Monday, October 20, 2014

4

Deepavali 2014, Singapore


လာမည့် ဗုဒ္ဓဟူးနေ.ဟာဆိုရင် Hindu လူမျိုးတွေရဲ. အခါကြီး ရက်ကြီး ဖြစ်တဲ့ Deepavali နေ.ဖြစ်ပါတယ်။ နှစ်စဉ် အောက်တိုဘာလ လောက်ဆိုရင် စင်ကာပူက Little India မှာ တရုတ်နှစ်သစ်၊ အင်္ဂလိပ်နှစ်သစ်ကူး များလိုပဲ လမ်းမတစ်လျှောက်လုံး မီးတွေ အလှဆင်ထားပါတယ်။ မနှစ်ကလဲ ဒီအချိန်လောက်မှာ ဓါတ်ပုံ လာရိုက်ဖြစ်ခဲ့သေးတယ်။ ဒီနှစ်တော့ Sony RX100 II ကင်မ၇ာ အသေးလေး ၀ယ်ထားတာနဲ. စမ်းကြည့်ချင်လို. ဓါတ်ပုံထွက်ရိုက် ဖြစ်တာပါ။ မနှစ်ကတော့ ကင်မရာ အကြီး DSLR နဲ. ၇ိုက်ခဲ့တာပါ။


အခုနောက်ပိုင်း လူတွေ တော်တော်များများ ဖုန်းနဲ. ဓါတ်ပုံရိုက်တာများတော့ တော်တော်များများက အပျော်တမ်း ဓါတ်ပုံရိုက်ဖို.ဆိုရင် ကင်မရာ သီးသန်.မ၀ယ်ကြတော့ဘူး။ ဘာလို.လဲ ဆိုတော့ ဖုန်းနဲ.လဲ ဓါတ်ပုံ ကောင်းကောင်းရိုက်လို.ရနေတာပဲလေ။ အဲဒီမှာ compact camera  ဈေးကွက်ကို သွားပြီး ထိခိုက်ပါတယ်။ ဒီတော့ ကင်မရာ ကုမ္ပဏီတွေက အခုနောက်ပိုင်းမှာ compact camera တွေကို ဖုန်းကင်မရာတွေ ထက် ပိုကောင်းအောင် upgrade လုပ်ရပါတယ်။ ဘယ်လို upgrade တွေလုပ်တာလဲ ဆိုတော့ 

၁။ Image senor ပိုကြီးတာကို သုံးလာတယ်။ 
  ကျွန်တော် အခုသုံးနေတဲ့ SONY RX100 II ဟာ ဆိုရင် 1" sensor သုံးထားပါတယ်။ ပုံမှန် compact camera မှာသုံးတဲ့  2/3" sensor ထက် ၁ဆခွဲလောက် ပိုကြီးပါတယ်။ အားသာချက်က တော့ ဓါတ်ပုံမှာ Detail ပိုများပြီး၊ အလင်းရောင် ဖမ်းယူမူ အားပိုကောင်းတယ်လို.ပြောလို.ရတယ်။ Noise လဲ သိပ်မရှိပဲ။ ဓါတ်ပုံက အရမ်း Detail ဖြစ်ပြီး ရုပ်လုံးကြွ နေတဲ့ ပုံမျိုး ရနိုင်ပါတယ်။ 

၂။ Mega Pixel တွေ ပိုမြင့်လာတယ်။
  Mega Pixel များတာ အရမ်းကြီး အသုံးမ၀င်ဘူး ဆိုပေမယ့် လဲ၊ SONY RX100 II မှာ ဆို၇င် 20MP တောင်ပါပါတယ်။ Mega Pixel များတော့ ပုံကြီး ချဲ.တဲ့ အခါမှာ ဓါတ်ပုံထဲမှာ ရှိတဲ့ subject တွေကို ပိုပြီး အသေးစိတ် မြင်နိုင်တယ်။ 

