Friday, October 10, 2014

0

Lee Min Ho in Singapore


On 27-Sep-2014, Korean Superstar Lee Min Ho was in town to celebrate Osim's 35 year anniversary. A lot of his fans from Singapore turned up to see him at Causeway Point Mall. 


27-Sep-2014  စနေနေ.က စင်ကာပူ  Causeway Point Mall မှာ ကိုရီးယား မင်းသား Lee Min Ho လာမယ်ဆိုတာ သတင်းစာထဲမှာ ဖတ်မိလို. သွားရတာ အဆင်ပြေတာနဲ. ရောက်ဖြစ်သွားတယ်။ သူ.ကို ကြော်ငြာတွေ ထဲမှာပဲ မြင်ဘူးတယ်။ သူ.သရုပ်ဆောင်ထားတဲ့ Drama တွေ ရုပ်ရှင်တွေ တခါမှ မကြည့်ဘူးဖူး။ ကို၇ီးယားကားမင်းသား မင်းသမီး ဆိုလို. ဂျွန်စော၊ အွန်စော၊ ဒါရိုက်တာရင် ၊ ဆန်းမီ လောက်ပဲ ကြည့်ဖူးတာ။ အဲ့နောက်ပိုင်းမကြည့်ဖြစ်တော့ပေမယ့် Lee Min Ho ကိုတော့ သတိထားမိတယ်။ ဘာလို.လဲ ဆိုတော့ fb မှာဆိုရင် ကောင်မလေးတော်တော်များများက သူ.ပုံကို ပရိုဖိုင်ပုံတင်ကြတာရယ်၊ စင်ကာပူ Korea အလှကုန်ပစ္စည်း ကြော်ငြာ ပိုစတာတွေမှာ တွေ.ဖူးတာရယ်။ Osim ကြော်ငြာတွေ မှာ တွေ.ဖူးတာကြောင့် သိပ်ပြီးတော့ မစိမ်းတော့ဘူး။  

စင်ကာပူမှာ သူ.ပရိတ်သတ်တွေ တော်တော်များပါတယ်။ Mall တခုလုံးလူတွေ  ပြည့်လျှံနေအောင် ဖြစ်သွားတယ်။ ကုလားထိုင်နဲ.လာကြည့်တဲ့သူနဲ.၊ မှန်ဘီလူးနဲ. လာကြည့်တဲ့သူနဲ.၊ နေရာလုလို. ရန်ဖြစ်တဲ့သူတွေကို ကြည့်ပြီး ပြုံးမိပါတယ်။ ကိုယ်တိုင်ကလဲ အစောကြီးလာတာမဟုတ်လို. နောက်ဆုံးတန်းလောက်မှာပဲ ရပ်ပြီး ဓါတ်ပုံရိုက်ခဲ့တာပါ။ ဒါပေမယ့် Zoom Lens ပါသွားတော့ stage နဲ. ဝေးနေပေမယ့် ရိုက်ရတာ တော်တော်လေး အဆင်ပြေပါတယ်။



Lee Min Ho က ပိုစတာ တွေ ထဲမှာ နွဲ.နွဲ.လျလျ ပုံပေါက်နေတာ ကို သတိထားမိတယ်။ ဒါပေမယ့် သူက အပြင်မှာ ပိုပြီးတော့ ကြည့်လို.ကောင်းပါတယ်။ ယောင်္ကျားပို ပီသတဲ့ ပုံပေါက်တယ်ဆိုပါတော့။  Stage ပေါ်မှာ သူ.ရဲ. Fan တွေ နဲ. Game တွေ ဆော့တယ်။ OSIM ၃၅ နှစ်အထိမ်းအမှတ် မွေးနေ.သီချင်းဆိုတယ်။ Osim ၀န်ထမ်းတွေ နဲ. ဓါတ်ပုံရိုက်တာတွေ ကို တွေ.ခဲ့တယ်။ အပြီး ထိစောင့်ကြည့်ရမှာ ပျင်းတာနဲ. ဒီလောက်ပဲ ဓါတ်ပုံရိုက်ပြီး ပြန်လာခဲ့ပါတယ်။





























No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis