Friday, July 22, 2011

1

Weekend cooking #5 (ဖတ်ထုပ်ပေါင်း၊ ပြည်ကြီးငါး)

သက်သက်လွတ် ဖတ်ထုပ် (Ready Made) ထမင်းအိုး ထဲ ထည့်ပေါင်းထားတာ။


 ဒါက သက်သက်လွတ်ပြည်ကြီးငါး ဟင်းပါ  ပဲငပိနဲ. ချက်ထားပါတယ်။ တခါတလေ အတုက အစစ်ထက်ပိုကောင်းတယ် မှန်တယ်။ အစစ်က မှ ညှီနံ. ရသေးတယ်။ အတုက နုနုအိအိလေး ဘာအနံ.မှ မရှိဘူး။ လှလှလေး ဓါးနဲ.မွန်းထားပြီးသား။

Thursday, July 14, 2011

4

မန္တလေး သက်သက်လွတ် တိုးဖူးနွေး ၊ တိုးဖူးကြော် ၊ ခေါပုတ်


မန္တလေး မှာ စားဖူးသမျှထဲမှာ ဒီဆိုင်က တိုးဖူးနွေးလောက် ဘယ်ဆိုင်မှ စားမကောင်းဘူး။ ဘယ်အချိန်ပဲ သွားစားစား ဒီအရသာပဲ။  တိုဖူးနွေး ၁ပွဲ ၂၅ကျပ် ခေတ် ကတည်းက အဲ့ဆိုင်မှာ စားလာတယ်။ အခု ၇၀၀၊၈၀၀ ကျပ် ဖြစ်တဲ့ထိဆိုပါတော့။  ကြုံကြုံ မကြုံကြုံ သွားစားတယ်။ အိမ်နဲ. တော့ သိပ်မဝေးပါဘူး။ ဆိုင်ကယ် ၅မိနစ်စီး ရင်ရောက်တယ်။ မန္တလေး ကလူတွေကတော့ သိမှာပါ။ ဆိုင်က မင်္ဂလာဈေး မရောက် ခင်  ၇၂ လမ်း ၃၂x၃၃ လမ်းကြားလောက်ကျမယ်ထင်တယ်။ အရင်က အဲနားကို ပုဏ္ကားတန်းလို. ခေါ်တယ် ပုဏ္ကား တွေပေါလို.။ အခု တော့ မြန်မာတွေ တရုတ်တွေ ပေါလာပါပြီ။   ဒီတခေါက်ပြန်တော့ ဆိုင်က တိုးချဲ.ထားတယ် စင်ကာပူ အခေါ် Bubble Tea၊ မြန်မာအခေါ် နှင်းပုလဲ  အဲဒါတွေ ပါရောင်းနေပြီ။

 ဆိုင်နေရာ က ချောင် ကျတယ်ဆိုပေမယ့် စားတဲ့သူတွေ ပေါပါတယ်။ မနက် ကနေ ညနေထိ ရောင်းတယ်။စားနေကျကတော့ တိုးဖူးနွေး၊ တိုးဖူးသုတ်၊ ရှမ်း ဒါမှမဟုတ် အစီး အရည်ဖျော်၊ အသုတ်။ သက်သက်လွတ် ဆိုင် ဖြစ်လို. အသားစားသိပ်မစားတဲ့ ကျွန်တော့ အတွက် အဆင်ပြေပါတယ်။ သွားတိုင်း ၂ ပွဲစားတယ်။ ၁ ပွဲ တည်းထားရင် လည်ချောင်း လောက်ပဲရောက်တယ်။ ၂ ပွဲလောက် စားမှ ဗိုက်ထဲရောက်တယ်။  ကိုယ်နဲ. သိပ်မရင်းနှီးတဲ့ သူနဲ.သွားစားရင် တော့ ၁ပွဲနဲ. ၀ချင်အောင်ဆောင်ရတာပေါ့။း)


Saturday, July 9, 2011

2

Yangon #3 (Shwe Dagon Pagoda)


ဘုရား ရင်ပြင်တော်ရောက်ပါပြီ။ နိုင်ငံခြားသားဆိုရင် ၀င်ကြေး ဒေါ်လာ ၆ ကျပ် ပေးရတယ်။  ကိုယ်က မြန်မာဆိုတော့ မပေးရဘူး။ ဒါတောင် ကင်မရာကြီး  တွေ.လို.ထင်တယ် "သွားသွား ဟိုမှာ ဂျပန်ဂျပန် တဲ့"  မိန်းမတစ်ယောက်က ထအော်သည်၊  နောက် "6 dolloar" ဆိုပြီးလာပြောနေလို. "ကျုပ် မြန်မာပါလို." ပြောလိုက်ရသေးတယ်။  သွားသတိရမိတယ် မြန်မာတော်လှန်ရေးကားထဲက "ရွာထဲ ဂျပန်ဝင်လာပြီ ပြေးကြဟေ့" ဆိုတာကို။း)    မိုးရွာနေတော့ လာတဲ့ သူသိပ်မရှိတာနဲ. ကိုယ့်ကို ကွတ်ကွတ်ကွင်းကွင်း သတိထားမိတာဖြစ်ပါလိမ့်မယ်။ 

အိမ်ရောက်မှ မှန်သေချာကြည့်မိတယ် ငါဂျပန်နဲ.တူသလား ပေါ့။  မတူပါဘူး သူတို.လူအကဲခတ်တာညံ.လို.နေမှာပါ ဒါတောင် ပုဆိုးကြီး ၀တ်ထားတာကို။   ပိုက်ဆံမပေးချင်လို. ပုဆိုးကောက်စွပ် တဲ့ ဂျပန်လို. ထင်များသွားလားမသိဘူး။ 



Thursday, July 7, 2011

7

Yangon #2 (Good Morning & Shwe Dagon Pagoda)


ပထမဆုံး ရန်ကုန် မနက်ခင်းပါ။ ၇နာရီ ခွဲလောက် နိုးတယ်။  ၀ရန်တာ ထွက်ကြည့်လိုက်တော့ ပထမဆုံး အကြော်ဆိုင်ကို တွေ.တယ်။ Zoom ကို အဆုံးထိ ဆွဲထည့်လိုက်တယ်။ ညက မိုးကောင်းထားတော့ လမ်းမှာ ရေတွေနဲ.။



ဒါက Zoom မဆွဲ တဲ့ပုံ။ တွေ.လား အကြော်ဆိုင်က ပိစိလေးရယ်။း)


Tuesday, July 5, 2011

7

Yangon #1 (Airport to Home)


I was flying to Yangon From Bangkok. Just want to share a few bird eyes view photos of our Mother Land. It was  raining at that time.









 လေဆိပ်ကနေ လည်း ထွက်ကော အထုတ်တွေကို ၀ိုင်းဆွဲကြတာ သယ်ပေးမယ် သယ်ပေးမယ့် စေတနာရှိသလောက်ပေးပါ၊ ကိုယ့်ကားနဲ. လိုက်ပါ၊ သူ.ကားနဲ.လိုက်ပါ၊ ပို.ပေးချင်လို.ပါ၊ စေတနာတွေပေါ့။ ကိုယ်က ၂ပတ်ပဲ ပြန်တာ အထုတ်တွေကလဲ နည်းနည်းလေးပါ။ ပါမသွားအောင် မနည်းကိုင်ထားရတယ်။ 

 သူများပြောတာ ကြားဖူးတယ် လေဆိပ်ကနေ ထွက်လာရော အထုတ်တွေကို  တစ်ယောက်က နေ တယောက်လက်ဆင့်ကမ်းပြီး သယ်သွားကြတာ။ ပိုင်ရှင်က ဘယ်သူ.ဆီပါသွားလဲ မျက်ခြေမပျက်လိုက်ကြည့်ရတယ်။ ပြီးတော့ အားလုံးက ပိုက်ဆံလာတောင်းကြတယ်။ သူလဲ သယ်ပေးရတယ်။ ကိုယ်လဲ သယ်ပေးရတယ်ပေါ့။ ရယ်ရတယ်။ ငယ်ငယ်တုန်းက အတန်းထဲမှာ ဖိနပ်ကို ဟိုဘက်ကန်လိုက် ဒီဘက်ကုန်လိုက် ဆော့ကြတာ သွားသတိရတယ်။ 

ကျွန်တော့် အထုတ်ကို ဆွဲလို.မရတော့ လူတွေ ဘေးကနေရပ်ကြည့်နေကြတယ်။ ကားထွက်ခါနီးကျ လက်ဖက်ရည်ဖိုး ပေးသွားပါဦးလို.ပြောသေးတယ်။ မကြားချင်ယောင် ဆောင်နေလိုက်တယ်။ အမှန်ပြန်ပြောချင်တာက ကိုယ်အထုတ်ကိုယ် သယ်လို. လက်ဖတ်ရည်ဖိုးပေးရမှာလားလို.။ 

အမှန်တကယ်တော့ အားလုံးက အဆင်မပြေတော့ ၀မ်းေ၇းအတွက် ဘာမှ ဂရုမစိုက်တော့ပဲ ရဲရဲတင်းတင်း လုပ်လာကြတာပေါ့။ သူတို.အပြစ်လဲ မဟုတ်ပါဘူးလေ။ ကိုယ်ကလဲ ထီပေါက်ပြီး ပြန်လာတာမှ မဟုတ်တာ။ ဖောဖောသီသီတော့ မပေးကမ်းနိုင်သေးဘူးလေ။ ဇွတ်လုပ်တဲ့သူတွေဆို ပိုတောင် မပေးချင်သေး။ အခုပြန်တာ ၂၀၁၀ သြဂတ် လပါ။ မပြန်တာ ၃နှစ်ရှိပါပြီ။  


  ရန်ကုန်မြို.ကြီးလဲ ဘယ်နေ၇ာ ကြည့်လိုက်ကြည့်လိုက် ဘီယာဆိုင် အရက်ဆိုင်တွေချည်းပဲ။





ဘတ်စကားလေးတွေ နည်းနည်းသန်.လာပြီ။ တိုးတက်လာတယ်ပြောရမှာပေါ့။ Digital မီးပွိုင့် ကြီးကလဲ ဂဏန်းကြီး ကို ပြူးလို. ရန်ကုန်ကလူတွေ မျက်စိမူန်ကျတယ်ထင်တယ်။း)





ပြောရင်းဆိုရင်း မိုးက အရမ်းသည်းလာတယ်။ ကားမှန် ပိတ်ဖို. လက်နဲ.စမ်းလိုက်တော့ လှည့်တဲ့အတံက မရှိဘူး။ ကားကနောက်ခန်းမှ ၃ယောက်ထိုင်တာဆိုတော့ မိုးကို ဘယ်လိုမှ ရှောင်မရပါ။  ကားဆရာကို complaint တက်လိုက်တယ်။ "ဘိုလိုလုပ်ကျမလဲ မိုးတွေ ပက်တယ် ရွဲကုန်ပြီပေါ့ " ဆိုတော့ ကားဆရာက ဖွတ်ထားတဲ့ သူအတံကြီး ထုပ်ပေးတယ်။ ရော့ ကိုယ်ဖာသာ လှည့်တဲ့။း)  emergency ဖြစ်နေတော့ ဘယ်လိုမှ လှည့်မရပါ။ အတံနဲ. ခဏခဏ လှည့်နေတော့  ၀က်အူက အရစ်ပြုန်းနေပြီလေ။   ကားဆရာ အင်မတန် သဘောကောင်းပါတယ်။ ကားလမ်းဘေးခဏရပ် ပြီး သူကိုယ်တိုင် အပြင်ကနေ လက်ထည့်ပြီး လှည့်ပေးတယ်။ သူလဲ မိုးတွေရွဲကုန်ပြီ။ ကိုယ်လဲရွဲကုန်ပြီ။

မြန်မာပြည်က Taxi ဆရာတွေ ဘယ်လောက် အားကိုးရသလဲ။ စင်ကာပူက Taxi ဆရာဆို ကားပေါ့က ကန်ချမှာ သူ.ကားရေစိုဆိုတယ် ဆိုပြီး။ အမြင်ကတ်လို. စင်ကာပူမှာ Taxi မစီးတာ ကြာပြီ။ တခါက အမေးခံရသေးတယ်။ မင်းတို. ဘာလို. စင်ကာပူမှာ တအားအလုပ်လုပ်ချင်ကြတာလဲ လို. လေသံမာမာနဲ. မေးတယ်။  ပြန်ပြောလိုက်ချင်တာ "မင်းတို. စင်ကာပူကလူတွေ သောက်သုံးမကျ၊ သောက်ပျင်းထူလို. အပြင်ကလူတွေ ၀င်လာတာလို." ၊  အော်  ရန်ကုန်ကနေ ဘာလို. စင်ကာပူအကြောင်းေ၇ာက်သွားရတာလဲ။ 


အိမ်ရောက်ပါပြီ။ ကားဆရာ ပစ္စည်းတွေ ကူချပေးပါတယ်။  အောက်ကပုံက အိမ်ပေါ်တတ်ပြီး ၀ရန်တာကနေရိုက်ထားတာ။ အဲ့ဒါ ရန်ကုန်ဘယ်နေရာလဲ သိလား?း)




My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis