အစားအသောက် ပို.စ်တွေ မတင်ဖြစ်တာ တော်တော်ကြာပြီ။ အခုတလော ခရီးသွားပို.စ်တွေပဲ တင်ဖြစ်တာ များနေတယ်။ ဒီနှစ်ထဲမှာ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ. အပြင်မှာ ခဏခဏ ထွက်ထွက်စားဖြစ်တော့ အစားအသောက်ပုံတွေ စုထားတာ တော်တော်လေး များလာပြီ။
အပြင်ထွက် စားရင် ကိုယ်နဲ. အကြိုက်တူ၊ စိတ်တူ ကိုယ်တူ (ဂျီးမများတဲ့သူ) နဲ. စားရတာ စိတ်ချမ်းသာတယ်။ တခါတလေ အစပ်လုံးဝ မစားနိုင် တဲ့သူ၊ ဟိုအသား မစား တဲ့သူ၊ ကပ်စီးနည်းတဲ့သူတွေ နဲ. အတူတူ မှာစားရရင် အင်မတန် စိတ်ပျက်ဖို.ကောင်းတယ်။ တကိုယ်ကောင်းဆန်တဲ့ သူဆိုတာမျိုးလဲ ရှိသေးတယ်။ ဥပမာ- သူကြိုက်တဲ့ဟင်းပဲ မှာတယ်။ သူမကြိုက်တဲ့ ဟင်းမှာရင် ဗျစ်တောက် ဗျစ်တောက်ပြောတဲ့သူ။ ဘာလို.လဲ ဆိုတော့ ပြီးရင် အားလုံးစုပြီး ပိုက်ဆံရှင်းရမှာကိုး။ :)
ဒီတခါစားတာ ဟင်းမှာတာ ကျွန်တော့အတွက် သိပ် အစပ်အဟတ်မတည့်ဘူး။ အစပ်မစားတဲ့သူတွေ ပါတော့ သူတို.အတွက် မစပ်တဲ့ Fried Rice၊ Beef Noodle ၊ Assorted Fried၊ Fried broccoli တွေ မှာလိုက်တော့ ဟင်းတွေ က များပြီး အရသာတွေ က ဗျောက်သောက်တွေ ဖြစ်ကုန်တယ်။ ထိုင်းဆိုင်မှာ ကျွန်တော် စိတ်ကြိုက် မှာရမယ် ဆိုရင် Papaya Salad၊ Green curry chicken၊ Tom Yam Soup၊ Basil Chicken စတဲ့ ထိုင်းအရသာ စစ်စစ်ဟင်းတွေပဲ မှာစားဖြစ်မှာပါ။
စင်ကာပူမှာ ထိုင်းစာ စားမယ်ဆို၇င် ကျွန်တော်က တော့ Golden Mile မှာပဲ စိတ်တိုင်းကျတယ်။ ဈေးလည်းသင့်တယ်၊ ရွေးစရာဆိုင်တွေ များပြီး အရသာ ပိုစစ်တယ်။ အပြင်က ဆိုင်တွေက သိပ်ပြီး စားမကောင်းဘူး။ စပ်ရမည့်ဟင်းတွေက တခါတလေ ချိုချို အီအီကြီးတွေ ဖြစ်နေတက်တယ်။
ဒီဆိုင်ကတော့ Bishan MRT နားက Chang Thai ဆိုတဲ့ ဆိုင်ပါ။ Golden Mile က ဆိုင်တွေနဲ. ယှဉ်ရင် အရသာက ပေါ့ပေါ့ကြီးဖြစ်နေတယ်။ အစပ်မစားနိုင်ပဲ ထိုင်းစာ စားချင်တဲ့သူအတွက် တော့ အကြိုက်တွေ.မည့် ဆိုင်မျိုးပါ။
Shop Name : Chang Thai
Shop Address: 151 Bishan Street 11, Block 151, 570151
Thanks... အိမ်နဲ့ နီးနီးလေးပဲ။ သွားစားကြည့်ဦးမှ...
ReplyDelete