Saturday, July 12, 2014

0

Cameron Highland, Malaysia #7 (Strawberry, lettuce farm & Night market)


Cactus Farm ကို သွားပြီး အပြန်မှာ ညစာ မစားခင် နောက်ထပ် သွားစ၇ာ နေ၇ာ ၂ခုကျန်ပါသေးတယ်။ ပထမ တစ်နေရာ Strawberry Farm ၊ ဒုတိယ နေရာက Lettuce farm ပါ။  


အ၇င်ဆုံး Strawberry Farm ကို ရောက်ပါတယ်။ ဒီနေရာက တော့ Strawberry ကို ပဲ အဓိကထားစိုက်တဲ့ ခြံပါ။ အသီးကို ကိုယ်တိုင် ခူးပြီးတော့ ချိန်ပြီး ၀ယ်လို.ရပါတယ်။ ကျွန်တော် က စားဖို.ထက် ဓါတ်ပုံရိုက်ဖို.ပဲ ပို အားသန်နေတယ်။ ခြံထဲကို လိုက်ပတ်ကြည့်ရအောင်။





Strawberry ကို အခုလို အမိုးအကာနဲ. စိုက်ထားတော့ မိုးဖွဲဖွဲ ကျနေပေမယ့်လဲ အေးအေးဆေးဆေး လျှောက်ပတ်ကြည့်နိုင်ခဲ့တယ်။



























ခြံေ၇ှ.မှာ ဈေးဆိုင်လေး ရှိပါတယ်။မုန်.တွေနဲ. လက်ဆောင် ပစ္စည်းတွေ ၀ယ်လို.၇ပါတယ်။  




နောက်ထပ်တစ်နေရာ ဖြစ်တဲ့ Lettuce farm ထပ်ပြီးလိုက်ပို.ပါတယ်။ ဒီအရွက်ကို ဒီလို စိုက်တယ်ဆိုတာ အခုမှ ပဲမြင်ဖူးတယ်။ အရင်ကတော့ အပင်ကို မြေကြီးအောက်မှာ စိုက်မယ် လို.ပဲ ထင်ထားတာ။ ဒီအရွက်ကို မြန်မာလို ခေါ်ရင် ဆလက်ရွက် လို.ခေါ်မယ် ထင်တယ်။ နိုင်ငံခြားမှာတော့ အသုတ်တွေ ထဲမှာရော၊ ဘာဂါထဲမှာရော၊ ဟင်းရည်တွေ မှာရော ထည့်ပြီးစားလေ့ရှိပါတယ်။ အရွက်ကနုဖတ် နေပြီး အရမ်းကို လက်ဆက်နေတာပဲ။ မျက်စိကို အေးသွားတာပဲ။ 




















ကဲနောက်ဆုံးမှာတော့ Half day package tour ထဲမှာ ပါတဲ့ အတိုင်း ညစာ ကို streamboat ကျွေးပါတယ်။ Streamboat က အသီးအရွက်တွေ ပိုများပါတယ်။ Cameron Highland ကထွက်တဲ့ လက်လက်ဆက်ဆက် အသီးအရွက်တွေနဲ. စားရတယ် ဆိုပါတော့။


ညစာ စားပြီးတော့ driver က Hotel ကို ပြန်ပို.ပါတယ်။ Hotel ကို မပြန်ချင်တဲ့ သူတွေ ညဈေးတန်း ပတ်ချင်၇င် ညဈေးတန်းမှာ ချပေးခဲ့မယ် လို.ပြောပါတယ်။ ညဈေးက စနေ နဲ. တနင်္ဂနွေ မှပဲ ရှိတယ်လို. သိရပါတယ်။ မိုးကလဲ လုံးဝမတိတ်ဘူး။ သွားသင့် မသွားသင့် အကြာကြီးစဉ်းစားလိုက်ရတယ်။ နောက်ဆုံးတော့ supermarket တခုမှာ ထီးတလက်ဝယ်ပြီး ညဈေးတန်းမှာ ဆင်းနေလိုက်တယ်။  ညဈေးတန်းကနေ Hotel ကို ပြန်ရင် ကိုယ့်စရိတ်နဲ. ကိုယ် ပြန်ရမှာလေ။ ဒါပေမယ့် Tour company ရုံးခန်းက ဈေးနားမှာ ဆိုတော့ Driver က ပြောတယ် ဈေးပတ်ပြီး၇င်  သူ.ရုံးခန်းကို  လာခဲ့ တစ်ယောက်ကို ၅ ရင်းဂစ် (သေချာမမှတ်မိတော့ဘူး) နဲ. Hotel ကို ပို.ပေးမယ် ဆိုလို. အပြန်အတွက် စိတ်မပူ၇တော့ဘူး။ 

















မိုးရွာနေတော့ ဈေးက လူမစည်ဘူး။ တောင်ကြီး က ညဈေးနဲ. ဆင်တယ်။ ဈေးဆိုင်တွေ တော့ စုံပါတယ်။ မုန်.ဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင် နဲ. ဟင်းသီးဟင်းရွက်ဆိုင်တွေ ပေါတယ်။ မိုးကြောင့် ဈေးသည်တွေလဲ ဈေးရောင်း မကောင်းရှာဘူး။ ကိုယ်ကလဲ ခုလေးတင် streamboat စားထားလို. ဘာမှ စားချင်စိတ် မရှိဘူး။ ပြောင်းဖူးပြုတ်၊ မြေပဲ ပြုတ်နဲ. ပဲ ၀ယ်ခဲ့တယ် ထင်တာပဲ။ သေချာမမှတ်မိတော့ဘူး။


စားချင်စဖွယ် ကြက်ကြော် ထမင်း။ ဒီညရောင်းလို. ကုန်ပါ့မလား?






ဒီကြက်ကင်လဲ စားလို.ကောင်းမယ့် ပုံပဲ။







ဒါကတော့ strawberry ကို ချောကလက် သုတ်ပြီး ရောင်းတာပါ။ 




ညဈေးပတ်ပြီး ည ၉ နာ၇ီကျော် မှာ ခုနကပြောထားတဲ့ အတိုင်း  ဈေးနားက Tour company ရုံးခန်းကနေ ကားနဲ. Hotel ကို ပြန်ပါတယ်။  Hotel အခန်းကို အခုမှ ပဲ မြင်ရတာပါ။ မနက် က Check-in လုပ်ပြီး အထုတ်အပိုးတွေကို Lobby မှာ ထားခဲ့ပြီး တနေကုန် လျှောက်လည် နေခဲ့တာလေ။ အမြဲတမ်း backpack hotel လောက်သာ တည်းတဲ့ ကျွန်တော်လိုလူမျိုးအတွက် ဒီ Hotel က တော်တော်လေးကို အဆင့်မြင့်ပါတယ်။ အခန်းထဲ ၀င်ပြီး တအောင့် နေတော့ အခန်း တံခါး လာခေါက်လို. တံခါး ဖွင့်ပေးလိုက်တော့၊ အခုပုံထဲက မြင်တဲ့ အတိုင်း  strawberry ပန်းကန် လာပေးပါတယ်။ တို.စားဖို. သကြား၊ cream နဲ. ချောကလက် ပါပါတယ်။ ချောကလက် နဲ. တို.စားတာ ပိုပြီးကောင်းပါတယ်။




တနေ.ကုန် လျှောက်လည်ထားတာ တော်တော် ပင်ပန်းလို. ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်သွားပါတယ်။ မနက် ဖြန် မနက် စင်ကာပူကို ပြန်တော့မှာလေ။ 


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis