Wednesday, October 22, 2014

2

Pontian District, Johor (Malaysia)


2012-April-06 , မနက် ၆နာရီလောက် မှာ စင်ကာပူကနေ မလေးရှားနိုင်ငံ Johor Bahru ဘက်ကို ၂ ညအိပ် ၃ရက်ခရီး စတင် ထွက်ခွာခဲ့ပါတယ်။ ဒီခရီးစဉ်က အဖွဲ.လိုက် ဓါတ်ပုံထွက်ရိုက်တဲ့ ခရီးစဉ်ပါ။ ကျွန်တော့ ရဲ. ပထမဆုံး ဓါတ်ပုံသီးသန်.ထွက်ရိုက်ဖြစ်ခဲ့တဲ့ ခရီးစဉ်။ အရင်က ခရီးသွားတယ်ဆိုတာက လည်လိုက်၊ စားလိုက်၊ ရူခင်းဓါတ်ပုံတွေ ရိုက်တာ လောက်ပဲ။ ဒါကြောင့် ဓါတ်ပုံထွက်ရိုက်တဲ့ ခရီးဆိုတာ ဘယ်လိုလဲ ဆိုတာ အရမ်းစိတ်ဝင်စားခဲ့တယ်။ 


အရင်ဆုံး စင်ကာပူကနေ ဘက်စ်ကားနဲ. Johor ကို အရင်သွားပါတယ်။ Johor ရောက်တော့မှ ငှားထားတဲ့ ကားနဲ. Pontian ကို စတင်ထွက်ခွါခဲ့ပါတယ်။ လမ်းခုလတ် မှာ မနက်စာဝင်စားပါတယ်။ ဒီပုံထဲက အစားအသောက်တွေပါ။ တော်တော်လေး စားလို.ကောင်းပါတယ်။ ဒီလို မနက်စာက စင်ကာပူမှာလဲ ရနိုင်ပါတယ်။ 


Pontian ဆိုတာ သွားလည်ချင်စရာကောင်းတဲ့  နာမည်ကြီးနေရာ တခုမဟုတ်ပါဘူး။ ငါးဖမ်း တဲ့ လုပ်ငန်း လုပ်တဲ့ မြို.လေးပါ။  Johor Immigration check point ကနေ ၁နာရီကျော် မောင်းရတယ်။  မြို.ထဲ ၀င်ခါနီးရင် အခုပုံထဲကလို နာနတ်သီး ရုပ်ထုတွေ တွေ.လိမ့်မယ်။ နာနတ်သီးလဲ ပေါ်တယ်ထင်တယ်။






ပထမဆုံး ဓါတ်ပုံဆင်းရိုက်မယ့် နေရာကတော့ အခု ပုံထဲမှာမြင်ရတဲ့ ရေပေါ်က ငါးဖမ်းအိမ်လေးပါ။ အားလုံး ကင်မရာတွေ လွယ်ပြီး အိမ်လေး ဆီသို. လမ်းလျှောက်လာပါတယ်။ အိမ်ထဲ မသွားခင် အဝေးကနေ ထုံးစံ အတိုင်း ရူခင်းပုံ အနည်းငယ် ရိုက်ခဲ့တယ်။ ဒီနားတ၀ိုက်နေတဲ့ သူတွေက အင်ဒိုနီးရှား ကနေ ရွေ.ပြောင်း လာတဲ့သူများတယ် လို.သိရတယ်။ ဒီပင်လယ်ကြီးရဲ. တဘက်ခြမ်းမှာ အင်ဒိုနီးရှား က ကျွန်းတွေ ရှိတယ် ဆိုပဲ။ 






ခြေတံရှည် အိမ်ပေါ်မှာ ငါးဖမ်းလုပ်ငန်းလုပ်တဲ့ မိသားစုတစ်စု နေပါတယ်။ ဓါတ်ပုံထဲက ကလေးလေးရယ်။ အဘိုးကြီး ရယ်၊ အဘွားကြီးရယ် ၃ယောက်ပဲ တွေ.ခဲ့ပါတယ်။ ကျန်တဲ့သူတွေ ငါးဖမ်းသွားနေတယ်ထင်တယ်။ ကလေးလေးက အရမ်းချစ်စရာကောင်းတော့ ကျွန်တော်တို.ရဲ. ပထမဆုံး Model ဖြစ်သွားတာပေါ့။ 














