ဒညင်းသီး လက်ဖတ်သုပ်။ |
မန္တလေး ဘူတာကြီးက ရီမွန် လက်ဖက်ဆိုင်ပါ။ မန္တလေးမှာ အင်မတန်နာမည်ကြီး ၊ ဈေးလဲ ကြီး ပါတယ်။ စားလို.လဲ အရမ်းကောင်းပါတယ်။ အရောင်းဝန်ထမ်း ကောင်မလေး တွေလဲ အရမ်းကို ရက်ရောပါတယ်။
လက်ဖက်တင် မက အခြား မြန်မာအစား သောက် အကုန်ရောင်းတယ်။ ငရုတ်သီးကြော်၊ ဗာလချောင်ကြော် မြည်းကြည့်ရင်း ကောင်းလို.၀ယ်ခဲ့တယ်။ သက်သက်လွတ် အခြောက် အခြမ်း အကြော်တွေလဲ ရှိတယ်။ မုန်.တွေလဲ အစုံရှိတယ်။
ဒညင်းသီး လက်ဖတ် ၂၅သား။ ရူးရှဲ လက်ဖတ် ၁ ပိသာ နဲ. ပဲကြော် ၁ ပိသာ ၀ယ်ခဲ့တယ်။ စင်ကာပူမှာ စားဖို.ပါ။ လောဘကြီး သွားမှန်း နောက်မှ အမြင်မှန်ရ သွားလို. ရန်ကုန်မှာ ၂၅ သားလောက် ချန်ပေးခဲ့တယ်။
၁ သောင်းကျော်ဖိုး ၀ယ်လို. စိတ်ကြိုက် လက်ဖတ် အသေးလေး ၁ထုတ် နဲ. အဲ့ဒညင်းသီး အိုးထဲက ကြိုက်တာ ၄ လုံး နိုက်စေ တဲ့။ မစားရတာ ကြာလို.လားမသိ။ ဒညင်းသီးက ချိုချို နုနုလေး အရမ်းကို စားလို.ကောင်းပါတယ်။
ဆိုင်မှာ တင် တလုံး ။ဆိုင်ကယ် နောက်မှာ ဇိမ်နဲ. ထိုင်ရင်: ၂လုံး စား၊ ဆိုင်ကယ်မောင်းတဲ့ သူ ပါးစပ် ထဲ နောက် ကနေ တလုံး ပစ်ထည့်ပေးလိုက်တယ်။ သူက မန္တလေးမှာ အမြဲနေတဲ့သူပဲ တလုံးစားရရင် တော်ေ၇ာပေါ့။း)
အရီးတောင် လက်ဖက်ဆိုင်လဲ သွားသေးတယ်။ ပုံတွေ ဘယ်လိုမှ ပြန်ရှာမရတော့လို.။ ဒီ တဆိုင် ပဲ တင်လိုက်ပါတယ်။
အကြိုက်တွေ ဘဲဗျာ...........
ReplyDeleteဒီတစ်ခေါက်များများသယ်ခဲ့ပေါ့
ဒညင်းသီးတွေ စားချင်လိုက်တာ။ စလုံးမှာတုံးက စားရတယ်။ ခုတော့ ငတ်ပြီ။ အကြော်လေးတွေ ကောင်းလိုက်တာ။ စလုံးမှာ အဲလောက် လတ်လတ်ဆတ်ဆတ်မရဘူး။
ReplyDelete