Wednesday, October 29, 2014

0

Visit to Mount Ophir (Waterfall)


Pontian ဘက်ကိုတစ်ရက်လည်ပြီး Johor Immigration နားကဟိုတယ်မှာ ၁ညအိပ်ခဲ့တယ်။ တစ်ရက်လုံး လည်ထားတော့ ပင်ပန်းတာနဲ. အရမ်းအိပ်လို.ကောင်းခဲ့တယ်။  နောက်နေ.မနက် ဟိုတယ်က ကျွေးတဲ့ မနက်စာ အဆာပြေစားပြီး ရေတံခွန်တောင်ကို အလည်သွားမှာပါ။ ဟိုတယ်က ဈေးပေါတဲ့ ဟိုတယ်မို. မနက်စာကလဲ အဖြစ်သဘောပဲကျွေးပါတယ်။ ဒါကြောင့် အပြင်မှာ မနက်စာ ထပ်စားခဲ့ပါတယ်။ 


Mount Ophir ရေတံခွန်တောင်ရဲ. တောင်ခြေ car parking ကို နေ.ခင်း ၁၂ လောက်ရောက်သွားပါတယ်။ မနက်စာစားပြီး ကား ၂နာရီလောက်မောင်းလိုက်ရပါတယ်။ နေ.ခင်းကြီး အရမ်းပူတော့ ပိုပြီး ပင်ပန်းတာပေါ့။ ရေတံခွန် တစ်ခုလုံးကို မြင်ရဖို.က တောင်တက်ရမှာကိုး။ 









တောင်ခြေမှာ လက်ဆောင်ပစ္စည်းဆိုင်တွေ မုန်.ဆိုင်တွေ ရှိပါတယ်။ အရမ်းပူတော့ Ice Chendol (မုန်.လက်ဆောင်) ၀ယ်သောက်ခဲ့တယ်။ အရမ်းအရသာရှိတာပဲ။




ရေတံခွန်က တောင်ပေါ်ကနေ ဆင်းလာတော့ တောင်ခြေလောက်နားမှာကို ရေတံခွန်ကို စပြီးတွေ.နေရပါပြီ။ တချို. တောင်မတက်နိုင်တဲ့ သူတွေကတော့ ဒီတောင်ခြေ နားမှာပဲ Camp တွေ ထိုးနေကြ၊ BBQ တွေ ကင်စားနေကြ၊ ဖျာခင်းပြီး ပျော်ပွဲစား လုပ်နေကြတဲ့ အဖွဲ.တွေနဲ. စည်ကားနေပါတယ်။



ကျွန်တော်တို.ကတော့ ရောက်တုန်းရောက်ခိုက် ရေတံခွန်တောင်ကို အပေါ်ဆုံးနေရာထိ တက်သွားပါတယ်။ တောင်တက်လမ်းတစ်လျှောက် အရမ်းသာယာပါတယ်။ လမ်းက မကြမ်းပါဘူး။ သိပ်မမတ်စောက်ပဲ ပြေပြေလေး တက်ရတဲ့အတွက် သိပ်ပြီး မပင်းပန်းဘူး။ ပြင်ဦးလွင်က ဓါတ်တော်ချိုင့် အတက်က ဒီထက် အများကြီး ပိုပင်ပန်းပါတယ်။







နာရီဝက်လောက် ပဲ တက်လိုက်ရတယ် ရေတံခွန်ရဲ. အပေါ်နားရောက်သွားပါပြီ။ ဒီနေရာကနေ ဆက်ပြီး တက်ချင်ရင် တက်လို.ရမယ့်ပုံပါပဲ။ ဒါပေမယ့် လူတွေ တော်တော်များများ က ဒီနေရာမှာပဲ ရပ်လိုက်ကြတော့ ကျွန်တော်တို.လဲ သူတို.လိုပဲ ဒီကနေပဲ ဆက်မတက်တော့ဘူး။ အပေါ်မှာ လမ်းတွေ သေချာ လုပ်ထားပုံမရဘူး။ တောင်တက် အကူပစ္စည်းတွေ ပါမှ တက်လို. အဆင်ပြေမယ်ထင်တယ်။ 











အပေါ်စီးမှာဆိုတော့ ရေတွေ တောင်အောက်ဆင်းတာကို အခုလို အရှည်ကြီး မြင်ရတယ်။ ချော်လဲပြီး ပြုတ်ကျလိုက်ရင်တော့ မတွေ.၀ံ.စရာပဲ။ မလေးရှားက တောင်တွေ ရေတံခွန်တွေမှာ မကြာခဏ ချော်လဲ ပြီး ပြုတ်ကျလို. သေတာ သတင်းထဲမှာ ခဏခဏ ဖတ်ဖူးတယ်။ ဒါကြောင့် ဒီလိုနေရာမျိုးတွေ သွားရင် သတိနဲ. သွားဖို. တိုက်တွန်းချင်တယ်။ facebook မှာ သူများကို  ဓါတ်ပုံနဲ. ကြွားချင်တဲ့ စိတ်ကအားသန်နေရင်  တခါတရံ အန္တရယ်ကို မမြင်တော့ ပဲ သတိလက်လွတ်ဖြစ်သွားတက်တယ်။း) 


တောင်ပေါ်မှာ လူငယ်တွေ အခုလို ရေဆော့ နေတာ ကိုတွေ.ခဲ့တယ်။ နေအရမ်းပူနေလို. အပူရှပ်မှာ စိုးရိမ်တာနဲ. ရေတောင် ဆင်းမကူးခဲ့ရဘူး။ 







တောင်ပေါ်မှာ နာရီဝက်လောက်ပဲ နားပြီး တောင်အောက်ကို ပြန်ဆင်းပါတယ်။ အဆင်းကလဲ အင်မတန်မြန်ပါတယ်။ တောင်အောက် မှာ  အခုလို ကြိုးလွဲပြီး ဆော့နေတဲ့ ကလေးတွေကို တွေ.ရတာ အင်မတန် ကြည်နူးလို.ကောင်းပါတယ်။ ဓါတ်ပုံ အမိရ ၇ိုက်နိုင်ခဲ့လို.လဲ ကျေနပ်မိတယ်။ အဲ့တုန်းက ကင်မရာ အကြောင်းသိပ်နားမလည်လို.၊  အခု ၂ နှစ်လောက် အကြာပြန်ကြည့်တော့ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို စိတ်တိုင်းမကျဘူး။ အတွေ.အကြုံ က သင်သွားတာပေါ့။  နောက်ပိုင်း ဓါတ်ပုံရိုက်ဖြစ်တာ များတော့ ကိုယ့်ကိုယ်ကို နည်းနည်းတိုးတက်လာတယ်လို.တော့ ထင်တာပဲ။ 




ရေတံခွန်ကို လည်ပြီးတော့ ကျွန်တော်တို. Muar ဆိုတဲ့ မြို.လေးကို ညအိပ်သွားလည်မှာပါ။ လမ်းမှာ နေ.လည်စာ အဖြစ် အင်မတန် နာမည်ကြီးတယ်ဆိုတဲ့ အမဲသားဆိုင်မှာ နေ.လည်စာ ၀င်စားပါတယ်။ 


ကျွန်တော်က အမဲသား ဆို သိပ်ပြီး စားလေ့မရှိဘူး။ အဆီတွေ အရွတ်တွေဆိုရင် လုံးဝ ကို မစားတာ။ ဒီဆိုင်က အရမ်းနာမည်ကြီးတယ်ဆိုတော့ မြည်းကြည့်ရတာပေါ့။ သူများတွေ အားရပါးရစားနေတာမြင်တော့ စမ်းပြီး စားကြည့်တယ်။ အသားအပြင် ခါတိုင်းလုံးဝ မစားတဲ့ အဆီတွေ အရွတ် တွေကိုလဲ စမ်းပြီးစားကြည့်တယ်။ ချက်ထားတာ တော်တော်ကောင်းလို.ဖြစ်မယ် အသားတွေက နုနေပြီး လျှာပေါ်မှာကို အရည်ပျော်သွားတယ်လို. ပြောရင်ပိုမယ်မထင်ဘူး။  ပြီးတော့ လက်လက်ဆက်ဆက် အသားမို. ပိုပြီး စားလို.ကောင်းပါတယ်။ အမဲသားချည်းပဲကို မတူတဲ့ ဟင်းတွေ အမျိုးမျိုးမှာ မှာစားလို.ရပါတယ်။











ပိုင်ရှင်သူငှေးက သူ.အမဲသား ကောင်းကြောင်း၊ နူးညံ.ကြောင်း၊ လက်ဆက်ကြောင်း ကြွားပါတယ်။ သူ.ဟင်းတွေ အရမ်း ကောင်းတယ်၊ စင်ကာပူက လူတွေ ကို ကြေငြာပေးမယ် လို. မြောက်ပေးတော့  အခုလို ကတ်ကြေးနဲ. အသားတွေ နွာပြီး ကျွေးပါတော့တယ်။ တရုတ်စကား သိပ်နားမလည်တော့ သူဘာတွေ ပြောနေမှန်း မသိဘူး။ အင်း အင်း  လုပ်ပြီး သူနွာပေးတဲ့ အသားတွေ စားခဲ့တယ်။  :P

 


Date Photos taken : 2012-Apr-07


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis