Sunday, November 30, 2014

2

Short visit to Sagaing Hill, 2013 #2


(2013-Jun-23) ဆွမ်းဦးပုညရှင်ဘု၇ား (Soon U Ponya Shin Pagoda) ကနေ ၁၅ မိနစ်လောက် လမ်းလျှောက်အပြီးမှာ ဥမင်သုံးဆယ်ဘုရား (U Min Thone Sae Pagoda) ကိုရောက်ပါတယ်။ အရင်တုန်းက စစ်ကိုင်းတောင်ကို ၂ခါလောက်ရောက်ဖူးတယ်။ ဒါပေမယ့် ဒီဘုရားကို အခုမှ ရောက်ဖူးတာပါ။ မရောက်ဖူးပေမယ့် အင်တာနက်ထဲမှာ ပုံတွေ တွေ.ထားလို. ရင်းနှီးနေတယ်။ ပုံတွေထဲမှာ မြင်ရတဲ့ အတိုင်း ဘုရားဆင်းတုတော်တွေ အတန်းလိုက်ကြီး တွေ.ရတယ်။ ဘုရားထဲမှာ ဆရာလေး နဲ.တွေ.လို. ဓါတ်ပုံရိုက်ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ အခုနောက်ပိုင်း မှာ Street Portrait တွေ ရိုက်ရင် ကျွန်တော် အရင်ခွင့်တောင်းပြီးမှ ရိုက်တယ် အများသော အားဖြင့် OK တာများတယ်။ Not OK ဆိုတာလဲ ရှိပါတယ်။ တချို.ကျလဲ ရှက်လို.ဆိုပါတော့။ Not OK ဆိုရင်လဲ မရိုက်ဘူးပေါ့။ ဘာပဲ ဖြစ်ဖြစ် ချောင်းပြီး ရိုက်လို. လူမိသွားတာထက် စာရင် ပိုပြီး သိက္ခာရှိပါတယ်။ ဆရာလေး ကို Portrait ပုံ ရိုက်မယ်၊ ပြီးရင် ဘုရားဝတ်ပြုနေတဲ့ ပုံတွေ လဲ ရိုက်မယ် လို. ခွင့်တောင်းပြီး ရိုက်ခဲ့တာပါ။ 




ဆရာလေးကို ဓါတ်ပုံရိုက်ပြီး အပြင် မထွက်ခင် ဘုရားဆင်းတုတော်တွေကို သူများတွေ ရိုက်သလို အတန်းလိုက်ကြီးပေါ်အောင် ရိုက်ခဲ့သေးတယ်။ နေရာက သန်.ရှင်းပြီး Colorful ဖြစ်နေတော့ ဓါတ်ပုံထဲမှာ အရမ်းကြည့်လို.ကောင်းတယ်။ အခုမှ ဒီဘုရားရဲ. သမိုင်းကြောင်းကို စိတ်ဝင်စားမိတယ်။ ဘယ်အချိန်က ဘယ်လို ရည်စူးပြီး ဒီလို ဘုရားတည်ခဲ့သလဲပေါ့။










ဘုရားအပြင်ဘက် ထွက်ရင် တောင်ပေါ်ကနေ ပတ်ဝန်းကျင်ရူခင်းကို ခံစားနိုင်ပါတယ်။ အဲဒီအချိန်က နေ.လည်နေအရမ်းပူနေလို. အေးအေးဆေးဆေး မခံစားနိုင်ခဲ့ဘူး။ တောင်ပေါ်က ပြန်မဆင်းခင် ဥမင်သုံးဆယ် ဘုရားရဲ. အပေါ်မှာ ရှိတဲ့ စေတီကိုလဲ သွားပြီး လေ့လာကြည့်ခဲ့သေးတယ်။ 






