ဘုရား ရင်ပြင်တော်ရောက်ပါပြီ။ နိုင်ငံခြားသားဆိုရင် ၀င်ကြေး ဒေါ်လာ ၆ ကျပ် ပေးရတယ်။ ကိုယ်က မြန်မာဆိုတော့ မပေးရဘူး။ ဒါတောင် ကင်မရာကြီး တွေ.လို.ထင်တယ် "သွားသွား ဟိုမှာ ဂျပန်ဂျပန် တဲ့" မိန်းမတစ်ယောက်က ထအော်သည်၊ နောက် "6 dolloar" ဆိုပြီးလာပြောနေလို. "ကျုပ် မြန်မာပါလို." ပြောလိုက်ရသေးတယ်။ သွားသတိရမိတယ် မြန်မာတော်လှန်ရေးကားထဲက "ရွာထဲ ဂျပန်ဝင်လာပြီ ပြေးကြဟေ့" ဆိုတာကို။း) မိုးရွာနေတော့ လာတဲ့ သူသိပ်မရှိတာနဲ. ကိုယ့်ကို ကွတ်ကွတ်ကွင်းကွင်း သတိထားမိတာဖြစ်ပါလိမ့်မယ်။
အိမ်ရောက်မှ မှန်သေချာကြည့်မိတယ် ငါဂျပန်နဲ.တူသလား ပေါ့။ မတူပါဘူး သူတို.လူအကဲခတ်တာညံ.လို.နေမှာပါ ဒါတောင် ပုဆိုးကြီး ၀တ်ထားတာကို။ ပိုက်ဆံမပေးချင်လို. ပုဆိုးကောက်စွပ် တဲ့ ဂျပန်လို. ထင်များသွားလားမသိဘူး။
မိုးရွာနေ.လို.ပဲလား၊ ရွေသင်္ကန်းပဲ အသစ် သုတ်ထားလားမသိဘူး ရွေရောင်ကတော့ ၀င်းလက်နေတာပဲ။ ဘယ်ရူ.ထောင့်ကနေကြည့်ကြည့် ကျက်သရေရှိတယ်။ မိုးက တိတ်လိုက်ရွာလိုက် မိုးတိတ်တုန်း အပြင် ထွက်ဓါတ်ပုံရိုက်လို. ချော်လဲတာ မှတ်မိသေးတယ်။ တော်သေးတယ် ပုဆိုးမကျွတ်ကျလို.။း)
အဲ့ဒီကလေးလေး အရမ်းကိုချစ်ဖို.ကောင်းတယ်။ သနပ်ခါးလေး နဲ. လုံးလုံးလေး။ သူ.ခမျာ မျက်နှာကျက်က ပန်းချီကားတွေ စိတ်ဝင်တစား ကြည့်နေတာ။ သူ.ပုံ ရိုက်နေမှန်းတောင် မသိလိုက်ရှာဘူး။ အဖေက စိတ်နာလို.ကျောခိုင်းထားလား မသိဘူး။း)
Camera - Canon550D + Tamron18-270mm
အတည်ပေါက်နဲ့ နောက် နေတာလား...
ReplyDeleteအဲဒါ မြတ်စွာဘုရားရဲ့ ခြေတော်ရာလေ...
m
နေရာတကာဘုရားတောင်မရှောင် stainless steelက ပြောင်နေတယ် ဘုရားစေတီ ဘုန်းကြီးကျောင်းတွေမှာ တခုခုထပ်တိုးဆောက်မယ် လှုမယ်ဆိုရင် နောက်ခံ အခင်းအကျင်းနဲ့ လိုက်ဖက်မှုရှိမရှိ ထည့်သွင်းစဉ်းစားသင့်တယ်
ReplyDelete