17-Dec-2014, ဒီတခါ မြန်မာပြည် ပြန်ရင် အလှူအတန်းတွေ လုပ်မယ်လို. စဉ်းစားထားတာ။ တိရစ္ဆာန် ချစ်တဲ့ အစ်မတစ်ယောက်နဲ. စကားစပ်မိလို.၊ ကိုယ်ကလည်း တိရစ္ဆာန်တွေ ချစ်တာနဲ. ၊ သူက မန္တလေး အရှေ.ဘက် အောင်ပင်လယ် ဘက်က၊ မဲကင်းကုန်းရွာ မှာ ခွေးဂေဟာ ရှိတယ်၊ သွားလှူပါလား ဆိုလို. ၂ယောက်သား ဆိုင်ကယ်နဲ. သွားရှာခဲ့တယ်။ ဘယ်လိုသွားရသလဲ ဆိုတော့ ၆၂ လမ်း အတိုင်း မန္တလေးတောင် ဘက်ကိုသွား၊ လမ်းဆုံးရင် ညာဘက် ကွေ.ပြီး တည့်တည့် မောင်း၊ ပြီးရင် အပေါ်က ပုံထဲက "မဲကင်းကုန်း ကျေးရွာ မှ ကြိုဆိုပါတယ်" ဆိုတဲ့ Sign ကို တွေ.လိမ့်မယ်။ အဲ့လမ်း ထဲ တည့်တည့် ၀င်သွားလိုက် ပြီး လမ်းတစ်လျှောက်က တွေ.တဲ့လူတွေကို မေးပြီးသွားရင် ရောက်နိုင်ပါတယ်။ ကျွန်တော် သွားတုန်းက လမ်းပေါ်မှာ လူနည်းနည်း ပြတ်တာနဲ.၊ လမ်းမမေးဖြစ်ဘူး။ ကိုယ့်ဖာသာ ရှာတာ ဂေဟာကို တန်းမရောက်ပဲ ဘဲခြံတွေ၊ လယ်ကွင်းတွေ ဘက်တွေရောက်သွားတယ်။ အဲ့မှာ ဓါတ်ပုံတွေ ရိုက်ပြီးမှ၊ ခွေးဂေဟာ ကို ရောက်သွားပါတယ်။ ခွေးဂေဟာဆိုပြီး ဆိုင်းဘုတ် ဘာမှမရှိပါဘူး။ ခြံရှေ.မှာ ခွေးတွေ အများကြီး တွေ.တာနဲ. မေးကြည့်တော့မှ ဟုတ်ပါတယ် တဲ.။
ခွေးတွေ အဲလမ်းမပေါ်မှာ ရှစ်ကောင်လောက်ရှိတော့ ခွေးကြောက်တဲ့သူဆို ဒီလမ်းကိုဖြတ်ရဲမှာ မဟုတ်ဘူး။ ကိုယ်တိုင်တောင် နည်းနည်းလန်.ချင်တယ်။ ခွေးက သူဟာသူနေတာပါ လိမ္မာပါတယ်။
အထဲရောက်တော့ ဦးခင်မောင်ကြည် ဆိုတဲ့ လူနဲ.တွေ.တယ်။ သူကို. ကျွန်တော် ဓါတ်ပုံရိုက်ချင်တယ်၊ သူများတွေ သိအောင် အင်တာနက်ကနေ ဖြန်.ပေးမယ်လို. အရင်ခွင့်တောင်းပါတယ်။ ခွင့်ပြုချက်ရတော့ သူက ကျွန်တော့်ကို Mask တခုပေးပါတယ်။ အထဲမှာ တော်တော်လေး နံလို.ပါ။ မစင်တွေလဲ နေရာအနှံ. ပျံ.ကြဲနေတာပဲ။ ခွေးတွေက လိမ္မာတာလား။ နေပဲမကောင်းကြတာလား မသိဘူး။ တော်တော်များများက ငြိမ်နေတာပဲ။ လာလည်သူကိုတွေ စိတ်ဝင်တစားနဲ. ကြည့်နေကြတယ်။