၃။ ISO number တွေ တိုးလာတယ်။ 
  အလင်းရောင် အားနည်းတဲ့ နေရာတွေ မှာ လည်း ရိုက်လို. အဆင်ပြေတယ်။ SONY RX100 II မှာဆို၇င် native ISO 12800 ထိရိုက်လို.ရပါတယ်။ ဒါပေမယ့် ကျွန်တော့် ISO 6400 လောက်ထိပဲသုံးပါတယ်။ 6400 ထိကို noise က တော်တော်လေး လက်ခံလို.ရတဲ့ အနေအထားမှာ ရှိတယ်။ အဲ့ထက်ပိုမြင့်ရင် Noise တွေ အရမ်းထပြီး အရမ်းကြည့်ရဆိုးပါတယ်။ အ၇င် compact တွေမှာဆို၇င် ISO 1600 ကျော်တာနဲ.သုံးစားလို.မရတော့ဘူး။ ဥပမာ - ဖုန်းကင်မရာနဲ. အလင်းရောင် သိပ်မရှိတဲ့နေရာမှာ ဓါတ်ပုံ၇ိုက်တဲ့ပုံမျိုးပေါ့။  

၎။ Brighter Lens
SONY RX100 II  က အနိမ့်ဆုံး Aperture F1.8 နဲ. ရိုက်လို.ပါတယ်။ F number နည်းလေ အလင်း ပိုဝင်လေပဲ။ F1.8 + Higher ISO + Bigger Sensor အားလုံးပေါင်းလိုက်တော့၊ ဘယ်လို အလင်းရောင် အနေအထားမျိုးမှာမဆို ဓါတ်ပုံရိုက်ရတာ ပိုပြီး လွယ်ကူလာတယ်။ အလွယ်ပြောရမယ်ဆို၇င် နည်းနည်းမှောင်နေတဲ့ နေရာမှာ ရိုက်လဲ အလင်းရောင်ကောင်းတဲ့ ပုံရအောင် လွယ်ကူစွာရိုက်နိုင်ပါတယ်။ 

နည်းပညာနဲ. ပတ်သက်တာ ဒီလောက်ပဲေ၇းတော့မယ်။ စာဖတ်သူတွေ စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာမို.


လမ်းကြားတွေထဲမှာ ဈေးတန်းကြီးတွေ ရှိပါတယ်။ လမ်းကျဥ်းကျဉ်းလေးထဲမှာ ဆိုင်တွေ ပြွတ်သိတ်နေအောင်ခင်းထားပါတယ်။ ရောင်းတဲ့ ပစ္စည်းတွေက အရောင်စုံတော့ ဓါတ်ပုံ၇ိုက်ချင်စရာ အရမ်းကောင်းပါတယ်။ လူတွေ များတော့ ဓါတ်ပုံ ခိုးရိုက်ရတာလဲ အဆင်ပြေပါတယ်။ 






Colorful Candles







ဒါတွေက ဆာရီ အကျီပေါ်မှာ ကပ်တာလား မသိဘူး၊ တော်တော်လေး လှတယ်။ 










အိန္ဒိယ မုန်.တွေကို အရင် မန္တလေးမှာနေကတည်းက ကြိုက်တာ။ အခုလဲ ဒီ အ၀ါးအလုံး၁လုံး  ပြား ၈၀ တန် ၀ယ်စားခဲ့တယ်။




 ဖယောင်းတိုင် ထွန်းဖို. ဆီမီးခွက်


နားကပ်





Mario Phone case.



ဟီန္ဒူ ဘုရားကျောင်းထဲလဲ ၀င်ပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ်။ ဘုရားဝတ်ပြုချိန် မို.ထင်တယ်။ ဘုရားဖူးတွေနဲ. အရမ်းကို စည်းကားနေပါတယ်။ 










ဒါကတော့ Mustafa ရှေ.နားက ဈေးတန်းပါတယ်။ ဘာမုန်.မှ ၀ယ်မစားခဲ့ဘူး။ေ၇ဆာလို. ကြံရည် တခွက် S$2 ၀ယ်သောက်ခဲ့တယ်။ 