အခုထိ အမှတ်ရနေတာ တခုကတော့ တောင်ပေါ်က အဆင်းလမ်းမှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်က မိန်းမတစ်ယောက် သူ.သမီးကို တုတ် နဲ. အားရပါးရ ရိုက်နေတာပါ။ ရာသီဥတု ပူလို.ပဲ သွေးဆိုးတာလား? စိတ်ချမ်းသာချင်လို. လျှောက်လည်ရင် ဒါမျိုးတွေ နဲ. လာတွေ.တာ တော်တော် ဆိုးတယ်။ ကိုယ်တိုင် လဲ ဘာမှမတက်နိုင်ဘူး။ အတွေ.အကြုံလဲ မရှိတော့ ဘာလုပ်ရမှန်းလဲ မသိဘူး။ ကိုယ်က သွားတားရင် လဲ ကိုယ့်သမီး ကိုယ်ရိုက်တာ ဘာပြုတုန်း လို. ပြောလွတ်နေဦးမယ်။ ဆိုင်ရှေ.မှာ အကျီပေါ်မှာ အလှထိုးတဲ့ ဘော်ကြယ်၊ ဆွီးကွင့် တွေ မှောက်ကျနေတာကို ကလေးမလေးက ငိုပြီးကောက်၊ အမေက တုတ်နဲ. အားရပါးရိုက်နေတာလေ။ ကြည့်ရတာ ကလေးမလေး ကြောင့် ဘော်ကြယ် တွေ မှောက်ကျတာနေမှာပေါ့။ ပြန်ပြီး ကောက်လိုက်ရင် ပြီးသွားမယ့်ဟာကို ဘာလို. အဲ့လောက်တောင် ရိုက်နေရတာလဲ။ ရုပ်ရှင်ထဲက မိဒွေးလို ပုံစံမျိုးနဲ.။ ကျွန်တော် အမုန်းဆုံး လူတွေ ထဲမှာ အခုလို အားနည်းသူကို အနိုင်ကျင့်တဲ့သူတွေ ပါတယ်။ ရို်က်တာကို ကြည့်နေရင် ပရိတ်သတ်ရှိတယ် ဆိုပြီး ပိုရိုက်နေမှာ ဆိုးလို. ဆက်ကြည့်မနေတော့ ပဲ အမြန်ထွက်လာခဲ့တယ်။ ဘာမှမလုပ်ပေးခဲ့လို.လဲ ကိုယ့်လိပ်ပြာ ကိုယ်မလုံ သလို ခံစားရတယ်။ 

အခုကြုံခဲ့ရတာ ကတော့ လူအချင်းချင်း အနိုင်ကျင့်တာပေါ့။ တိရစ္ဆာန်ကို အနိုင်ကျင့်တာကို ပြောရရင်တော့ ရေးလို.ပြီးမှာ မဟုတ်ဘူး။ မြန်မာပြည်ပြန်တိုင်း Animal Abuse လုပ်တာတွေ ခဏခဏ တွေ.နေရတယ်။ ခွေးကို ရိုက်တာ ၊ကားနဲ.ကြိတ်သွားတာ၊ ရေနွေးပူ၊ဆီပူနဲ. ပက်တာ စတာတွေပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အသိဥာဏ်မရှိတဲ့ လူတွေ လုပ်တဲ့ လုပ်ရပ်မျိုးပေါ့။ တခါ တုန်းကလည်း ဦးပိန်တံတားမှာ အကြော်စားနေတုန်း အစာတောင်းတဲ့ ခွေးကို ဆိုင်ကလူက ထင်းချောင်းနဲ. လှမ်းပစ်တာလေ။ သူ.ကိုယ်သူ Hero လိုပုံစံမျိုးနဲ.ပေါ့။ ပြောချင်တာက ဒီလို အထင်ကရ Tourist attraction site တွေမှာ ဒါမျိုး လုပ်ရပ်တွေကို တွေ.နေရတာ တိုင်းပြည်အတွက် အင်မတန် အရုပ်ဆိုးတယ်လို. ထင်မိတယ်။ မြန်မာပြည်မှာပဲ ဒါမျိုးလုပ်ရပ်တွေ ရှိတာလို. မဆိုလိုပါဘူး။ တခြားနိုင်ငံတွေ မှာလဲ ဒါမျိုးလုပ်ရပ်တွေ ခဏခဏဖြစ်နေတာ အင်တာနက်ပေါ်မှာ ဖတ်ဖူးပါတယ်။ အနာဂတ် မြန်မာလူငယ်တွေ လူကြီးတွေဆီက ဒါမျိုးလုပ်ရပ်တွေ ကို အတုမခိုး မိပါစေနဲ. လို. ဆုတောင်းမိတယ်။ 


စစ်ကိုင်းတောင်ပေါ်ကနေ၊ လာလမ်းအတိုင်းပြန်ဆင်းတယ်။ အဆင်းကျတော့အရမ်းကို မြန်တယ်။ ဆိုင်ကယ် နဲ. စစ်ကိုင်းမြို.ထဲကို နေ.လည်စာ စားဖို.ထွက်လာတယ်။ နေ.လည်စာကို လက်ဖတ်ရည်ဆိုင် မှာပဲ ဖြစ်သလိုစားလိုက်တယ်။ အဲ့ဆိုင်က အသုတ်အစုံရတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်း ၀က်ကလီစာသုတ်၊ ငါးဖယ်သုတ်၊ လက်ဖတ်သုတ်၊ မြင်းခွာရွက်သုတ်၊ ထမင်းသုတ်၊ ထမင်းဆီဆမ်း တွေ မှာစားခဲ့တယ်။  ၆ယောက်စားတာ စုစုပေါင်း ၇၀၀၀ ကျော်ပဲပေးရတယ်။ 





နောက်ဆုံး အနေနဲ. မန္တလေးဘက်ကို မပြန်ခင် စစ်ကိုင်းတံတား မဖြတ်ခင် စစ်ကိုင်းဘက်က ဘု၇ား ကိုသွားခဲ့သေးတယ်။ အဲ့နေရာက ဗြူးကောင်းတယ် ဆိုလို. ရောက်သွားခဲ့တယ်။ ဘုရားအ၀င်မှာ အခုလို ရေးထားတာ သဘောကျလို. ဓါတ်ပုံ ရိုက်ယူလာခဲ့တယ်။ အတွဲထိုင်ဖို.ဆိုရင်  ဒီနေရာကို မလာနဲ.နော်။:)







ရာသီဥတုက ပူတာမှ ဘု၇ားပေါ်မှာ ဖိနစ်မစီးရတော့ ခြေဖ၀ါးတွေတောင် ကျပ်သွားမတက်ကို ပူတာ။ အပူချိန် ၄၀ ဒီဂရီလောက်ရှိမယ် ထင်တာပဲ။ ဗြူးကောင်းတယ်ဆိုပေမယ့် လည်း အရိပ်ရတဲ့ နေရာကနေပဲ ရသလောက် ဓါတ်ပုံလှမ်းရိုက်ခဲ့တယ်။  ဒီနေရာကနေ စစ်ကိုင်းတံတားကို လဲ မြင်ရတယ်၊ ဟိုဘက်ကမ်းက ရွေကြက်ယက် ဘုရားကိုလဲ မြင်ရတယ်။ ခုန တက်ခဲ့တဲ့ စစ်ကိုင်းတောင်ကိုလဲ မြင်ရတယ်။ ညနေပိုင်း အပူရှိန်လျှော့တဲ့ အချိန် လောက် လာရင် ဓါတ်ပုံရိုက်လို.ပိုကောင်းမယ်။ 






Shwe Kyat Yet pagoda










စစ်ကိုင်းတောင် ပို.စ်ကတော့ ဒီလောက်ပါပဲ။ နောက် မန္တလေးမှာ ရိုက်ထားတဲ့ ပုံတွေ ဆက်တင်ပါ့မယ်။ ၂၀၁၄ စင်ကာပူက ခရစ်စမတ် အလှဆင်ထားတာတွေလဲ တင်ဖို.ရှိသေးတယ်။ 


2 comments:

  1. ရာသီဥတု ပူလို.ပဲ သေးဆိုးတာလား? :')

    ReplyDelete
    Replies
    1. Corrected. Thank for pointing that out. :P

      Delete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis