Friday, November 21, 2014

1

Mandalay 2013-JUNE (Bus ride, Baby, Food & Movie)



ရန်ကုန်ကနေ မန္တလေးကို မြတ်မန္တလာထွန်းဘတ်စ် နဲ. ပြန်တယ်။ ကားပေါ်က ခုံတိုင်းမှာ အခုလို TV လေးတွေပါလို. အင်မတန် အံ့သြမိတယ်။ မြန်မာပြည်က ဘတ်စ်တွေ တော်တော်တိုးတက်နေပြီပဲ။ နောက်ပြီး ကားပေါ်မှာ ဘတ်စ်မယ် ဆိုတာလဲ ပါသေးတယ်။ လေယာဉ်မယ်လို ပုံစံပေါ့။ ဘတ်စ် မယ်ရဲ. အလုပ်က ကားစထွက်ရင် ခရီးသည်တွေကို မုန်.နဲ. အအေးတွေဝေ၊ ချမ်းတဲ့သူတွေကို စောင်ထုတ်ပေး၊ ကားမူးတဲ့သူတွေကို ဆေးပေး၊ ကျန်းမာရေးနားခါနီး ဆိုရင် မိုက်ခ် နဲ. ဘယ်နှမိနစ် နားမယ်ဆိုတာပြော၊ ခရီးသည် စုံမစုံ ရေ စတဲ့ အလုပ်တွေပေါ့။ မိုက်ခ် နဲ. ဘယ်နေရာမှာ ဘယ်လောက်နားမယ်ဆိုတာက အသံသွင်းထားလိုက်ရင် သူပြောနေစရာတောင်မလိုဘူး လို.တွေးမိတယ်။ ဘတ်စ် ကုမ္ပဏီတွေ များလာတော့ အပြိုင်အဆိုင် service ကောင်းအောင် လုပ်နေကျတယ် ထင်ပါတယ်။ ဒီအမြန်လမ်းမပေါ်မှာ ကား accident တွေ ခဏခဏ ဖြစ်နေလို. Serivce ကောင်းကောင်းပေးသလိုပဲ safety ပိုင်းကိုလဲ ပိုကောင်းအောင် လုပ်စေချင်တယ်။ ရန်ကုန်- မန္တလေး စီးခဲ့တဲ့ ဘတ်စ်ကား တွေကတော့ သတ်မှတ်ထားတဲ့ အမြန်နူန်းထက်ပို မမောင်း ဘူးလို.ပြောပါတယ်။ အရင်တုန်းကနဲ. ယှဉ်ရင် ကားတွေက ပိုကောင်းပြီး၊  ဖြေးဖြေး ငြိမ့်ငြိမ့်လေး မောင်းနေသလိုခံစားရတယ်။ ဒါပေမယ့်လည်း အဲဒီ အမြန်လမ်းက  ခဏခဏ ယှဉ်တိုက်မူ သတင်းတွေ ကြားနေရတာပဲလေ။ 


 ဟောဒီ TV အသေးလေးနဲ. နောက်ဆုံးပေါ် Hollywood movie တွေ ကြည့်လို.ရတယ်။ မြန်မာ စာတန်းတောင်ပါလိုက်သေးတယ်။ နောက်ပြီး သီချင်းလဲ နားထောင်လို.ရတယ်။ Angry Bird game တောင် ဆော့လို.ရသေးတယ်။



ဘတ်စ်မယ် က ကလေးပါလို. စောင်အပိုတွေ ထုတ်ပေးပါတယ်။ ပူအိုက်တဲ့ ဇွန်လ ဆိုပေမယ့် ရန်ကုန်-မန္တလေး ဘစ်စကားစီးရင် လမ်းမှာ အမြဲတမ်း ချမ်းတယ်လေ။






မန္တလေး ရောက်ရောက်ချင်း အကြိုက်ဆုံး အစားသောက်ဖြစ်တဲ့ တိုဟူးနွေးကို အရင်စားဖြစ်တယ်။ ဒါကတော့ ၃၅လမ်း x ၇၁ လမ်း ဆီဆိုင်နားက သျှမ်းသျှမ်းဆိုတဲ့ ဆိုင်မှာစားတာပါ။ အဲ့ဆိုင်က အိမ်နဲ.လဲ နီးတယ်၊ ဆိုင်ကလဲ သန်.သန်.ရှင်းရှင်း ကျယ်ကျယ်လွင့်လွင့် ဆိုတော့ သဘောကျလို. ခဏခဏ သွားစားဖြစ်တယ်။





ဒညင်းသီးပေါ်ချိန်မို.  ဗန်းရွတ်ရောင်းတဲ့ ဒညင်းသီးကိုလဲ စားခဲ့သေးတယ်။ 



ရတနာပုံဈေးနား ဖြတ်သွားတော့ အဲအချိန်တုန်းက အရမ်းနာမည်ကြီးတဲ့ Pee Mak ထိုင်းသရဲကားပြနေတာ တွေ.ခဲ့တယ်။ အဲ့ကားကို မြန်မာပြည်မပြန်ခင် စင်ကာပူမှာ တခါကြည့်ပြီးပြီ။ ရုပ်ရှင်ကိုလဲ ကြိုက်လို.၊ ဈေးကလဲ ပေါလို.  ညကျရင်လာကြည့်မယ်။ 




မန္တလေးမှာ နေ.ခင်းဘက် အပြင်မှာ အရမ်းပူတော့ အိမ်မှာပဲနေဖြစ်တာများတယ်။ ပူတာမှ အရည်ပျော်ကျမတက်ကို ပူတာ။ အဲဒီတော့ ဟောဒီက တူမလေး ကိုပဲ ဓါတ်ပုံ များများ ရိုက်ဖြစ်တာပေါ့။ 













Pee Mak ညပွဲ ကြည့်ဖို. ရတနာပုံဈေးကို ညကြီး ရောက်လာတယ်။ ညဆိုတော့ ညဈေးရှိတယ်လေ။ အဲ့တုန်းက စိန်တလုံး သရက်ပေါ်ချိန်ဆိုတော့ ဟောဒီလို ရောင်းနေတာကိုတွေ.ခဲ့တယ်။ သရက်သီး တစ်လုံး ၅၀၀နဲ. ၁၀လုံးဝယ်ခဲ့တယ်။ 





ရတနာပုံဈေး (Diamond Plaza) အပေါ်ဆုံးထပ်မှာ ရုပ်ရှင်ရုံ ရှိတယ်။ ရုပ်ရှင်ပြတဲ့ အခန်း၃ခန်းရှိပြီး၊ ရုပ်ရှင် ၃ကားတပြိုင်တည်း ပြတယ်။ အဲ့အချိန်တုန်းက လက်မှတ်ဈေးက ၁၅၀၀၊ ၁၈၀၀ စသဖြင့် ရှိတယ်။ စင်ကာပူက ဈေးနဲ. ယှဉ်ရင်တော့ တော်တော်လေးကိုပေါပါတယ်။ ရုပ်ရှင်ရုံက နိုင်ငံတကာ အဆင့်မှီ ရုပ်ရှင်ရုံပါ။ စိတ်ပျက်ဖို.ကောင်းတာက ရုပ်ရှင်ကြည့်တဲ့ သူတချို.ပါ။ မြန်မာပြည်မှာ ရုပ်ရှင်ကြည့်ရင် စိတ်အနှောက်အယှက်ဖြစ်ရတဲ့ အချက်တွေကတော့ ရုပ်ရှင်ရုံထဲမှာ ဖုန်းပြောတာ၊ စကားတွေပြောတာ၊ ပြီးတော့  နေကြာစိကိုက်တဲ့ အသံ၊ ငါးမုန်.ကြော် ကိုက်တဲ့ အသံ၊ မုန်.ထည့်တဲ့ ကြွတ်ကြွတ်အိတ် ကထွက်တဲ့ အသံတွေ နဲ. ဆူညံနေတာပဲ။


 နောက်ပြီး မြန်မာပြည်မှာ နိုင်ငံခြားကားပြတဲ့အခါ မြန်မာစာတန်းထိုးရင် သိပ်ကောင်းမှာပဲ ။ ထိုင်း၊ မလေးရှားနဲ. အင်ဒိုနီးရှားမှာဆို နိုင်ငံခြားကားပြရင် သူ.တို.ဘာသာစကား စာတန်းထိုးပါတယ်။ ဒါမှ ကြည့်တဲ့သူတွေလဲ နားလည်ပြီး ရုပ်ရှင်ကို ပိုအာရုံစိုက်လာမယ်။ မဟုတ်ရင် စကားနားမလည်လို. ကြည့်လဲ မထူးဘူးဆိုပြီး ရုပ်ရှင် ကို အာရုံမစိုက်ပဲ စကားတွေပြော၊ ဖုန်းတွေပြောတာတွေ လျှော့သွားနိုင်တယ်။ တချို.ကျလဲ အပြင်မှာ ပူလို. အဲယားကွန်းအရသာခံချင်တာနဲ. ရုပ်ရှင်ကြည့်တာလဲ ဖြစ်နိုင်တယ်။ အိမ်မှာ အဲယားကွန်ရှိတောင် မီးက မမှန်ဘူးလေ။


ရုပ်ရှင်ကြည့်ပြီး အိမ်ပြန်ရောက်တော့ တူမလေးက အိပ်နေပြီ။ :)




1 comment:

  1. She is so cute. Want to squeeze her.

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis