မနေ.က Funan မှာ ဓါတ်ခဲသွားဝယ်၇င်း ကင်မ၇ာလဲပါလာတာနဲ. အပြန်မှာ iLight Marina ကိုေ၇ာက်သွားတယ်။ အစက ရိုက်ချင်စိတ် သိပ်ရှိတာမဟုတ်ဘူး။ သူများတွေ ၇ိုက်ပြီး facebook ပေါ်မှာ တင်ထားတာတွေ.တော့ ၇ိုးအီ နေပြီ။ လမ်းကြုံလို. ၀င်ရိုက်တယ်ဆိုပါတော့။ ဓါတ်ပုံ ရိုက်ဖို. သီးသန်.သွားတာ မဟုတ်တော့ သိပ်အများကြီး မရိုက်ခဲ့ဘူး။ သိပ်အကြာပြီး မပတ်ခဲ့တော့ တခြား ဓါတ်ပုံမရိုက်ခဲ့တဲ့ နေရာတွေ လဲ ရှိဦးမယ် ထင်တယ်။
I went to iLight Marina event yesterday after returning from Funan Digital mall. Actually, I don't feel like shooting this event as I have seen lots of photos of this event in Facebook.
Thus, I didn't explore much and you won't see a lot of photos in this post. I believe there are others installation which I didn't cover yesterday. :)
This event is until the end of March.
ဒါကတော့ မီးလုံးတွေ ကို စုပြုံထားပြီး တိမ်လိုလုပ်ထားပါတယ်။ အောက်မှာတွဲလျှောင်းကျနေတဲ့ ကြိုးတွေ ကို ဆွဲရင် အဲဒီ မီးလုံးတွေ လင်းလာပါတယ်။ အားရပါးရ ဆွဲလိုက်လို. မီးလုံးတွေ အောက်ပြုတ်ကျလာမှ ကြည့်ကောင်းမယ်။း)
ဒါပုံတွေကတော့ iLight Marina နဲ.မဆိုင်ပါဘူး။ ပျင်းလို. လျှောက်ရိုက်ထားတာတဲ့ ပုံတွေပါ။
မနေ.ညက Marina Bay Sand ရဲ. အေ၇ှ.မှာ Live concert လို လုပ်ထားတယ်။ အစကတော့ တကယ့် သီချင်းဆိုတဲ့ သူကို လိုက်ရှာတာ။ ဘယ်သူလဲ ဘာလဲ ပေါ့။ ဘယ်ဟုတ်မလဲ သူက Live show ကို ဖွင့်ပြထားတာ။ ဒါပေ့မယ် အခုလို ပ၇ိသတ်တွေနဲ. ၊ LED TV အကြီးကြီး ၃ ခုနဲ. ၊ သီချင်း သံ အကျယ်ကြီး ကြား၇တော့ တကယ့်ကို Live concert ထဲေ၇ာက်သွားသလိုတော့ ခံစား၇ပါတယ်။ တချို.လူတွေ လဲ ကနေကြတယ်။
ဒီ LIVE show ရဲ. မျက်နှာချင်းဆိုင်မှာ မုန်.ဆိုင်တွေ၊ ဘီယာဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေရှိပါတယ်။ ဘီယာ နဲ. အစားအသောက် မှာ စားရင် ထိုင်ပြီး ကြည့်လို.ရပါတယ်။
iLight Marina က မတ်လ ကုန်ထိ ရှိပါတယ်။ သွားချင်တဲ့သူတွေ ပွဲ မပြီးခင် ဖတ်ရအောင် တောင်ကြီး ပို.စ်ရေး လက်စ ကနေ ကြားဖြတ်ေ၇းလိုက်တာပါ။း)
No comments:
Post a Comment