ကျွန်တော် အဲ့မုန်.ကို ဂျလေဘီ လို. ခေါ်တယ်။ မှန် လားတော့ မသိဘူး။ အဲ့ကုလားဆိုင် က ကူဖီး မလိုင် ရေခဲချောင်း အရမ်း ကောင်းတာပဲ ဆိုလို. ခဏ ၀င်ရပ်လိုက်တယ်။ ရေခဲချောင်း ၂ ချောင်းဝယ်တယ်။ ကြားထဲ အဲ့ ဂျလေဘီ ပါ အဆစ် ထပ်ဝယ်လာခဲ့တယ်။
ဆိုင်က ရန်ကြီးအောင် ဂုံးကျော် တံတားပေါ်က အဆင်း ၃၅ လမ်း နဲ. ၇၈ လမ်းထောင့် နားက ပါ။ ဘေးမှာ အမည်မမှတ်မိသော ဟိုတယ်ကြီးရှိတယ်။ ခဏခဏ မော်တော်ပီကေ တွေ စောင့် ဖမ်းတဲ့ နေရာပေါ့။ ဆင်းဝယ်ရမှာတောင် ခက်လန်.လန်.။ ကူဖီး မလိုင် ရေခဲချောင်း အရမ်းစားကောင်းပါတယ်။ မလိုင်တွေ အလိတ်လိုက် အာဟာရပြည့်လွန်းလို. လူတောင် နည်းနည်း မိုက်ခနဲ. ဖြစ်သွားတယ်။
အထင်ကရ နေ.တိုင်း ဖြတ်ခဲ့တဲ့ ရန်ကြီးအောင် ဂုံးကျော်တံတားပါ။ ကြော်ငြာ ဆိုင်းဘုတ်တွေ. အပြည့်ပါပဲ။ မှတ်မိသေးတယ် အဲ့ဂံုးကျော်တံတား ဖွင့်ပွဲတုန်းက ကိုယ်တိုင်တက်ရောက် ခဲ့တာ မြန်မာအသံ သတင်းထဲ တောင် ပါသွားသလားလို.။း)