မနက်စာကို ဖြစ်သလို Food court မှာပဲ စားတယ်။ Laska (မလေးရှား အုန်းနို.ခေါက်ဆွဲ) စားခဲ့တယ်။
မနက်စာ စားပြီးတော့ ပင်လယ်ကမ်းခြေလို နေရာ တနေရာကို သွားတယ်။ ဘာမှ အထွေအထူး မရှိပါဘူး။ ပင်လယ်ဘေးမှာ ထိုင်ပြီး လေညင်းခံရုံ လောက်ပဲ။ ဘာမှ ဓါတ်ပုံရိုက်စရာ မရှိတာနဲ. လာလည်တဲ့သူ တချို.ကို ဓါတ်ပုံ ရိုက်ခဲ့တယ်။
ပင်လယ် ကမ်းခြေမှာ တအောင့် နားပြီးတော့ Muar မြို.ထဲ ကို ပြန်သွားပါတယ်။ Muar မြို.ထဲက အစားအသောက်တွေ ရောင်းတဲ့ ဈေးတန်းကြီး ရှိတယ်။ အဲ့ဒီကို သွားလည်ပြီး လမ်းဘေး အစားအသောက်တွေ သွားစားမှာပါ။
ဈေးတန်းဘက်ကို မသွားခင် အရင်ဆုံး ကော်ဖီ ဆိုင်မှာ ကော်ဖီ အေး ၀င်သောက်ပါတယ်။ နာမည်ကြီး ကော်ဖီ ဆိုင်မို. လာသောက်တဲ့ သူတွေ များပြီး ကော်ဖီကလဲ တော်တော်လေး သောက်လို.ကောင်းပါတယ်။ မိုနာလီစာတောင် ကြိုက်တယ်ဆိုပဲ။ :)
ကော်ဖီဆိုင်ကနေထွက်ပြီး နောက်ဖေး လမ်းကြားထဲ ၀င်လိုက်တာနဲ. ဈေးတန်းကြီးကို တွေ.ရပါတယ်။ ညဈေးတန်းလို ပုံစံ လမ်းဘေးမှာ မုန်.ဆိုင်တွေ အများကြီးရှိပါတယ်။ အနယ်နယ် အရပ်ရပ် ကလူတွေ လာစားပုံရတယ်။ ဈေးက တော်တော်လေး စည်တယ်။ ဈေးတန်းအပြင် ကုန်တိုက် လို အဆောက်အဦးတွေလဲ ရှိပါတယ်။ ဒါပေမယ့် အချိန်မရလို. shopping မလုပ်ခဲ့ဘူး။ လမ်ဘေးဆိုင်က ဆီချက်ခေါက်ဆွဲ၊ ကော်ပြန်.ကြော် နဲ. အအေး ပဲ စားခဲ့တယ်။
အီကြာကွေးကို ဒီလို ကားပေါ်မှာ ကြော်ပြီး ရောင်းတယ်။
Satay လဲ စားကောင်းမဲ့ ပုံပဲ။ ဒါပေမယ့် မစားခဲ့ရဘူး။
ညနေ ၃နာရီလောက်မှာ Muar ကနေ ထွက်လာပြီး စင်ကာပူကို တောက်လျှောက်ကားမောင်းပြီး ပြန်လာခဲ့တယ်။ ၃နာရီကျော်လောက် ကားမောင်းလိုက်ပြီးတော့မှ Johor က Immgiration check point ကို ရောက်ပါတယ်။ စင်ကာပူ ကို တန်းမသွားပဲ City Square Mall မှာ ခဏ shopping လုပ်၊ ညစာ KFC ကြက်ကြော်စားပြီး တော်တော်မှောင်သွားမှ စင်ကာပူက ဘက်ကို ပြန်လာခဲ့ပါတယ်။
ဒီ ၂ညအိပ် ၃ရက် ခရီး က Johor ဘက် နေရာတွေ တော်တော်များများ ကို ရောက်ခဲ့လို. စိတ်ဝင်စား ဖို.ကောင်းပြီး၊ သွားရကျိုးနပ် တဲ့ ခရီးတစ်ခု လို. ပြောလို.ရတယ်။
သွားထားတဲ့ ခရီးတွေက များနေတော့ ပို.စ် အကြွေးတွေ အများကြီးတင်နေပြီ။ ဒါကြောင့် ဒီရက်ပိုင်း ၁ ပတ်ကို ပို.စ် ၂ခုလောက် တင်ဖြစ် အောင်ကြိုးစားမယ်။ ဖတ်တဲ့ သူ ရှိမရှိတော့ မသိဘူး။ အနည်းဆုံးတော့ ကိုယ်ပိုင် Diary အဖြစ် မှတ်တမ်းတင်နိုင်တာပေါ့။
Date Photos taken : 2012-Apr-08
Yes, I enjoy a lot to read your travel post and great photos shooting.
ReplyDeleteThanks for sharing.