Monday, July 21, 2014

4

Cameron Highland, Malaysia #8 (Hotel Breakfast, Market & Return to Singapore)


ကျွန်တော့်ရဲ. ၁ညအိပ် ၂ရက် Cameron Highland ခရီးစဉ်လေး အဆုံးသတ်တော့မှာပါ။ မနေ.က တနေကုန် non-stop လည်ပြီးသွားပြီ။ ကနေ. တော့ Hotel ကကျွေးတဲ့ မနက်စာ စားပြီး စင်ကာပူ ပြန်ရုံပါပဲ။ စင်ကာပူ မပြန်ခင် hotel နားက ဈေးကို သွားလည်ချင်တာနဲ. မနက်စောစော ထပါတယ်။ အခန်း ကနေ အပြင်ဘက်ကို ဓါတ်ပုံရိုက်ပါတယ်။ အထပ်မြင့်အခန်းမှာနေတာဆိုတော့ ပတ်ဝန်းကျင်ကို ကောင်းကောင်းကြီး ကြည့်လို.ရတယ်။ တောင်ကြီး မြို.က ရူခင်းတွေ နဲ.တူပါတယ်။နေ၇ာ တိုင်းလိုလို စိုက်ခင်းတွေ ၊ တောင်တွေ တွေ.ရပါတယ်။ 




ဒီအောက်က လုံးချင်းတိုက်လေးတွေကလဲ Hotel Equatorial နဲ.တဆက်တည်းပါပဲ။ ဟိုတယ်အခန်းတွေပဲလား။ လူနေအိပ်ပဲလား မသိဘူး။ တရက်တည်း နေတာဆိုတော့ Hotel အနှံ.တောင် လျှောက်ပြီး မကြည့်လိုက်ရဘူး။









Hotel ပထမထပ်မှာ မနက်စာဖို. ဆင်းလာခဲ့ပါတယ်။ Hotel Equatorial ကို 4 stars အဆင့်လောက်ရှိမယ်ထင်ပါတယ်။ မနက်စာ ကတော်တော်လေး စုံပါတယ်။  Hotel အကောင်းတွေ သိပ်မတည်းဘူးတော့ ဒီ Hotel က ကျွန်တော့အတွက် တော်တော်လေး ကောင်းနေပါပြီ။ 



စင်ကာပူမှာ မနက်စာကို နွားနို. (သို.) အသီးလောက်နဲ.ပဲ စားလေ့ရှိတော့ အခုလို breakfast အများကြီး စားလို.၇တဲ့ hotel မှာ တည်းရင် ကျွန်တော့အတွက် သိပ်မတန်ဘူး။  ထမင်းကြော်၊ အသီးနဲ. salad လောက်ပဲစားနိုင်တယ်။ 




ဒါကတော့ Hotel Lobby မှာ အလှဆင်ဖို.လုပ်နေတာပါ။ အဲဒီတုန်းက Deepawali မတိုင်ခင်ဆိုတော့ အဲ့ဒီနေ.အတွက် အလှဆင်ထားတာ ထင်ပါတယ်။ အနီးကပ်ကြည့်လိုက်တော့မှ ဆန်စေ့တွေကို အရောင်ဆိုးပြီး လုပ်ထားမှန်းသိတယ်။ 


မနက်စာ စားပြီး Hotel အပြင်ထွက်ပါတယ်။ Hotel ရဲ.ဘေးမှာ ပန်းခြံမှာ အပင်တွေ စိုက်ထားပါတယ်။ Hotel က တောင်ကုန်းပေါ်မှာ ဆောက်ထားတာဆိုတော့ တောင်အောက်က စိုက်ခင်းတွေ ကို မြင်ရတယ်။ မနေ.ညက မိုး၇ွာထားတော့ သစ်ပင်တွေ ပန်းတွေ က အရမ်းကို လန်းဆန်းနေပါတယ်။












Hotel ပန်းခြံထဲ ခဏပတ်ကြည့်ပြီးတော့ ဈေးဘက် ကို ထွက်လာခဲ့ပါတယ်။ Hotel ကနေ ၁၀ မိနစ်လောက် လမ်းလျှောက်လိုက်ရင် ဈေးကိုရောက်ပါတယ်။  တောင်ပေါ်ဈေးဆိုတော့ အသီးအ၇ွက်နဲ. ပန်းတွေ ပေါတယ်။ မနေ.တုန်းက ဘာမှ မ၀ယ်ဖြစ်တော့ အခုဈေးမှာပဲ ၀ယ်တော့မယ်ဆိုပြီး လာခဲ့တယ်။ 







Cameron Highland ဆိုတော့ strawberry နဲ. လက်ဖက်ခြောက် ပေါတာပေါ့။ strawberry သီးတော့ မ၀ယ်ဖြစ်ခဲ့ဘူး။ ဒီဆိုင်က ယိုတွေ မြည်းကြည့်ပြီးတော့မှ  Strawberry ယို နဲ. Kiwi ယိုစားကောင်းတာနဲ. ၀ယ်ခဲ့တယ်။ နောက်ပြီး Strawberry လက်ဖတ်ခြောက်ရော ၀ယ်ခဲ့သေးတယ်။ 









ဂေါ်လခါးညွန်. ကို ဒီဆိုင်မှာတွေ.တယ်။ စင်ကာပူမှာ ဂေါ်လခါးညွန်.ရောင်းတာ တခါမှ မမြင်ဖူးဘူး။ မြန်မာပြည်မှာ ဆို အိမ်မှာ ခဏခဏချက်တော့  အခုဒီမှာ ၀ယ်လို.ရတာနဲ. ၂စည်းဝယ်လာခဲ့တယ်။ Immigration ရောက်မှ  မသယ်ရဆိုရင်လဲ လွင့်ပစ်ရုံပေါ့ ဆိုပြီး ၀ယ်လာခဲ့ပါတယ်။ တကယ်တော့ သယ်လို.ရပါတယ်။ ဘာပြသနာမှ မရှိပါဘူး။











ဈေးဘက်ခြမ်းကနေ Hotel ကိုလှမ်းမြင်ရပါတယ်။ Hotel က တောင်စောင်းပေါ်မှာ ဆောက်ထားတာပါ။ 


ဈေးကနေ Hotel ကိုပြန်ပါပြီ။ လမ်းမှာ တွေ.တဲ့ ကြောင်တွေ ခွေးတွေပါ။ တောင်ပေါ်မှာ အေးတော့ ကြောင်တွေ ခွေးတွေက အမွေးတွေ ဖွာနေတော့ တော်တော်ချစ်ဖို.ကောင်းတယ်။ 








ံHotel အခန်းထဲပြန်ပြီး အထုတ်အပိုးတွေ သိမ်းပြီးတော့ Check out လုပ်ပြီး Lobby မှာပဲ ကားကိုစောင့်နေခဲ့ပါတယ်။ စင်ကာပူကို မနက် ၁၀နာရီကားနဲ. ပြန်တာပါ။ 


လာတုန်းက ညကားနဲ.လာတာဆိုတော့ လမ်းက ရူခင်းတွေ ဘာမှ မမြင်ခဲ့ရဘူး။ အပြန်ကျမှပဲ မြင်ရတော့တယ်။ Hotel အဝေးကြီးမှာ ကျန်ခဲ့ပြီ။










 Cameron Highland ကနေ အထွက် မြေပြန်. နေ၇ာကို မေ၇ာက်ခင် လမ်းက အကွေ.အပတ်တွေ တော်တော်များတယ်။ ကျွန်တော့်က ၂ထပ်ကား အပေါ်ထပ်ရှေ.ဆုံးခုံမှာ ထိုင်တာဆိုတော့ ရူခင်းတွေ ကို ကောင်းကောင်းကြည့်လို.ရတယ်။ ကားထဲကနေ ဓါတ်ပုံ၇ိုက်လို.ရခဲ့တယ်။ အကွေ.အပတ်တွေ များတော့ ကားမူးတဲ့သူဆိုရင် ခေါင်းကိုက်တာတွေ ၊ မူးတာတွေ ဖြစ်မယ်ထင်တယ်။ လမ်းမ ဖောက်ထားတာတော့ ဖြောင့်ဖြူးနေတာပါပဲ။ ဒါပေမယ့် တောင်ပတ်လမ်းတွေဆိုတော့ တခုခုများ ဖြစ်ခဲ့ရင် မတွေးဝံ.စရာပါပဲ။ 




အခုလို မြေပြန်.နေ၇ာ ရောက်တော့မှပဲ စိတ်အေးသွားတယ်။ ဒါတောင် ဒီလမ်းနားမှာ Tour bus တစီးလမ်းဘေးမှာမှောတ်နေတာတွေ.ခဲ့သေးတယ်။ 








ဒါကတော့ Kuala Lumpur အ၀င် မှာ ရှိတဲ့ Batu cave ပါ။ နာမည်ကြီး ဟိန္ဒူ ဘု၇ားကျောင်းတခုပါပဲ။ အခုထိ တော့ မရောက်ဖူးသေးဘူး။ အမြဲတမ်း ကားပေါ်ကနေပဲ လှမ်းမြင်ခဲ့တာ။  Kulua Lumpur မှာ ကျန်းမာရေး ခဏ နားပြီးတော့ Johor bahru ဘက်ထိ တောက်လျှောက်မောင်းလာခဲ့ပါတယ်။  







Kuala Lumpur မြို.ကို ဖြတ်သွားတော့ Petronas Twin tower နဲ. KL Tower ကို အခုလို လှမ်းပြီးမြင်ရပါတယ်။ Petronas Tower ရဲ. ၄၅ ထပ်ကိုတော့ ၂ခါ တိတိ တက်ဖူးတယ်။ KL Tower တော့ အခုထိ မတက်ဖူးသေးဘူး။ 






စင်ကာပူ ကို မ၀င်ခင် Johor Bahru ဘက်မှာ ထမင်းစား နားပါတယ်။ မလေးထမင်းနဲ. လက်ဖက်ရည်မှာစားခဲ့တယ်။ မြန်မာ ထမင်းဟင်းစားရသလို တော်တော်လေးစားလို.ကောင်းပါတယ်။ 


စင်ကာပူကိုညနေ နေမ၀င်ခင်ရောက်ပါတယ်။ ကျွန်တော်မလေးရှား ရဲ.နေ၇ာတော်တော်များများကိုေ၇ာက်ဖူးပါတယ်။ အဲဒီေ၇ာက်ဖူးတဲ့ နေရာထဲမှာ Cameron Highland ကကျွန်တော့ရဲ. အကြိုက်ဆုံးနေရာ ထဲမှာ တခုပါဝင်ပါတယ်။  စာဖတ်သူတွေ လဲ Cameron Highland ပို.စ်ကို သဘောကျမယ်ထင်ပါတယ်။း) 

 နောက်ပို.စ်ကျရင် Indonesia နိုင်ငံ က Batam ကျွန်းကို သွားလည်ထားတုန်းက ရိုက်ထားတဲ့ ပုံတွေ တင်မှာပါ။ 


4 comments:

  1. Yes, it is so beautiful highland.
    Waiting for another trip to Batam :)
    Thanks.

    ReplyDelete
  2. Really nice photos..
    Thanks for your share..
    Please continue Batam trip!!

    ReplyDelete
  3. smart photographer + nice camera = Mr. Tun Tun's photos

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis