
တောင်ကြီးဈေး ပတ်ပြီး မနက်စာကို ဟိုတယ် နဲ.သိပ်မဝေးတဲ့ တောင်ကြီး လက်ဖက်ရည်ဆိုင်မှာ စားပါတယ်။ မန္တလေးက ဆိုင်လိုပဲ မနက်စာ အစုံရပါတယ်။ Dim Sum တွေပါရပါတယ်။ ကျွန်တော်ကတော့ ဆန်စီး အသုတ်၊ မြီးရှည်၊ ထပ်တ၇ာ နဲ. ပဲနံပြားပဲစားတယ်။
After visiting the market, we had breakfast at Taungyi Tea shop which sells different kind of Burmese breakfast including Dim Sum. These are what I ate on that morning. I was not the only one eat all these foods. It was for 4 people. :)
Bought some dry tea as souvenirs.
စားသောက်ပြီးတော့ တောင်ကြီး လက်ဆောင်ဝယ်တယ်။ ဘာတွေဝယ်ခဲ့လဲ မမှတ်မိတော့ဘူး။ လက်ဖတ်ခြောက် ၀ယ်ခဲ့တာတော့သေချာတယ်။ ပြီးတော့ ဟိုတယ်ခဏပြန်ပြီး ပစ္စည်းတွေ ထုတ်ပိုးပြီး Hotel Check out လုပ်ခဲ့တယ်။ ခဏနေ ကားငှားပြီး လျှောက်လည်မှာ ဆိုတော့ ပြန်လာရင် Check out ချိန်ကျော်သွားမှာစိုးလို.။ Check out မလုပ်ခင် ဟိုတယ်ရဲ. အပေါ်ဆုံးအထပ်ကနေ အနီးတ၀ိုက် နေ၇ာတွေ ကို ဓါတ်ပုံ၇ိုက်ခဲ့တယ်။ တောင်ပေါ်မှာ တိုက်ကလေးတွေ အစုလိုက် အစုလိုက် မြင်ရတယ်။ ရွေငါးဟိုတယ်က အထပ်မြင့် ဟိုတယ် ဆိုတော့ အနီးတ၀ိုက် ရူခင်းကို ကောင်းကောင်းကြီး ကြည့်လို.ရတယ်။
ဒီအောက်စက်ကြီးတွေ မြင်တော့ ငယ်ငယ်တုန်းက Tape ခွေ တွေ ငှားပြီး ဗွီဒီယိုကြည့်ခဲ့ရတဲ့ အချိန်ကို ပြန်သတိရမိတယ်။ အခုခေတ် ကလေးတွေ ဆို သိတောင် သိမှာ မဟုတ်ဘူး။
ကားငှားဖို. မြို.မ ဈေးဘက်ကို ပြန်ထွက်လာတယ်။ သွားမည့်နေရာတွေကတော့ တောင်ကြီးဟိုတယ်၊စူငှာမုနိဘု၇ား၊ မြစိမ်းတောင် ပါပဲ။ သိပ်အများကြီးမဟုတ်ပါဘူး။ တခြား ဘယ်နေရာ သွားရမှန်းမလဲ မသိဘူး။
မြို.မဈေးကနေ ကားငှားပြီး အ၇င်ဆုံး တောင်ကြီးဟိုတယ်ကိုသွားပါတယ်။ တောင်ကြီးဟိုတယ်ဆိုတာ ငယ်ငယ်တုန်းက ကျော်သူ၊ ရန်အောင်၊ မေသန်းနု တို.ခေတ်က ရုပ်ရှင်ထဲမှာ မြင်ဖူးတဲ့ ကိုလိုနီ စတိုင် ဟိုတယ်အကြီး ကြီး ကို မှတ်ထားတာ။ ဟိုေ၇ာက်တော့ ပုံထဲမှာ တွေ.ရတဲ့ ဟိုတယ်အသေးလေး ဖြစ်နေတယ်။
အဲဒါ နဲ. ကားဆ၇ာကိုမေးကြည့်တော့ အဲ့ဒီ ရုပ်ရှင်ထဲမှာ ပါတဲ. ဟိုတယ် အကြီးကြီး က အခု ဟိုတယ်မဟုတ်တော့ပဲ၊ ငှာနာဆိုင်၇ာတွေရဲ. ရုံးလား။ နေအိမ် လား ဖြစ်သွားပြီတဲ့။ အဲဒီ ဟိုတယ်အဟောင်းကြီးက အဲဒီ ရဲ စောင့် နေတဲ့ နေရာက နေသွားရတာတဲ့။ ဘယ်လောက်ဆိုးလဲ ဆိုတော့ အပြင်ကနေတောင် ဘာမှ မမြင်ရဘူး။ တော်သေးလို. ဒီဟိုတယ်က စူငှာမုနိ ဘု၇ားသွားတဲ့ လမ်းပေါ်မှာ မို.ပေါ့ မဟုတ်ရင် အချိန် ပုတ် ဦးမယ်။
တောင်ကြီးစာလေးတွေဝယ်ချင်လိုက်တာာ..။
ReplyDeleteYou can eat really big breakfast. :-))
ReplyDelete@Anonymous Why not. :)
ReplyDeleteကျွန်မ အလည်ပြန်တုန်းက တောင်ကြီး အင်းလေးသွားခြင်တာ အဆင်မပြေတာနဲ့ မသွားဖြစ်ခဲ့ဘူး
ReplyDeleteအခုတော့ ဓါတ်ပုံတွေတွေ့ရတော့ အလည်သွားသလိုပါပဲ :)