Travel Photography (ကျွန်တော့အမြင်)
ဒီမိသားစု ဓါတ်ပုံ ရိုက်ပြီးတော့မှ ပဲ ကျွန်တော် Travel Photography ဆိုတာ နည်းနည်းသဘောပေါက်လာပြီး သူ.ရဲ. အနှစ်သာရ ကို ခံစားတက်လာတယ်။။ အရင် ကျွန်တော့ စိတ်ထင်ခရီးထွက်ရင် ရူခင်းပုံတွေ လောက်ပဲရိုက်တယ်၊ ဒါကို ရာနုန်းပြည့် Travel Photography လို.ပဲ ထင်တယ်။ သွားလည်တဲ့ နေရာက  မြို.ခံ လူတွေနဲ. မိတ်ဆက်တာတွေ၊ သူတို.တွေကို ဓါတ်ပုံရိုက်တာတွေ မလုပ်ခဲ့ဘူး။ လုပ်လဲ မလုပ်ရဲဘူး။ သူများ မကြိုက်မှာလဲ စိုးရိမ်တာကိုး။ ဒါကြောင့် ကျွန်တော်ရိုက်တဲ့ ပုံတွေ ဆို ဘာမှ ထူးခြားတာ မရှိပဲ ပုံမှန် Tourist တစ်ယောက်ရဲ. ဓါတ်ပုံတွေ လိုပါပဲ။ ဥပမာပေးရမယ် ဆို၇င်  - ရွေတိဂုံ ဘုရားသွားရင် လူတိုင်း  အင်မတန်သပ္ပါယ်ဖို.ကောင်းတဲ့ ရွေရောင် စေတီတော်ကြီးကို အသည်းအသန် ဓါတ်ပုံရိုက်ကြတယ်။ ဓါတ်ပုံတွေလဲ အရမ်းလှပါတယ်။ ဒါပေမယ့် လူတိုင်း ရိုက်တဲ့ subject က တူနေတော့  ပုံတူတွေ ချည်းပဲ ဖြစ်နေတက်ပါတယ်။  အဲဒီနေရာမှာ သူများတွေနဲ. ကွဲထွက်ချင်တယ်ဆိုရင် စေတီတော်ပုံအပြင် ဘုရားဖူး လာတွေ သူတွေရဲ.  Portrait ဓါတ်ပုံ။ ဘုရားဝတ်ပြုနေတဲ့ ဓါတ်ပုံတွေ ဟာဆို၇င်  တခြား Tourist တွေ ရဲ. ဓါတ်ပုံတွေနဲ. ကွဲထွက်နေပါတယ်။ 

အနှစ်ချုပ်ပြောရရင် Travel Photography ဆိုတာ မိမိသွားလည်တဲ့ နေရာရဲ. ရူခင်း၊ ဒေသခံ ၊ ယဉ်ကျေးမူ နဲ. ဓလေ့စရိုက်ကို ဖော်ကျူးတဲ့ ဓါတ်ပုံတွေ အားလုံး ကိုဆိုလိုပါတယ်။ ကျွန်တော်ပုံမှန်ရိုက်နေကျ ရူခင်းပုံ ချည်းပဲ မဟုတ်ပါ။


Travel Photography Challenges
 ပြောရင်သာလွယ်တာ။ တကယ်တမ်းတော့ ဒေသခံလူတွေရဲ.(သူစိမ်း) ဓါတ်ပုံ၇ိုက်တယ် ဆိုတာ အင်မတန် မလွယ်ပါ။ တိုးတက်တဲ့ နိုင်ငံ ဥပမာ- စင်ကာပူလို နိုင်ငံမျိုးဆိုရင် မဖြစ်နိုင်သလောက် ကို ခက်ပါတယ်။ ဓါတ်ပုံရိုက်ချင်တယ် ရမလား လို.မေးရင် "NO" လို.ပြောမှာ သေချာပါတယ်။ ကံမကောင်းရင် အဆဲတောင် ခံနေရမယ်။  မြန်မာပြည်လို နိုင်ငံမှာတော့ အင်မတန် လွယ်ကူပါတယ်။ ကိုယ်ကလည်း မြန်မာစကားတက်တာကိုး။  ဒါပေမယ့် ကျွန်တော် မလေးရှား၊ အင်ဒိုနီရှား၊ ကန်ဘောဒီယား၊ ဗီယမ်နမ်၊ ထိုင်း  စတဲ့ နိုင်ငံတွေ သွားဖူးပါတယ်။ အဲ့ဒီနိုင်ငံက ဘာသာစကားမတက်ပေမယ့် လဲ Body Language နဲ.  ခွင့်တောင်း ပြီး ဓါတ်ပုံတချို. ရိုက်လာနိုင်ခဲ့ပါတယ်။ လူတွေရဲ. အရိပ်အကဲလဲ ကြည့် ရတာပေါ့။ အရိပ်အကဲ မကြည့်တက်ရင်တော့ စမ်းမကြည့်တာ ပိုကောင်းမယ်။ :)