Mustafa မေ၇ာက်ဖြစ်တာ ကြတော့ ခဏ၀င်ကြည့်ခဲ့တယ်။ နဂိုကတော့ window shopping ပါ။ ကျွန်တော်က ဟမ်းဖုန်း စသုံး ကတည်းက ဘယ်တော့မှ လက်ပတ်နာရီ ၀တ်တဲ့သူမဟုတ်ဘူး။ ပူလို. မ၀တ်ပဲနေတာနဲ. မ၀တ်ဖြစ်တာ ၁၀နှစ်လောက်ရှိသွားပြီ။  လွန်ခဲ့တဲ့ လက အင်ဒိုနီးရှား သွားလည်တုန်းက ဖုန်းအားကုန်သွားလို. အချိန်သိချင်ရင် သူများကို ခဏခဏ မေးရတော့မှ လက်ပတ်နာရီ ရဲ့ အရေးပါပုံကို ကောင်းကောင်းကြီး သဘောပေါက်တော့တယ်။ နောက်လဲ ခရီးထွက်စ၇ာတွေ ရှိလို. Mustafa မှာ လက်ပတ်နာရီ ၀င်ကြည့် ခဲ့တယ်။ Mustafa မှာ လက်ပတ်နာရီကို ဒေါ်လာ ထောင်ကျော်တန်ကနေ ၅ ဒေါ်လာ တန်လောက်ထိကို အစားစား ရှိပါတယ်။ တော်တော်ကိုစုံပါတယ်။ ကျွန်တော်က S$50 ၀န်းကျင်ဟာလောက်ပဲ ရှာတာပါ။ အဲ့မှာ အခု ပုံထဲက Casio နာ၇ီကို သဘောကျလို. ၀ယ်လာခဲ့တယ်။ ဈေးကလည်း  မှန်းထားတဲ့ဈေးရဲ. ထက်ဝတ်ပဲရှိတာ S$25 ပဲ။ ဘယ်လိုနေလဲ?  :)

 

Mustafa ကထွက်လာပြီး အိမ်မပြန်ခင် City Square Mall မှာ ညစာဝင်စားပါတယ်။ ညစာစားရင်း ခုနက ရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်ရင်း  ဒီကင်မရာလေးကို ပိုပြီး သဘောကျမိပါတယ်။ ပုံထွက်တော်တော်လေး ကောင်းပြီး တချို.ပုံတွေဆို DSLR နဲ. ရိုက်ထားသလားတောင် ထင်ရတယ်။  ဖုန်းနဲ. ဆိုရင် ဒီလို ပုံမျိုးမရနိုင်ဘူးလေ။ ဒါကြောင့် ဓါတ်ပုံကောင်းကောင်းရိုက်ချင်တယ် ၊ ကင်မရာ အကြီးကြီးလဲ မသယ်ချင်တဲ့သူတွေ အတွက် ဒီလို အဆင့်မြင့် compact camera လေးတွေက ဈေးကွက်ထဲမှာ နေရာ တနေရာ အနေနဲ. ဆက်လက်ရပ်တည်းနေဦးမှာပါ။










မနှစ်က ရိုက်ထားတဲ့ ပုံတွေ ကို ကြည့်ချင်ရင် ဒီမှာ  ကြည့်လို. ရပါတယ်။


4 comments:

  1. compact camera ပေမယ့် ပုံထွက်တော်တော်လှတယ်နော်။ DSLR က သယ်သွားရသယ်လာရ မလွယ်ဘူး။ ဒီလိုကင်မရာတစ်လုံးဝယ်ထားရင် မဆိုးဘူး။ အပေါ်က ကင်မရာနဲ့ ပါတ်သက်တဲ့ နည်းပညာအကြောင်း ရော ဓါတ်ပုံတွေရော စိတ်ဝင်စားတယ်။ နောင်လည်း နည်းပညာအကြောင်း ဒီလိုဘဲ ညှပ်ညှပ်ရေးပေးပါနော်။ :-)

    ReplyDelete
    Replies
    1.ျဟုတ်ကဲ့ စိတ်ဝင်စားတဲ့သူရှိရင် ဆက်ေ၇းပါ့မယ်။

      Delete
  2. ဓာတ်ပုံတွေ တော်တော်လှတာပဲ.... အဲဒီဘက်ကို သွားကြည့်ချင်စိတ်တောင်ပေါက်လာပြီ.. အချိုမုန့်တွေ လည်း စားချင်သား...

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis