မနေ.တုန်းက Singapore က Marina Bay Sand မှာ David Beckham လာသွားတာ သွားကြည့်ကြလား? ကျွန်တော့်လဲ သူများတွေ fb မှာ ရှယ်ထားတာ တွေ.လို. သိတာ။ အားနေတာနဲ. ဓါတ်ပုံသွားရိုက်ဖြစ်ခဲ့တယ်။ Marina Bay Sand မှာ Christmas အတွက် Decoration တွေ တော်တော်လုပ်ထားတာတွေ.ရတယ်။ နောက်နေ.မှ သီးသန်. ဓါတ်ပုံလာရိုက်ဦးမယ်။
David Beckham ထွက်မလာခင် အရင်ဆုံး Mamma Mia ဆိုတဲ့ အကနဲ. ဖျော်ဖြေပါတယ်။ ကတဲ့သူတွေ က သီချင်းဆိုဟန်လုပ်ပြီး ကတာ အရမ်းကြည့်လို.ကောင်းပါတယ်။ တကယ့်ကို မြူးကြွနေအောင် ကတာပါ။ အဲဒီ ကတာ ကို ကြည့်ချင်ရင် Marina Bay Sand မှာ Mamma Mia ဆိုပြီး သီးသန်. show ရှိပါတယ်။ လက်မှတ်ဝယ်ပြီး ကြည့်လို.ရပါတယ်။ အခုက တာက အမြည်းပေးသလို ပုံစံမျိုးပေါ့။
![]() |
MBS's CEO |
Mamma Mia ဖျော်ဖြေ ပြီးတော့ ကလေးတွေ Chirstmas သီချင်းဆိုပါတယ်။ ပြီးတော့ David Beckham ထွက်လာပါပြီ။ David Beckham က အပြင်မှာလဲ အင်မတန် ကြည့်လို.ကောင်း ပြီး အရမ်း smart ကျတဲ့ သူလို. ပြောရမယ်။
ကျွန်တော်ရပ်နေတဲ့ ဘက်ကကြည့်ရင် MBS's CEO က Beckham ကို ကွယ်ပြီး ရပ်နေလို. ကျွန်တော့် ဘေးက လူကတောင် သူ.ကို မေတ္တာပို.နေကြပါသေးတယ်။ သူကွယ်နေတော့လဲ ဘေးနားက TV screen ကို ပဲ ဓါတ်ပုံ ရိုက်ရတာပေါ့။
![]() |
MBS CEO နဲ.စကားတွေ ပြောပြီး Beckham က ဟောဒီ Christmas လက်ဆောင်ဗူးကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ VIP ဧည့်သည်တွေကို နူတ်ဆက်ပြီး ထွက်ခွာသွားပါတယ်။
Beckham ပြန်သွားတော့ လူတွေ တော်တော်များများ ပြန်သွားကြပါတယ်။ နောက်ထပ် ဖျော်ဖြေရေး အစီအစဉ်အနေနဲ. Clara Helms (Australia's Got Talent Final list) သီချင်းဆိုပါတယ်။ သီချင်း ၅ ပုဒ်လောက်ဆိုပြီး အခမ်းအနား ကို အဆုံးသတ်လိုက်ပါတယ်။
Date Taken : 2014-Nov-15
Location : Marina Bay Sand, Singapore
No comments:
Post a Comment