ကျွန်တော် အဲ့မုန်.ကို ဂျလေဘီ လို. ခေါ်တယ်။ မှန် လားတော့ မသိဘူး။ အဲ့ကုလားဆိုင် က ကူဖီး မလိုင် ရေခဲချောင်း အရမ်း ကောင်းတာပဲ ဆိုလို. ခဏ ၀င်ရပ်လိုက်တယ်။ ရေခဲချောင်း ၂ ချောင်းဝယ်တယ်။ ကြားထဲ အဲ့ ဂျလေဘီ ပါ အဆစ် ထပ်ဝယ်လာခဲ့တယ်။
ဆိုင်က ရန်ကြီးအောင် ဂုံးကျော် တံတားပေါ်က အဆင်း ၃၅ လမ်း နဲ. ၇၈ လမ်းထောင့် နားက ပါ။ ဘေးမှာ အမည်မမှတ်မိသော ဟိုတယ်ကြီးရှိတယ်။ ခဏခဏ မော်တော်ပီကေ တွေ စောင့် ဖမ်းတဲ့ နေရာပေါ့။ ဆင်းဝယ်ရမှာတောင် ခက်လန်.လန်.။ ကူဖီး မလိုင် ရေခဲချောင်း အရမ်းစားကောင်းပါတယ်။ မလိုင်တွေ အလိတ်လိုက် အာဟာရပြည့်လွန်းလို. လူတောင် နည်းနည်း မိုက်ခနဲ. ဖြစ်သွားတယ်။
အထင်ကရ နေ.တိုင်း ဖြတ်ခဲ့တဲ့ ရန်ကြီးအောင် ဂုံးကျော်တံတားပါ။ ကြော်ငြာ ဆိုင်းဘုတ်တွေ. အပြည့်ပါပဲ။ မှတ်မိသေးတယ် အဲ့ဂံုးကျော်တံတား ဖွင့်ပွဲတုန်းက ကိုယ်တိုင်တက်ရောက် ခဲ့တာ မြန်မာအသံ သတင်းထဲ တောင် ပါသွားသလားလို.။း)
ဒါက ခုန ကုလားမုန်.ဆိုင် က အထွက် ၃၅ လမ်းပေါ်က ပရိဘောဂ တန်းပါ။ တရက်ကွက် လုံး ပရိဘောဂ လုပ်ငန်း လုပ်ကြလို.။ ရှေ.က လမ်းကြား ၇၇ သု.ိမဟုတ် ၇၆ လမ်း ထဲ ၀င်လိုက်ရင် ရတနာပုံ ဈေး နဲ. ရတနာပုံ ညဈေး တွေ ရှိတယ်။
ကျေးဇူးရှင် ပုံ ပါတင်ပေးလိုက်ပါတယ်။ အောက် က ကြောင်က တောင် မျက်စ ပစ် နေပြီ။း)
ဂျလေဘီကြိုက်တယ်ဗျို.
ReplyDeleteအကို ဂျလေဘီလို့ထင်နေတဲ့မုန့်က လဒူလ် လို့ခေါ်တယ်။ ဂျလေဘီက မုန့်အချို အခွေလေး။
ReplyDeletehttp://en.wikipedia.org/wiki/Jalebi ဒီမှာ မုန့်ပုံသွားကြည့်လိုရတယ်။ ဆရာလုပ်တာ မဟုတ်ပါဘူးနော်။
JJ
Hi JJ,
ReplyDeleteဟုတ်ကဲ့ အခုမှပဲ ဂျလေဘီ ဆိုတာ ဘာကိုခေါ်မှန်းသိတော့တယ်။ ကျေးဇူး။
ခလေးက ချစ်စရာလေး
ReplyDeleteကြောင်လေးလဲ ချစ်ဖို့ကောင်းတယ်
သန့်နေတာဘဲ
ရှိသေးရင် တင်ပါဦး
ကြောင်ပုံလေး
ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ..
ReplyDeleteဂျလေဘီ ဆိုတာအနီရောင် လုံးရှည်လေးတွေကိုခေါ်တာ မဟုတ်ဘူးလားဟင် ငုံးဥထက်သေးတယ်လေ
ReplyDelete