်တဲ့ အကြိုက်ပေါ့။
Post a Comment