Pontian ဘက်မှာ ဓါတ်ပုံရိုက် နေ.လည်စာစားပြီး Kukup (ကူကုတ်) ဘက်ကိုထပ်သွားပါတယ်။ Kukup ဆိုတာ ငါးဖမ်းလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ နေရာပါ။ ကျွန်တော်တို.ရဲ.ကားက သဘောင်္ဆိပ်နားမှာ ရပ်ပါတယ်။ သဘောင်္ဆိပ် မှာ ဖမ်းလာတဲ့ ငါးတွေ ကို အထုတ်နဲ. ထုပ်ထားပြီး ရောင်းနေတာတွေ၊ ငါးတွေကို ကားတွေနဲ. သယ်သွား ၊ မော်တော်တွေနဲ. သယ်သွား တော်တော်လေး အလုပ်ရူပ်နေတာကိုတွေ.ရပါတယ်။
ဒီငါးသေးသေးလေးတွေက ကြောင်တွေ အင်မတန်ကြိုက်တဲ့ ငါးလေးတွေပါ။ ဒီခွေးအမည်းလေး လည်းတော်တော်ကို အလုပ်ရူပ်နေပါတယ်။ မော်တော်ပေါ်က ငါးတွေကို စောင့်နေပုံရတယ်။ သူ.သခင်လဲ ရောက်လာကော အမြီှး တနံ.နံ. နဲ. တော်တော်လေး ချစ်စရာကောင်းပါတယ်။ ပြီးတော့ သူ.သခင်နဲ.အတူ မော်တော်နဲ. ထွက်ခွါသွားပါတယ်။ ကျွန်တော်တို. က Kukup National Park ကို သွားမည့် ferry ထွက်ဖို.ကို စောင့်နေတာပါ။
Kukup ဘက်မှာ ဒီလိုငါးတွေ အများကြီးတွေ.ရပါတယ်။ အင်္ဂလိပ်လို Mudskipper လို.ခေါ်ပါတယ်။ ကုန်းပေါ်ရော ရေပေါ်မှာပါ အသက်ရှင်နိုင်တဲ့ ငါး။ စားလို. မကောင်းလို.ထင်တယ် လမ်းပေါ်မှာ အများကြီး တွေ.ခဲ့တယ်။ စားလို.ရရင် လူတွေ ဖမ်းလို.ကုန်လောက်ပြီ။
လူပြည့်တော့ Ferry စထွက်ပါပြီ။ ကျွန်တော်တို. Ferry က အဲ့နေ.အတွက် နောက်ဆုံး Ferry လို.သိရပါတယ်။ National Park က ညနေ ၄နာရီခွဲ နောက်ဆုံးထားပြီး သွားရတာပါ။ ရေပေါ်မှာ ငါးတွေ မွေးထားတဲ့ ဖောင်တွေ ကို တွေ.ရပါတယ်။ အပြန်ကျရင် အဲဒီ ငါးမွေးတဲ့ ဖောင်ပေါ် သွားလည်မှာပါ။ အရင်ဆုံး National Park ကို အရင်သွားနေပါတယ်။
Ferry 15 မိနစ်လောက်ပဲ စီးရပါတယ် National Park ကို ရောက်ပါပြီ။ အဲဒီ ခြေတံ ရှည်အိမ် ကူးတို.မှာ Ferry ရပ်ပြီး။ ကျွန်းပေါ်ကို လမ်းလျှောက်ပြီး သွားရပါတယ်။
National Park ထဲမှာ ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်ဘူး။ ဘာလို.လဲ ဆိုတော့ အထဲမှာ ဘာမှ ထွေထွေထူးထူး မရှိဘူး။ ငှက်တွေ ၊ ဂဏန်းတွေ၊ မျောက်တွေ၊ တောဝက် တွေ တွေ.တယ်။ ဒီလောက်ပါပဲ။ အထဲမှာ ကြိုးတံတားတွေ ၊ မျှော်စင် တွေ ရှိတယ်။ တချို.လူတွေ မှန်ဘီလူးတွေ နဲ. ငှက်တွေ ကြည့်နေတာတော့ တွေ.ခဲ့တယ်။
![]() |
Wild Boar (တောဝက်) |
