Chris Daughtry ကို စာဖတ်သူတွေ သိကြလားမသိဘူး။ အင်္ဂလိပ် သီချင်း နားထောင်တဲ့ သူတွေတော့ သိကြမယ်ထင်ပါတယ်။ သူက American Idol 2006 တုန်းက နံပါတ်လေး နေရာ မှာ ပြုတ်သွားတဲ့ ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်ပြီး Winner ထက်ပိုပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်လောက် သူ.ရဲ. Daughtry အယ်လ်ဘမ်က အရမ်းကို ပေါက်ပြီး တကယ်လည်းနားထောင်လို.ကောင်းပါတယ်။ အဲ့ဒီ အယ်လ်ဘမ်ထဲက သီချင်းတွေ ဖြစ်တဲ့ It's not Over, Over you, Home နဲ. What about Now သီချင်းတွေကို အရမ်းကြိုက်ပြီး မုန်းနေအောင် နားထောင်ခဲ့ဖူးပါတယ်။ နာမထောင်ဖူးသေးရင် Youtube မှာ ရှာပြီး နားထောင်ကြည့်ပေါ့။
သူ ION Orchard, Singapore ငါးနှစ်ပြည့် ပွဲမှာ လာရောက်ဖျော်ဖြေမှာသိတော့ရုံးကနေ စောစောလစ်ပြီး သွားကြည့်ခဲ့ပါတယ်။ သိပ်အစောကြီး ရောက်မသွားတော့ ရှေ့ဆုံးနားနေရာ မရခဲ့ပေမယ့် Zoom Lens ရဲ. ကျေးဇူးကြောင့် ဓါတ်ပုံတွေကော၊ ဗွီဒီယိုတွေကော အေးအေးဆေးဆေး ရိုက်ဖြစ်ခဲ့တယ်။
သီချင်းမဆိုခင်မှာ အရင်ဆုံး Fashion Show လုပ်တာပါ။ သီချင်း ၅ ပုဒ်လောက်ဆိုပြီး ရုတ်တရက်မိုးရွာပါတယ်။ မိုးလုံးလေလုံ မဟုတ်တော့ ကျွန်တော်က ကင်မရာေ၇စိုမှာဆိုးလို. ဆက်မကြည့်တော့ပဲ ION Orchard ထဲကို ပြေးရပါတယ်။ ဒါပေမယ့် Daughtry ကတော့ သီချင်းဆို မပြတ်ပါဘူး။ မိုးတဖြည်းဖြည်းသည်း လာပြီး သူလဲ တော်တော်စိုရွဲ လာတော့မှ ခဏနားပါမည် ဆိုပြီး ပွဲခဏ ရပ်လိုက်ရပါတယ်။ မိုးက ၁၅ မိနစ်လောက်ရွာပြီးတော့ တိတ်သွားပါတယ်။ ဒီတော့ သူလဲ သီချင်းပြန်ဆိုပါတယ်။ ကျွန်တော် စောစောက ကြည့်တဲ့ နေရာ သူများတွေ ဦးသွားပြီ ၊ မိုးလဲ မိထားတာနဲ. ဆက်မကြည့်တော့ ပဲ ကျန်ရစ်ခဲ့တဲ့ Daughtry ရဲ. သီချင်းဆို သံတွေ ကို နားစွံ.ပြီး အိမ်ပြန်ဖို. Bus ကားဂိတ်ကို လမ်းလျှောက်သွားခဲ့ပါတယ်။
ကျွန်တော်ကြိုက်တဲ့ သီချင်းတွေ ဆိုလို. အမှတ်တရ ဗွီဒီယို မှတ်တမ်းတင်ခဲ့ပါတယ်။ HD 1080 နဲ. ကြည့်ဖို. မနေနဲ.နော်။ :P
Fashion Show Prior to Daughtry's appearance
![]() |
Need this kind of lens to shoot event meh? :O |
No comments:
Post a Comment