Saturday, July 26, 2014

1

Song Seung-Heon (ဂျွန်စော) in Singapore

 

Yesterday 25-Jul-2014, I went to Citysquare mall after work to take photo of Song Seung Heon (Korean super star if you don't know). He came down here to promote his new moive "Obsessed" in Singapore. I know him from the drama called "Autumn in my heart" which is very popular in Myanmar as well as other parts of Asia. I tried my best to take better photo of him. Please enjoy the rest of the photos and video. :)

Golden Village Facebook Page ကနေ ရှယ်ထားတာ Song Seung-Heon စင်ကာပူကို လာမယ်ဆိုတာ တွေ.တော့ သွားပြီး ဓါတ်ပုံရိုက်သင့် မရိုက်သင့် စဉ်းစားနေတာ။အချိန်နဲ. နေ၇ာ ကတော့ ၂၅-ဂျူလိုင်  သောကြာနေ.ည ရနာ၇ီခွဲ Citysquare Mall မှာ ပါ။ ရုံးဆင်း ချိန် လဲဖြစ် ရုံးနဲ.လဲ သိပ်မဝေးတော့ ဓါတ်ပုံရိုက်ပြီး၇င် ညစာ သွားစားမယ်ဆိုပြီးတော့ သူငယ်ချင်းနဲ. သွားခဲ့ပါတယ်။  

Song Seung-Heon ထွက်မလာခင် ပရိတ်သတ်တွေကို မင်းသား/ရုပ်ရှင် နဲ. ပတ်သတ်တဲ့ မေးခွန်းတွေ မေးပြီး မှန်အောင်ဖြေနိုင်တဲ့ သူ ၅ ယောက်ကို စင်ပေါ်တင်ပါတယ်။ မိန်းမကလေး ၄ယောက် ၊ ယောင်္ကျားလေး ၁ယောက်ပါ။ သူတို.စင်ပေါ်ေ၇ာက်တော့ ၅ယောက်ထဲက ၃ယောက်ထပ်ရွေးမယ်။ ဖွင့်ထားတဲ့ တီးလုံးနဲ. ကရမယ်။ ကတဲ့ထဲက အကောင်းဆုံးသူ ၃ယောက်ကို ရွေးမယ်ပေါ့။ (အရှက်ခွဲတာ) :P  အဲ့ဒီ ၃ယောက်က လက်ဆောင် ပစ္စည်းရမယ်၊  မင်းသားနဲ. လက်ဆွဲ နူတ်ဆက်ရမယ် ပေါ့။


သူတို.၅ယောက်ကပြီးတော့ မင်းသားထွက်လာပါတယ်။ အပေါ်ထပ်ကနေ အခုလို လက်ပြပြီးဆင်းလာတာပါ။ 


ငယ်ငယ်တုန်းက တရုက်ကားတွေကြည့်ပြီး ကြီးလာခဲ့တာ။ ကို၇ီးယား drama ဆိုလို. ဒီမင်းသား ပါဝင်သရုပ်ဆောင်ထားတဲ့ ဆောင်းဦးရွက်ကြွေ ဇာတ်ကားကနေစပြီး ကြည့်ခဲ့တာ။ အဲ့ဒီကစပြီး မြန်မာပြည်က လူတွေ ကိုး၇ီးယား ပိုးဝင်သွားကြတာပါ။ ဒီမင်းသားကား ဆိုလို. အဲ့ကားတကားပဲ ကြည့်ဖူးတာ။ အဲ့ဒီ အချိန်တုန်းကတော့ တော်တော်လေး ကို ကြည့်လို.ကောင်းခဲ့တဲ့ Drama လို.ပြောလို.၇ပါလိမ့်မယ်။  မြန်မာပြည်မှာတောင် ဒွေးနဲ. ထက်ထက်မိုးဦး လား မသိဘူး အဲ့ဒီ ကားကို ပြန်လည်သရုပ်ဖော် ခဲ့ကြသေးတယ်။ :P




ကျွန်တော့်အမြင်ပြောရရင် သူက အပြင်မှာ ပိုချောသလားလို.။ ရုပ်ရှင်ထဲမှာတော့ သာမာန် ကိုရီးယား မျက်နှာပေါက်နဲ. မင်းသားလို.ပဲ မြင်ခဲ့တာ။ သူ.အသက် ၃၈ နှစ်နဲ. ဆို တော်တော်လေး အရွယ်တင်တယ်လို. ပြောရမယ်။ ဒါပေမယ့် သူတို. နိုင်ငံက plastic surgery တွေ သိပ်ခေတ်စားတော့ ခန်.မှန်းရခက်ပါတယ်။ သတင်းကောင်းပြောရဦးမယ် "အပျိုကြီးတွေ အားမငယ်နဲ. သူက အခုထိ အိမ်ထောင်ဖက်ကို ရှာနေတုန်းပါတဲ့။ :P"






ကျွန်တော် ဓါတ်ပုံ၇ိုက်တဲ့ နေရာက စင်နဲ. သိပ်ပြီးမဝေးပါဘူး။ ဒါပေမယ့် အရှေ.ကလူတွေ လက်တွေမြှောက်တာတို. ဓါတ်ပုံ ရိုက်တာတို.လုပ်၇င်  ကွယ်နေလို. ကောင်းကောင်းရိုက်လို.မရခဲ့ဘူး။ အတက်နိုင်ဆုံးတော့ ရိုက်ခဲ့တာပဲ။ အရှေ.က မိန်းမတစ်ေယာက်ဆို၇င် မင်းသားလဲ လာရော ခုံပုလေး ပေါ် မတ်တပ်ရပ် နေလိုက်သေးတယ်။ ခေါက်လို.ရတဲ့ ခုံပုလေးပါ။ နောက်ဆို၇င် ခုံသယ်သွားရမယ့် ပုံပေါက်နေပြီ။ :P









Presenter က မင်းသားကို ရုပ်ရှင်ထဲက ကသလို ကခိုင်းပါတယ်။ မင်းသားက သိပ်မမှတ်မိတော့ ဘူး ဆိုလား၊ အကမကျွမ်းဘူးဆိုလား ပြောပြီး ငြင်းပါတယ်။ ဒါနဲ. အခုသူလာပြီး Promotion လုပ်တဲ့ Obsessed ဆိုတဲ့ ရုပ်ရှင် ထဲမှာ အချစ်အခန်း (sexual scenes) တွေ  ပါတယ်လို.သိရပါတယ်။ စိတ်ဝင်စားတဲ့ သူတွေ သွားကြည့်ကြပေါ့။ :P











Presenter မေးသမျှတွေ ဖြေပြီးတော့ သိပ်မကြာပါဘူး။ လက်ပြနုတ်ဆက်ပြီး ပြန်သွားပါတယ်။ ဒီနေရာပြီးရင် ရုပ်ရှင်ရုံမှာ သူ.၇ဲ. Obsessed ရုပ်ရှင် အထူးပွဲကို သွားမှာလို. သိရပါတယ်။ 




ဓါတ်ပုံအပြင် video အတိုလေးပါရိုက်ခဲ့သေးတယ်။ Video မရိုက်ဖြစ်တာ အတော်ကြာနေပြီ ။HD နဲ. ကြည့်ကြနော်။ :)


1 comment:

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis