လေဆိပ်ကနေ လည်း ထွက်ကော အထုတ်တွေကို ၀ိုင်းဆွဲကြတာ သယ်ပေးမယ် သယ်ပေးမယ့် စေတနာရှိသလောက်ပေးပါ၊ ကိုယ့်ကားနဲ. လိုက်ပါ၊ သူ.ကားနဲ.လိုက်ပါ၊ ပို.ပေးချင်လို.ပါ၊ စေတနာတွေပေါ့။ ကိုယ်က ၂ပတ်ပဲ ပြန်တာ အထုတ်တွေကလဲ နည်းနည်းလေးပါ။ ပါမသွားအောင် မနည်းကိုင်ထားရတယ်။
သူများပြောတာ ကြားဖူးတယ် လေဆိပ်ကနေ ထွက်လာရော အထုတ်တွေကို တစ်ယောက်က နေ တယောက်လက်ဆင့်ကမ်းပြီး သယ်သွားကြတာ။ ပိုင်ရှင်က ဘယ်သူ.ဆီပါသွားလဲ မျက်ခြေမပျက်လိုက်ကြည့်ရတယ်။ ပြီးတော့ အားလုံးက ပိုက်ဆံလာတောင်းကြတယ်။ သူလဲ သယ်ပေးရတယ်။ ကိုယ်လဲ သယ်ပေးရတယ်ပေါ့။ ရယ်ရတယ်။ ငယ်ငယ်တုန်းက အတန်းထဲမှာ ဖိနပ်ကို ဟိုဘက်ကန်လိုက် ဒီဘက်ကုန်လိုက် ဆော့ကြတာ သွားသတိရတယ်။
ကျွန်တော့် အထုတ်ကို ဆွဲလို.မရတော့ လူတွေ ဘေးကနေရပ်ကြည့်နေကြတယ်။ ကားထွက်ခါနီးကျ လက်ဖက်ရည်ဖိုး ပေးသွားပါဦးလို.ပြောသေးတယ်။ မကြားချင်ယောင် ဆောင်နေလိုက်တယ်။ အမှန်ပြန်ပြောချင်တာက ကိုယ်အထုတ်ကိုယ် သယ်လို. လက်ဖတ်ရည်ဖိုးပေးရမှာလားလို.။
အမှန်တကယ်တော့ အားလုံးက အဆင်မပြေတော့ ၀မ်းေ၇းအတွက် ဘာမှ ဂရုမစိုက်တော့ပဲ ရဲရဲတင်းတင်း လုပ်လာကြတာပေါ့။ သူတို.အပြစ်လဲ မဟုတ်ပါဘူးလေ။ ကိုယ်ကလဲ ထီပေါက်ပြီး ပြန်လာတာမှ မဟုတ်တာ။ ဖောဖောသီသီတော့ မပေးကမ်းနိုင်သေးဘူးလေ။ ဇွတ်လုပ်တဲ့သူတွေဆို ပိုတောင် မပေးချင်သေး။
အခုပြန်တာ ၂၀၁၀ သြဂတ် လပါ။ မပြန်တာ ၃နှစ်ရှိပါပြီ။ ဒါ က "ဘာပဲပြောပြော စိတ်ချရအောင် ရဲမျက်မှန်မှာ လုပ်သည်" ဆိုတဲ့ ဆိုင်။
ရန်ကုန်မြို.ကြီးလဲ ဘယ်နေ၇ာ ကြည့်လိုက်ကြည့်လိုက် ဘီယာဆိုင် အရက်ဆိုင်တွေချည်းပဲ။
ဘတ်စကားလေးတွေ နည်းနည်းသန်.လာပြီ။ တိုးတက်လာတယ်ပြောရမှာပေါ့။ Digital မီးပွိုင့် ကြီးကလဲ ဂဏန်းကြီး ကို ပြူးလို. ရန်ကုန်ကလူတွေ မျက်စိမူန်ကျတယ်ထင်တယ်။း)
မိုးရွာလာပြီ အတွဲ က ချိန်းကောင်းတုန်း။ ကြော်ငြာနဲ.ကို အံကိုက်ပဲ အအေးမိရင် Procare သောက်ပြီး ကွေးကျပေါ့။
ပြောရင်းဆိုရင်း မိုးက အရမ်းသည်းလာတယ်။ ကားမှန် ပိတ်ဖို. လက်နဲ.စမ်းလိုက်တော့ လှည့်တဲ့အတံက မရှိဘူး။ ကားကနောက်ခန်းမှ ၃ယောက်ထိုင်တာဆိုတော့ မိုးကို ဘယ်လိုမှ ရှောင်မရပါ။ ကားဆရာကို complaint တက်လိုက်တယ်။ "ဘိုလိုလုပ်ကျမလဲ မိုးတွေ ပက်တယ် ရွဲကုန်ပြီပေါ့ " ဆိုတော့ ကားဆရာက ဖွတ်ထားတဲ့ သူအတံကြီး ထုပ်ပေးတယ်။ ရော့ ကိုယ်ဖာသာ လှည့်တဲ့။း) emergency ဖြစ်နေတော့ ဘယ်လိုမှ လှည့်မရပါ။ အတံနဲ. ခဏခဏ လှည့်နေတော့ ၀က်အူက အရစ်ပြုန်းနေပြီလေ။ ကားဆရာ အင်မတန် သဘောကောင်းပါတယ်။ ကားလမ်းဘေးခဏရပ် ပြီး သူကိုယ်တိုင် အပြင်ကနေ လက်ထည့်ပြီး လှည့်ပေးတယ်။ သူလဲ မိုးတွေရွဲကုန်ပြီ။ ကိုယ်လဲရွဲကုန်ပြီ။
မြန်မာပြည်က Taxi ဆရာတွေ ဘယ်လောက် အားကိုးရသလဲ။ စင်ကာပူက Taxi ဆရာဆို ကားပေါ့က ကန်ချမှာ သူ.ကားရေစိုဆိုတယ် ဆိုပြီး။ မမြင်ကတ်လို. စင်ကာပူမှာ Taxi မကြီးတာ ကြာပြီ။ တခါက အမေးခံရသေးတယ်။ မင်းတို. ဘာလို. စင်ကာပူမှာ တအားအလုပ်လုပ်ချင်ကြတာလဲ လို. လေသံမာမာနဲ. မေးတယ်။ ပြန်ပြောလိုက်ချင်တာ "မင်းတို. စင်ကာပူကလူတွေ သောက်သုံးမကျ၊ သောက်ပျင်းထူလို. အပြင်ကလူတွေ ၀င်လာတာလို." ၊ အော် ရန်ကုန်ကနေ ဘာလို. စင်ကာပူအကြောင်းေ၇ာက်သွားရတာလဲ။
အိမ်ရောက်ပါပြီ။ ကားဆရာ ပစ္စည်းတွေ ကူချပေးပါတယ်။ အောက်ကပုံက အိမ်ပေါ်တတ်ပြီး ၀ရန်တာကနေရိုက်ထားတာ။ အဲ့ဒါ ရန်ကုန်ဘယ်နေရာလဲ သိလား?း)
Camera - Canon550D+Tamron18-270mm
7 comments:
ရင်တွင်းဖြစ်တွေဖတ်သွားတယ်ဗျာ...
အိမ်ပြန်ခရီးတိုင်းပျော်ရွှင်မှုတွေ အပြည့်အ၀ခံစားနိုင်ပါစေ။
ကျိုက္ကဆံမှာလေ
ဟုတ်တယ်မလား အဖြေမှန်တယ်ဟုတ် ဟီးဟီး
တော်လိုက်တာ ရန်ကုန်မှာ Taxi မောင်းတာထင်တယ်။ နောက်တာနော်း)
မီးပွိုင့်ကတော့ ဂွတ်တလစ်မီးပွိုင့်ပဲ..။ အောက်ဆုံးပုံကတော့ ကျိုက်ကဆံ ဘယ်နားလဲ။
ကျိုက်ကဆံလမ်းမ သတိပဌာန်လမ်း ထိပ် သိလား ကိုရေမွန် ကျော်မင်းနိုင်း)
ရန်ကုန်မှာ taxi မမောင်းရပါဘူးအေ.. ရှေ.ကပို.စ်မှာ ကျိုက္ကဆံလို.ပါပြိးသားပဲ
ဟားဟား
Post a Comment