National Park က အပြန် လမ်းမှာ ငါးမွေးတဲ့ ဖောင်ပေါ် သွားလည်ပါတယ်။ ရေပေါ်မှာပိုက်ကွန်ချပြီး ငါးတွေ မွေးထားတာပါ။ ဖောင်ပေါ်မှာ ခွေးတွေ မွေးထားတာတွေ.ခဲ့ပါတယ်။ ဒီခွေးလဲ ရေပေါ်မှာနေရတာ တော်တော်ပျင်းနေပုံရပါတယ်။
ဒီပုံထဲက Puffer Fish ကို မြင်ဖူးလား။ သူက ရေထဲကနေ အပြင်ထွက်လာရင် နည်းနည်းလေး လှုပ်ပေးလိုက်ရင် ဘောလုံးလို ဖောင်းလာတယ်။ ငါးမွေးကန်က ၀န်ထမ်းက ကျွန်တော်တို.ကို လက်တွေ. သရုပ်ပြပါတယ်။ တချို.သူတွေလဲ ကိုယ်တိုင် ကိုင်ပြီး လက်တွေ.လုပ်ကြည့် ကြပါတယ်။ ငါးလေး တစ်ကောင်တည်း လူတွေနေ.တိုင်း လာလာကိုင်နေကြတာ တော်တော်ပင်းပန်းနေမှာပဲ။
ရေထဲက ဆယ်ယူကာစ (ဘောလုံးလို မဖြစ်ခင်)
ဒီ သစ်သားပ်ါမှာ ငါးခြောက်ကလေးတွေ တင်ထားတာ ဘာလုပ်တာလဲ သိလား? အောက်က ငါးတွေကို ကျွေးဖို. တင်ထားတာပါ။ ဒါဆိုအောက်က ငါးတွေကခုန်ပြီး စားတာလား? မဟုတ်ပါဘူး။ အောက်က ငါးတွေက ရေထဲကနေ. ပါးစပ်နဲ. ရေကို မူတ်ထုတ်ပြီး သစ်သားပေါ်က ငါးကို ရေထဲ ပြုတ်ကျလာအောင်လုပ်ပြီး စားပါတယ်။ ကျွန်တော် ငါးခြောက်ကလေး ကို လက်နဲ. ကိုင်ထားတော့ ကျွန်တော့ လက်ကို ရေနဲ. လာပတ်ပါတယ်။ အင်မတန်ထူးဆန်းပါတယ်။ အခုမှ ပဲ မြင်ဖူးကြားဖူးတာပါ။ စာဖတ်သူတွေကော ဒီလိုငါးမျိုး မြင်ဖူးကြလား?
![]() |
ရေတွေ မူတ်ထုတ်နေတဲ့ ငါး။ |
နောက်တခု ထပ်တွေ.တာ ကတော့ ငါးမန်းအသေးစားလေးပေါ့။ သူတို.ပြောတာက ငါးမန်းလေးက ပြုံးနေတဲ့ ပုံစံ ပေါက်နေတယ်ပေါ့။ ရေထဲမှာ နေတဲ့ ငါးက ကုန်းပေါ်မှာ ဘယ်လိုလုပ်ပြုံးနိုင်ပါ့မလဲ။ လူတွေက ကိုယ်ထင်ရာ လျှောက်ပြောတော့ သိပ်ခက်တာပေါ့။ ;)
ဖောင်ပေါ်မှာ ကိုယ်ဖာသာ ကိုယ်လျှောက်ပတ်ကြည့်ရင်း ဒီငါးနှစ်ကောင် ကိုတွေ.တယ်။ နှစ်ကောင်လုံး အရှင်ကြီး ဘယ်လိုလုပ် ဒီပေါ်ရောက်နေလဲ မသိဘူး။ အနားမှာ ဘယ်သူမှ မရှိတာနဲ. ရေထဲ ကို ပစ်ချပေးလိုက်တယ်။ :)
ငါးမွေးတဲ့ ဖောင်ပေါ် လေ့လာ ပြီးတော့ Ferryက သဘောင်္ဆိပ်ဘက်ကို ပြန်ပို.ပေးပါတယ်။ နည်းနည်း မှောင်စပြိုးလာတော့ ပြန်ဖို.ပဲ ရှိပါတော့တယ်။
မပြန်ခင် သဘောင်္ဆိပ်နားက လက်ဆောင်ပစ္စည်းဆိုင်တွေ ၀င်ကြည့်ပါတယ်။ ငါးခြောက် တွေ ပုစွန်ခြောက်တွေ နဲ. တခြား ဒေသထွက် မုန်.တွေ ရောင်းပါတယ်။
![]() |
ဈေးဆိုင်ထဲမှာ တွေ.ခဲ့တဲ့ ကလေးမလေး။ |
ညစာ စားအပြီး Johor Bahru က ဟိုတယ်မှာ တညအိပ်ခဲ့တယ်။ မနက်ဖြန် ရေတံခွန် တောင် ကို သွားလည်မှာပါ။
Date Photos taken : 2012-Apr-06
The fish is called "Archerfish"
ReplyDeleteThank you for the name. :)
Delete