Saturday, June 7, 2014

1

Cameron Highland, Malaysia #5 (Chrysanthemum Farm & Watercress Valley)


Colorful Chrysanthemum Farm
Strawberry and Vegetable Farm ပြီးတော့  Chrysanthemum Farm ကိုေ၇ာက်သွားပါတယ်။ မြန်မာလို ခေါ်၇င် ကန္ဒမာပန်းလိုခေါ်ရမယ်ထင်တယ်။ ဒါပေမယ့် မြန်မာပြည်က ကန္ဒာမာ ပန်းက အပွင့် ပိုကြီးတယ်။ အမျိုးနည်းနည်းကွဲသွားလို.ပါတယ်။ ဒါပေမယ့် ပန်းပွင့်ပုံစံကတော့ တော်တော်လေးဆင်တူပါတယ်။ ပန်းတွေ ပွင့်နေတာ အများဆိုမှ အများကြီးပဲ။ ပြီးတော့ အေ၇ာင်စုံ စိုက်ထားတာ။ 


This is the second destination of our Second half-day tour after visiting Strawberry and Vegetable Farm. There are uncountable Chrysanthemum flowers blossom all over the farm.
It is so beautiful and I don't want to leave that place. 










.



ပန်းစိုက်ခင်းတွေ ကြားထဲ ၀င်ပြီး ဓါတ်ပုံ၇ိုက်၇တာ နည်းနည်းတော့ ကျပ်တယ်။ ပန်းတွေ ကိုယ်လုံးနဲ. တိုက်မိပြီး မကြွေကျအောင် သတိထား၇တယ်။ စိုက်ခင်းက အမိုးပါတော့ မိုး၇ွာနေလဲ အေးအေးဆေးဆေး လျှောက်ကြည့်လို.၇တယ်။ 



ဒါတွေက ပွင့်ခါနီး အဖူးလေးတွေ။ မြန်မာပြည်မှာကတော့ ဒီပန်းကို ဘု၇ားပန်းအိုးထိုးဖို. သုံးတာများမယ် ထင်တယ်။ နိုင်ငံခြားမှာ ဆို၇င်တော့ ပန်းအိုး အလှစိုက်/ထိုး ဖို.သုံးကြမယ်ထင်တယ်။






















ဒါကတော့ အခုမှ စပေါက်တဲ့ အပင်ပေါက်လေးတွေပါ။  တနေ၇ာတည်းမှာ အပင်ပေါက်ကနေ၊ ပန်းပွင့်နေတဲ့ အပင်ကြီးတွေ အထိ တွေ.ခဲ့တယ်။ မြန်မာပြည်မှာ ဒီပန်းကို ဈေးမှာပဲေ၇ာင်းတာမြင်ဖူးတယ်။ အခုလို စိုက်ခင်းမှာ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ 



Just plucked.  

ပန်းတွေ ခူးလာပြီ။ ပြီး၇င် ဒီအခန်းထဲမှာ ပန်းတွေ ကို စီပြီး ၊  သတင်းစာ နဲ. ပတ် ထားပါတယ်။ 

Sorting flowers. 


Ready to deliver. 



ပန်းခြံက ကားနဲ.ခွေး။ မလေးရှားမှာ ခွေးကို အဲ့လို သံကြိုးကြီးနဲ. ချည်ထားတာ ခဏခဏ မြင်ဖူးတယ်။ ခွေးကပဲ တကယ်ဆိုးလို.လား။ ပိုင်ရှင်ကို ပဲ အပြစ်တင်၇ာမလား မပြောတက်ဘူး။ အဲ့လို သံကြိုးကြီးနဲ. ချည်ထားတာ မြင်၇င် စိတ်မကောင်းဘူး။ 


ကန္ဒမာ စိုက်ခင်းကနေ အပြန်မှာ Watercress စိုက်ခင်းကို လိုက်ပြတယ်။ Watercress ကို မြန်မာလို ဘယ်လိုခေါ်မလဲ မပြောတက်ဘူး။ အစိမ်းေ၇ာင် အ၇ွက် နုနုလေး၊ ဟင်း၇ည် သို.မဟုတ် အ၇ွက်ကြော် အနေနဲ.စားလို.၇တယ်။ ဟင်းနုနွယ်၇ွက် လို ပုံစံမျိုး။ 

This is the 3rd destination of our Second half-day tour, Watercress valley. It was raining, so we just observed the farm from the top without visiting to the valley.  

အဲဒီ စိုက်ခင်းကို ကြည့်ဖို. တောင်စောင်းတနေ၇ာမှာ ကား၇ပ်ပေးတယ်။ စိုက်ခင်းက တောင်အောက်မှာ ရှိတာပါ။ မိုးက တဖွဲဖွဲ ၇ွာနေတော့ တောင်ပေါ်က ဇ၇ပ်လေးထဲ ခဏ၀င်ပြီး အောက်က စိုက်ခင်းကို အခုပုံထဲမှာ မြင်ရသလို လှမ်းကြည့်ရုံက လွဲလို. ဘာမှ မလုပ်ခဲ့ဘူး။ တကယ်လို. မိုးမရွာ ခဲ့၇င် ကျွန်တော်တို.ကို  စိုက်ခင်းထဲ ပေးဆင်းမလားမသိဘူး။ 


တောင်ပေါ်ကနေ Zoom ဆွဲပြီး ရိုက်ထားတာပါ။ Zoom ဆွဲလို.၇တဲ့ Lens ပါသွားတာ အ၇မ်းကို အဆင်ပြေပါတယ်။ 




မိုး၇ွာနေလို. သူများတွေလဲ ဒီနေ၇ာကနေ ဓါတ်ပုံ၇ိုက်ပြီး လှည့်ပြန်သွားကြပါတယ်။ ဒီနေ၇ာပြီး၇င် နောက်သွားမည့် နေ၇ာက Cactus farm ပါ။  အခုလို ဘလော့မှာေ၇းမှ ပဲ ငါတ၇က်တည်းနဲ. နေ၇ာ တော်တော်များများ သွားခဲ့တာပဲ လို.တွေးမိတယ်။ နောက်ထပ် သွားစ၇ာ ၄နေ၇ာ လောက် ကျန်သေးတယ်။ အချိန်က ညနေ ၅နာ၇ီလောက် ရှိနေပြီ။ 


Camera - Canon 550D + Tamron 18-270mm


1 comment:

  1. So beautiful flower (Chrysanthemum) farm and terrace farming system.
    Thanks for sharing...

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis