Tuesday, March 4, 2014

4

Taungyi #2 (Dinner at Night market)



ထန်ဆမ်း လှိုဏ်ဂူ က ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးမိုးတွေရွာတယ်။ တောင်ကြီးရောက် တော့လဲ မိုးက ရွာတုန်း။ ဟိုတယ်ကိုေ၇ာက်ေ၇မိုးချိုး ပြီးတော့လဲ မိုးက မတိတ်ဘူး။ တောင်ကြီးေ၇ာက်ရင် တောင်ကြီးညဈေးမှာ ညစာ သွားစားခဲ့ဦးလို. ညွန်းထားတော့ မိုးရွာလဲမတက်နိုင်တော့ဘူး။ မနက်ဖြန် ညကားနဲ. မန္တလေး ကို ပြန်မှာဆိုတော့ ကနေ. မှ မသွားရင် မေ၇ာက်တော့ဘူးလေ။ ညဈေး ကို ဟိုတယ် ကနေ လမ်းလျှောက်သွားတယ်။ ရွေငါးဟိုတယ်နဲ. ညဈေးနဲ.က သိပ်မဝေးပါဘူး။ ည ၈နာ၇ီလောက် ဈေးကိုေ၇ာက်သွားတယ်။ မိုးရွာတာလဲ ပါမယ်၊ နည်းနည်းနောက်ကျတာလဲ ပါမယ် တချို.ဆိုင်တွေ ဆို သိမ်းတောင်သိမ်းနေပြီ။


These photos were taken at Taungyi Night Market which is one of the tourist attractions of Taungyi. It is located at the Myo Ma Market (main market of the city). During my visit, it was raining. However, the stalls were running their business as per normal. I was there for dinner and ate different foods from different stalls. Shan Fried Tofu is a must try. 


မိုးရွာနေတော့ ဓါတ်ပုံရိုက်ရတာ အရမ်းခက်ခဲပါတယ်။ ထီးက တဖက်၊ ကင်မရာ ကတဖက် လက်က မအားပါဘူး။ မှောင်လဲ မှောင်တော့ ပုံတွေ မ၀ါးအောင် သေချာလေး ရိုက်ယူရတယ်။ ကင်မ၇ာလဲေ၇တွေ စို လူလဲေ၇တွေစို၊ တော်သေးလို. ကင်မ၇ာ မပျက်တာ။























တောင်ကြီး ညဈေးမှာ ဆီချက်ခေါက်ဆွဲကောင်းတယ် လို.ပြောလို. သွားစားခဲ့ပါတယ်။ မန္တလေးက ဒေါ်စင်းယုံ  ဆီကျက် စားဖူးသူ မို.ထင်ပါတယ်။ သိပ်ပြီးတော့ ထူးထူးခြားခြား စားလို.မကောင်းပါဘူး။ အကြိုက်ချင်းမတူတာလဲ ဖြစ်ပါလိမ့်မယ်။ သုံးတဲ့ ကြက်ဥခေါက်ဆွဲ ကလဲ ကွာတာကိုး။ တခြားလူတွေကတော့ ထမင်းပေါင်းစားပါတယ်။











ဆီချက်စားပြီး ဗိုက်မ၀လို. ဒုတ်ထိုး ဆိုင်မှာ ခဏ၀င်စားတယ်။ ဒုတ်ထိုးကတော့ စားလို.ကောင်းပါရဲ. ကြာဆံကြော်က တော့ မြင်တဲ့အတိုင်းပဲ ကြွေမွနေတာ။ ကြာဇံ တောက်တောက်ကြော်လို.ခေါ်လားမသိဘူး။  တူနဲ.တောင် အဖတ်ဆယ်မရဘူး။ ဇွန်းနဲ.ကလော်ပြီးစားရတယ်။ ကြည့်ရတာ ကြာဇံ ကြေနေတာတွေေ၇ာင်းမကုန်မှာစိုးလို. အ၇င်ထုတ်တာ ဖြစ်လိမ့်မယ်။ ကိုယ်ကလဲ သိပ် complain မတက် တဲ့သူဆိုတော့ သိသိကြီးနဲ. ခံနေလိုက်တယ်။း)





ဟိုတယ် ပြန်ေ၇ာက်ရင် ထပ်စားဖို. ဒီဆိုင်မှာ ချာပါတီ ၀ယ်ခဲ့သေးတယ်။ စားမိ မစားမိ မှတ်မိတော့ဘူး။





ဒီဟင်းဆိုင်က က လမ်းထောင့် ဈေးအ၀င်ဝနားမှာပါ။ ဆီပြန်ဟင်းတွေ ခင်းထားတာ အရမ်းလှပါတယ်။ေ၇ာင်းမကုန်ရင် ဘယ်လိုလုပ်မလဲ တော့မသိဘူး။ ဟင်းတခု ချင်းစီ ကို ဓါတ်ပုံရိုက်ချင်တာ မိုးရွာနေလို. အဆင်မပြေခဲ့ဘူး။


ဒါကတော့ ဟိုတယ် ပြန်ေ၇ာက်ပြီး ခုန ညဈေးက ၀ယ်လာတဲ့ မုန်.တွေ ကို ညလယ်စာ အနေနဲ. စားဖို. ခင်းထားတာပါ။ တိုဖူး ကြော် ကြွတ်ကြွတ်လေးကိုတော့ အရမ်းသတိရတယ်။း)


နောက်နေ. မနက်ကျ၇င် တောင်ကြီး ဈေး ကို ပတ်ပါမယ်။ စောင့်ဖတ်ကြပါဦး။ ကွန်.မန်.တွေလဲ ချန်သွားကြပါဦး။ ကွန်.မန်.မရှိပဲ ပို.စ်တွေေ၇းနေရတာ ပျင်းစ၇ာ ကောင်းလို.ပါ။း)


4 comments:

  1. တိုဖူးကြော်ကြွပ်ကြွပ်ကို တောင်ကြီးမှာတော့ နှစ်ပြန်ကြော်လို့ခေါ်တယ် :) အဲဒီညဈေးထဲက နှစ်ပြန်ကြော်နဲ့ကောက်ညင်းပေါင်းက တောင်ကြီးပြန်တိုင်း သတိတရ ဝယ်စားဖြစ်တယ်။

    ReplyDelete
  2. အမြဲတမ်းလာလည်ပါတယ် တစ်ခါမှ comment မရေးမိဘူး အမြဲတမ်းလာဖတ်နေတာ
    ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် :)

    ReplyDelete
  3. ည​ဈေးက အရင်​တက္ကသိုလ်​တက်​တုန်းက ညပိုင်းရုပ်​ရှင်​မပြခင်​ ၀င်​၀င်​​စား​သောက်​ကြတဲ့​နေရာ​ပေါ့
    အခု​တောင်​ ည​ဈေး​နေရာ​ပြောင်းရမယ်​ကြား​နေတယ်
    ည​ဈေးမရှိရင်​ ​တောင်​ကြီးကဘယ်​အဓိပ္ပာယ်​ရှိပါ​တော့မလဲ

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis