(2013-Jun-23) မန္တလေးမှာ ၃ ရက်လောက်နေပြီးတော့ ပျင်းတာနဲ. နီးနီးနားနား ဘယ်သွားရမလည်း စဉ်းစားရင်း စစ်ကိုင်းတောင် ကို သွားဖို. အကြောင်းဖန်လာတယ်။ စစ်ကိုင်းဘက်မှာ နေတဲ့ မိတ်ဆွေတစ်ယောက် က သူ.အိမ်ကို အလည်ဖိတ်တယ်၊ ပြီးရင် စစ်ကိုင်းတောင်ကို လိုက်ပို.မယ်ဆိုလို. စစ်ကိုင်းဘက်ကို မန္တလေးကနေ ဆိုင်ကယ်နဲ. ထွက်လာခဲ့တယ်။ စစ်ကိုင်းမရောက်ခင် အမရပူရ နားမှာ ဘုန်းကြီးကျောင်းတခုကို ၀င်သေးတယ်။ ဘုန်းကြီးကျောင်းနာမည်တော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် တော်တော်လေး နာမည်ကြီးပုံရတယ်။ ဘာလို.လဲ ဆိုတော့ ဘုန်ကြီးကျောင်းဝန်းကြီးက အကျယ်ကြီးပဲ၊ ပြီးတော့ ပုံထဲမှာ မြင်ရတဲ့ အတိုင်း ဘုရားဆင်းတုတော် တွေ အများကြီးရှိတယ်။
ဘုန်းကြီးကျောင်းထဲကို ၀င်ကြည့် ပြီးတော့ စစ်ကိုင်းဘက်ကို ဆက်သွားတယ်။ စစ်ကိုင်းမြို.ဆိုတာ မန္တလေးမြို.လယ်ကနေ ဆိုင်ကယ်နဲ. ဆို မိနစ် ၃၀- ၄၅ လောက်မောင်းရင် ရောက်တယ်။ စစ်ကိုင်းတံတားကို ဖြတ်ပြီးရင် စစ်ကိုင်းမြို.ထဲကို ရောက်ပါတယ်။ မန္တလေးကနေ မင်းကွန်းကို ကုန်းလမ်ကနေ သွားရင်လဲ စစ်ကိုင်းမြို.ကို ဖြတ်ပြီး သွားရပါတယ်။
စစ်ကိုင်းရောက်တော့ အရင်ဆုံး မိတ်ဆွေရဲ. အိမ်ကို ခဏ၀င်ပါတယ်။ မနက်စာကိုသူတို. အိမ်ရှေ.က လမ်းဘေးမှာ ရောင်းတဲ့ မုန်.တီ ဆိုင်မှာ စားပါတယ်။ မုန်.တီဆိုင်ပုံကို အပေါ်မှာ ကြည့်နိုင်ပါတယ်။ မုန်.တီက အင်မတန်ကိုစားလို.ကောင်းပါတယ်။ မန္တလေးက နာမည်ကြီး မုန်.တီဆိုင်နဲ. နင်လားငါလားပဲ။ မုန်.တီက ငါးဖယ်နဲ.သုတ်ထားတာပါ။ ပဲမုန်.က ကောင်းတော့ မုန်.တီသုတ်က စီးပြီး မွေးနေတာပဲ။ တစ်ပွဲနဲ.မ၀ လို.၂ပွဲစားခဲ့တယ်။ တပွဲမှ ၃၀၀ကျပ်တည်းရယ်။ ပဲမုန်.ကောင်းလို. စစ်ကိုင်းက မိတ်ဆွေကိုဘယ်မှာဝယ်ရတာလဲ မေးတော့။ သူတို.အိမ်က လူက ဈေးထဲကနေ ၁ပိသာ ၀ယ်လာပေးတယ်။ အဲဒီ ပဲမုန်.ကို စင်ကာပူထိသယ်လာခဲ့တယ်။
အဲဒီတုန်းက စစ်ကိုင်းမှာ ဒီလိုအသီးတွေ ပေါတဲ့ အချိန်ပေါ့။ မြန်မာလို ဘယ်လိုခေါ်လဲတော့ မသိဘူး။ စစ်ကိုင်းက အိမ်တိုင်းလိုလိုမှာ အဲဒီ အပင်ရှိတယ်။ ကျွန်တော်တို.သွားလည်တဲ့ အိမ်မှာလဲ ဟောဒီလို သီးနေတာ တွေ.ခဲ့ရတယ်။ စစ်ကိုင်းနဲ. မန္တလေး ဒီလောက်နီးတာ မန္တလေးမှာ ဘာလို. ဒီလိုအပင်တွေ မတွေ.ပါလိမ့်။ အဲ့အသီးက စင်ကာပူမှာလဲ ၀ယ်စားလို.ရပါတယ်။
မနက်စာ မုန်.တီသုတ်စားပြီး စစ်ကိုင်းတောင်ဘက်ကို သွားပါတယ်။ စစ်ကိုင်းတောင်ကို မရောက်ဖြစ်တာ အနည်းဆုံး ၁၂ နှစ်လောက် ရှိပြီ။ ဆိုင်ကယ်ကို တောင်အောက်မှာ အပ်ထားပြီး ခြေလျှင်တက်ပါတယ်။ ကား၊ဆိုင်ကယ် နဲ.တက်မယ်ဆိုရင်လဲ တက်လို.ရပါတယ်။ အဲ့နေ.က တော်တော်လေးပူတော့ အပေါ်တက်ရတာ နည်းနည်းပင်ပန်းတယ်။ အမှန်တော့ စစ်ကိုင်းတောင် တက်ရတာ မန္တလေးတောင်တက်ရတာလောက်တောင် မပင်ပန်းပါဘူး။
လမ်းတလျှောက်မှာလဲ အတွဲတွေ အကြိုက် ဟောဒီလို လမ်းဂျို လမ်းကြားလေးတွေ ရှိတယ်။ ဒါကြောင့်မို.လဲ "အတွဲချောင်းရန်ရှိသည်" လို.ရေးထားတာဖြစ်မယ်။း)
တောင်တက်ရင်းနဲ. လမ်းတစ်လျှောက်ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေပါ။ ရာသီဥတု အရမ်းပူပေမယ့် အခုလို စိမ်းစိမ်းစိုစိုမြင်ရတော့ အမောသက်သာတာပေါ့။ လမ်းတစ်လျှောက်ကျွန်တော်တို.အဖွဲ. အပြင် တခြား နိုင်ငံခြားသား ၂ယောက် ၃ယောက်လောက်ပဲ တွေ.တယ်။ ကြည့်ရတာ တော်တော်များများက တောင်ပေါ်ကို ကားနဲ. တက်ကြတယ် ထင်တယ်။
![]() |
Two Sagaing Bridges can be seen from Sagaing Hill. |
![]() |
University for the monks. I guess. |
တောင်ပေါ်က ဆွမ်းဦးပုညရှင်စေတီ မှာ ခဏနားပါတယ်။ စေတီနားမှာ သီလရှင်လေးတွေကို တွေ.လို. ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ ဓါတ်ပုံရိုက်ခွင့်ရှိပေမယ့် နေက ခေါင်းပေါ်တည့်တည့်ရောက်နေလို. ဓါတ်ပုံရိုက်ရတာ အဆင်မပြေဘူး။ ဓါတ်ပုံတွေက over-exposed ဖြစ်နေတယ်။ စိတ်တိုင်းကျတဲ့ ပုံလေးတွေပဲ ရွေးပြီးတင်လိုက်တယ်။
![]() |
Soon U Ponya Shin Pagoda.
ဘုရားကျောင်း ထဲမှာ ကြောင်ကလေး အခုလို ဘုရားဖူးတွေ နဲ. အတူထိုင်နေတာ သဘောကျလို. ဓါတ်ပုံရိုက်ခဲ့တယ်။
ဆွမ်းဦးပုညရှင်ဘု၇ား ကနေ ဥမင်သုံးဆယ်ဘုရား လမ်းတစ်လျှောက် မြင်တွေ.ခဲ့ရတဲ့ရူခင်းတွေပါ။ ပုံတွေ များကြီး ကျန်သေးလို. နောက်ပို.စ်တခု ထပ်ရေးပါဦးမယ်။
No comments:
Post a Comment