Friday, July 15, 2011

မန္တလေး သက်သက်လွတ် တိုးဖူးနွေး ၊ တိုးဖူးကြော် ၊ ခေါပုတ်


မန္တလေး မှာ စားဖူးသမျှထဲမှာ ဒီဆိုင်က တိုးဖူးနွေးလောက် ဘယ်ဆိုင်မှ စားမကောင်းဘူး။ ဘယ်အချိန်ပဲ သွားစားစား ဒီအရသာပဲ။  တိုဖူးနွေး ၁ပွဲ ၂၅ကျပ် ခေတ် ကတည်းက အဲ့ဆိုင်မှာ စားလာတယ်။ အခု ၇၀၀၊၈၀၀ ကျပ် ဖြစ်တဲ့ထိဆိုပါတော့။  ကြုံကြုံ မကြုံကြုံ သွားစားတယ်။ အိမ်နဲ. တော့ သိပ်မဝေးပါဘူး။ ဆိုင်ကယ် ၅မိနစ်စီး ရင်ရောက်တယ်။ မန္တလေး ကလူတွေကတော့ သိမှာပါ။ ဆိုင်က မင်္ဂလာဈေး မရောက် ခင်  ၇၂ လမ်း ၃၂x၃၃ လမ်းကြားလောက်ကျမယ်ထင်တယ်။ အရင်က အဲနားကို ပုဏ္ကားတန်းလို. ခေါ်တယ် ပုဏ္ကား တွေပေါလို.။ အခု တော့ မြန်မာတွေ တရုတ်တွေ ပေါလာပါပြီ။   ဒီတခေါက်ပြန်တော့ ဆိုင်က တိုးချဲ.ထားတယ် စင်ကာပူ အခေါ် Bubble Tea၊ မြန်မာအခေါ် နှင်းပုလဲ  အဲဒါတွေ ပါရောင်းနေပြီ။

ဆိုင်နေရာ က ချောင် ကျတယ်ဆိုပေမယ့် စားတဲ့သူတွေ ပေါပါတယ်။ မနက် ကနေ ညနေထိ ရောင်းတယ်။
စားနေကျကတော့ တိုးဖူးနွေး၊ တိုးဖူးသုတ်၊ ရှမ်း ဒါမှမဟုတ် အစီး အရည်ဖျော်၊ အသုတ်။ သက်သက်လွတ် ဆိုင် ဖြစ်လို. အသားစားသိပ်မစားတဲ့ ကျွန်တော့ အတွက် အဆင်ပြေပါတယ်။ သွားတိုင်း ၂ ပွဲစားတယ်။ ၁ ပွဲ တည်းထားရင် လည်ချောင်း လောက်ပဲရောက်တယ်။ ၂ ပွဲလောက် စားမှ ဗိုက်ထဲရောက်တယ်။  ကိုယ်နဲ. သိပ်မရင်းနှီးတဲ့ သူနဲ.သွားစားရင် တော့ ၁ပွဲနဲ. ၀ချင်အောင်ဆောင်ရတာပေါ့။း)






ဒါက အိမ်မှာ အားရပါးရ စားဖို. ခေါက်ဆွဲမထည့်ပဲ တိုးဖူးနွေး သက်သက် ၀ယ်ခဲ့တာ။ ခေါက်ဆွဲ မထည့်ရတဲ့ အကြောင်းကတော့  ခေါပုတ် နဲ. တို.စားဖို.ပါ။း)




အိမ်မှာ အခု ထိ မီးသွေး မီးဖို သုံးသေးတယ်။ အခု စာေ၇းနေရင်း သွားသတိရမိတာက အိမ်ကကြောင်လေးတွေ  ဆောင်းရာသီဆိုရင် မီးဖိုဘေးမှာ မီးလူံကြတယ်။ မီးငြိမ်းသွားရင် မီးဖိုပေါ်မှာ တက်ထိုင်ကြတယ်။  ဗိုက်ဆာရင် အော်တောင်းတယ် လုံးဝ ခိုးမစားတဲ့ ကြောင်တွေမို. အစားအသောက်တွေ စိတ်ကြိုက်ပစ်ထားလို.ရတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ဆုံးသွားတဲ့ အိမ်က ကြောင်မတစ်ကောင်ဆိုရင် ပြောင်းဖူး၊ ပဲမြစ်၊ ကန်စွန်း၊ ကိုက်လန် နဲ. ထမင်း နယ်ကျွေးရင် အသားမပါလဲ စားတယ်။ ပဲမြစ်ဆိုရင် လွင့်ပစ်ထားတဲ့ အခွံတွေပါ စားလို. သနားတာနဲ. အခွံ နွာပြီးကျွေးရတယ်။ အိမ်က ဆိုင်ကယ် ဟွန်းသံကို လုံးဝ အလွတ်ရတယ်။ ဟွန်းအရှည်ကြီး တီးလဲ သိတယ်၊ တိုတိုလေးတီးလဲ သိတယ်။ အိမ်ပေါက်ဝ မှာ ရောက် နှင့်ပြီးသွားပဲ။


သူ.ကို ဘုန်းကြီး တစ်ပါးက မွေးပါလား ဆိုပြီးအိမ်ကိုလာပေးသွားတာ နို.တောင် မပျက်သေးဘူး တကယ့် လက်တဆုတ် စာလေးပါပဲ။ အရမ်း ချစ်စရာကောင်းလို. အိမ်က လဲ ယူထားလိုက်တယ်။ အဲ့ကြောင်မ ကလေးတွေ ပေါက်တော့ လားရိုးက ဧည့်သည့် က အိမ်လာလည်ရင်း မျက်စိကျသွားတယ်၊ သူ.အိမ်မှာ ကြွက်ပေါလို. ယူသွားမယ် လုပ်တာ အိမ်က အဖေက ယူစေလို.ပြောလိုက်တော့ ကြောင်အရမ်းချစ်တဲ့ အစ်မ က "ငါအိမ့်က ကြောင်လုံးဝမပေးနိုင်ဘူး ၊ သွား ပြန်ကျတော့" ပြောလွတ်လိုက်တာ အခုထိမှတ်မိသေးတယ်။ဧည့် သည့်လဲ ရှက်ရမ်းရမ်းပြီး ကြောင်မရပဲ ပြန်သွားတယ်။း)

ကြောင်ပေါက်စလေးက  အမေပျောက်သွားလို.ပဲ ဖြစ်ဖြစ်၊ ကြောင်မကြီးက ကလေးတွေ ပျောက်သွားလို.ပဲဖြစ်ဖြစ် သူတို.တွေ က ကွဲကွာခါစဆို ရင် တရက်၊ ၂ရက်လောက် တညလုံး ငယ်သံပါအောင်  အော်ပြီး ခေါ်တက်ကြပါတယ်။ အဲ့ဒီ အသံတွေ ကြားရင် မခံစားနိုင်ဘူး။ သူတို.မှာလဲ သံယောဇဉ်ဆိုတာ ရှိတာပဲလေ။


အဲ့ကြောင်မ ကျွန်တော် ၂ တန်းလောက် က စပြီး မွေးထားတာ ၁၀ တန်း စားမေးပွဲ ဖြေခါနီး ဘာကျွေးကျွေးမစား ပဲ ခြင်းတောင်းထဲမှာပဲ ခွေနေတယ်။  သန်.ရှင်းရေးလဲမလုပ်နိုင်တော့ မျက်ချေးတွေ နှပ်ချေး တွေ တော်တော်လေး အိုစာနေပြီ။  စာမေးပွဲ ကာလမို. ဆေးခန်း သွားမပြဖြစ်လိုက်ဘူး။ ပြီးမှ သွားမယ် လုပ်တာ။ စားမေးပွဲနောက်ဆုံးရက်ထင်တာပါပဲ ဖြေ ပြီး ပြန်လာတော့ သေနေပြီ။ အသက် ၉ နှစ်မှာ လူကြီးရောဂါနဲ. ဆုံးသွား ဆိုပါတော့။ အိမ်မှာ မွေးဖူးသမျှ ကြောင်တွေ ထဲမှာ သူ အသက်အရှည်အဆုံးပဲ ကြည့်ရတာ အသီးအရွက် စားလို.ထင်တယ်။  အခု လက်ရှိ သူ.ရဲ.နောက်ဆုံးမျိုးဆက်လို. ပြောရမယ် အထီးနှစ်ကောင် ပဲ ကျန်တော့ တယ်။ ဒါပြီးရင်တော့ မျိုးပျက်ပြီ။  သေ ရင် ပျောက်ရင် စိတ်ဆင်းရဲရလို. အိမ်ကလူတွေလဲ ဒါ၂ကောင်သေရင် ဘာအကောင်မှာ မမွေးတော့ဘူး တဲ့။

Camera - Canon550D+Tamron 18-270mm
Facebook comments

4 comments:

့်Home Sweet Home said...

တို့ ဟူးနွေးကတော့ ၂၉ လမ်းက ဦးအောင်မြင့်ဆိုင်မှာစားဖြစ်တယ်။ သူတို့ ဆိုင် ၂၉ လမ်းတရုတ်တန်းဈေးဟောင်းမှာ မြန်မာစကားသိပ်နားမလည်ကတည်းက ၀ယ်စားဖြစ်တယ်။ အခုတော့သူတို့ လည်း တိုက်တွေဘာတွေနဲ့ မြန်မာလိုလည်းမွတ်သွားကြပြီ.......း)

Anonymous said...

ကျနော်ကတော့ ၁၉ လမ်းထဲကဆိုင်ကြိုက်တယ်

Anonymous said...

ကြောင်တွေ အကြောင်းဖတ်ရတာ သဘောကျတယ်။
၉ နှစ် ကြောင် ဓာတ်ပုံရှိသေးရင် တင်ပါလား။
ဟိုတခါ အိမ်ကြောင်တင်ပါဦးလို့ ပြောထားတယ်လေ။
အားရင် တင်ပေးးပါဦး

Tun Tun said...

ဟုတ်ကဲ့ ။ အဲ့ကိုးနှစ်ကြောင်က ၂၀၀၀ ခုနှစ်က သေသွားတာ။ အဲ့တုန်းက အိမ်မှာ ဖလင် ကင်မရာပဲ ရှိတယ်။ ဓါတ်ပုံတော့ ရိုက်ဖြစ်တယ်။ ဒီတစ်ခေါက်မြန်မာပြည်ပြန်မှ ရှာကြည့်ဦးမယ်။ ရှိလောက်ဥိးမယ်တော့ မထင်ဘူး။ စင်ကာပူ အိမ်နားက ကြောင်ပုံလေးတော့ အရမ်းချစ်စရာကောင်းလို. ရိုက်ထားတာအများကြိးရှိတယ်။ နောက် တော့ တင်ပါ့မယ်။

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...