တခါတလေမှာလည်း ခွင့်မတောင်းပဲ ခိုးရိုက်ရတာတွေလဲ ကြုံဖူးပါတယ်။ ဥပမာ- လူတွေ အလုပ်လုပ်နေတဲ့ပုံတွေ ပေါ့။ ကိုယ်က သဘာဝကျတဲ့ ပုံမျိုးလိုချင်တာကိုး။ ဒီလို အချိန်မှာ သွားပြီး ခွင့်တောင်းလိုက်ရင်  သူတို.လဲ ရှက်ကိုးရှက်ကန်း ဖြစ်ပြီး ဓါတ်ပုံ က သဘာဝမကျ တော့ပါဘူး။ အဓိက ကတော့ အချိန်အခါနဲ. ကိုယ်ဓါတ်ပုံရိုက်ချင်တဲ့ နေရာ နဲ. လူတွေကို အကဲခတ်ပြီး လုပ်သွားရင် အဆင်ပြေပါတယ်။ 



ဒီအကောင် ကို Phuket က ဈေးထဲမှာ မြင်ဖူးတယ်။ ဘယ်လိုခေါ်လဲတော့မသိဘူး။ ချက်စားတာလား?








ငါးဖမ်းတဲ့ မြို.ဆိုတော့ အိမ်တိုင်းလိုလိုမှာ ငါးတွေကို ဆားနဲ. နယ်ပြီး အခြောက်လှမ်းထားတာတွေ.ရပါတယ်။ 






ဒီအိမ်မှာ ဓါတ်ပုံရိုက်ပြီးတော့ ကလေးနဲ. သူ.အဖွားကို နူတ်ဆက်ခဲ့ပါတယ်။ သူတို.လဲ တော်တော်လေး ပျော် နေပုံရပါတယ်။ ကိုယ်လဲ Portrait ဓါတ်ပုံ တချို. ရခဲ့တော့ အင်မတန်ကျေနပ်ခဲ့တယ်။

ဟိုဘက် လမ်းကူးလိုက်တော့ အောက်က ကလေး တသိုက် ဆော့နေတာကိုတွေ.တယ်။ ခုန ဓါတ်ပုံရိုက်ထားတဲ့ အရှိန်ကမသေ သေးတော့ သူတို.ကိုရော တခါတည်း ရိုက်ထည့်လိုက်တယ်။ သူတို.လဲ သူတို.ကို ဓါတ်ပုံ ရိုက်တော့  အထူးအဆန်းတွေ ဖြစ်ပြီး အစကတော့ လန်.သလိုလိုနဲ. နောက်တော့ အေးဆေးပါပဲ။ 










ဒီအိမ်တွေက ဒီကလေးတွေ နေတဲ့ အိမ်ဖြစ်မယ်ထင်တယ်။ လမ်းပေါ်မှာ လူတွေ သိပ်မရှိဘူး။ အိမ်တွေမှာလဲ ကလေးငယ်တွေ နဲ. အဘိုး၊အဘွားအရွယ်လူတွေ လောက်ပဲ ရှိတာ။ လူလတ်ပိုင်းတွေ အားလုံး ငါးဖမ်းထွက်ကြတယ် ထင်ပါတယ်။ 










Pontian Wanton Mee
Pontian Wanton Noodle ဆိုတာ နာမည်ကြီးပါတယ်။ ဒါကြောင့် Pontian ရောက်တုန်း နေ.လည် စာ အဖြစ် ၀င်စားခဲ့ပါတယ်။ စင်ကာပူက Wanton noodle တွေနဲ. သိပ် မကွာပါဘူး။  နည်းနည်း ပို စပ်တာတခုပါပဲ။ 


နေ.လည်စာ စားပြီးတော့ Pulau Kukup National Park ဘက်ကို ဆက်သွားမှာပါ။

Date Photos taken : 2012-Apr-06


2 comments:

  1. ရွံပေါ်လမ်းလျှောက်တဲ့ ငါးအခုမှပဲ မြင်ဘူးတာ... ငါးက ရေနဲ့ပက်တယ်ဆိုတော့ တော်တော်အံ့သြသွားတယ်... တခါမှမကြားဘူးဖူး.... စိတ်ဝင်စား စရာပဲ... ကျေးဇူးတင်ပါတယ်... ငါးပူတင်းကတော့ ဟိုးအရင်တုန်းကတော့ မန္တလေးကျုံးထဲမှာ လည်းခဏခဏတွေ့ဖူးတယ်.... အဲဒီငါးပူတင်းက အရမ်း အဆိပ်ပြင်းလို့ ချက်မစားတတ်ရင် အဆိပ်သင့်ပြီး သေနိုင်တယ် လို့ကြားဖူးတယ်။

    ReplyDelete
    Replies
    1. ကျွန်တော်လဲ မန်းတလေးကပဲ။ ဒါပေမယ့် ကျုံးထဲမှာ ငါပူတင်းရှိတာ မကြားဖူဘူး။ မလေးရှားရောက်မှပဲ မြင်ဖူးတော့တယ်။း)

      Delete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis