2013-Jun-19 ရက်နေ. စင်ကာပူကနေ ရန်ကုန် ကို ၁၀ရက် ပြန်ခဲ့တယ်။ ဒီတခါ ပြန်တဲ့ ရည်ရွယ်ချက်က ခါတိုင်းလို လျှောက်လည်ဖို.မဟုတ်ပဲ တဦးတည်းသော တူမလေးကို မြင်ဖူးချင် တာနဲ. IELTS exam ကို မန္တလေးမှာ ဖြေဖို. ပါ။ IELTS က မြန်မာပြည်မှာ ဖြေရင် စာမေးပွဲကြေးက စင်ကာပူကထက် ထက်ဝတ်နီးပါးလောက် ဈေးပေါပြီး အမှတ်ပေးတာလဲ နည်းနည်း ရက်ရောတယ်လို. ပြောကြလို.။ ဒါကြောင့်မို. ဒီတခါ ပြန်တာ ခါတိုင်းလို ဓါတ်ပုံ အများကြီး မရိုက်ဖြစ်ဘူး။ စာမေးပွဲ Stress ကြောင့် ဓါတ်ပုံ ရိုက်ချင်စိတ်လဲ မရှိဘူး။ ဒါပေမယ့် လဲ ဓါတ်ပုံ မရိုက်ရင် မနေနိုင်သူဆိုတော့လဲ။ :)
ရန်ကုန်ကို နေ.လည် မိုးရွာနေတုန်းရောက်ပါတယ်။ လေဆိပ်အပြင်မှာ Taxi ဆရာမှတ်ပြီး ဈေးပြောပြီး Luggage ထည့်ပေးလိုက်တာ ဘယ်မဟုတ်မလဲ သူက လက်ဖတ်ရည်ဖိုးတောင်းတယ်။ Luggage က တလုံးပဲ ပါတော့ ကိုယ်ဖာသာ ဆွဲလဲရတာပဲလေ။ အဲ့ဒါနဲ. "Taxi ဆရာ ဆီက လက်ဖတ်ရည်ဖိုးတောင်းလိုက်" လို.ပြောလိုက်တယ်။ အဲ.လူက မကျေနပ်စွာနဲ. ပွစိ ပွစိ ပြောပြီးကျန်ခဲ့တယ်။ Taxi က ၅၀၀၀ကျပ်လောက် ပဲ ပေးရမယ့် ခရီးကို ဈေးမဆစ်ပဲ ၈၀၀၀ ပေးပြီး စီးခဲ့တာဆိုတော့ Taxi ဆရာက အဲ့လူကို လက်ဖတ်ရည်ဖိုးပေးပေါ့။ ဟုတ်တယ်မလား? နိုင်ငံခြားက ပြန်လာတဲ့သူတွေကို ငွေထုတ်ပိုက်ပြီး ပြန်လာကျတယ်များ အောင့်မေ့နေကြလား မသိဘူး။ မြန်မာပြည်မှာ လုပ်ကိုင်စားသောက်ရတာ ခက်ခဲတာတော့ နားလည်ပါတယ်။ ဒါပေမယ့် ဒါမျိုး အလုပ်တွေကိုတော့ ကျွန်တော်အားမပေးဘူး။ စေတနာရှိရင် ပေးလိမ့်မယ်ပေါ့။
ဓါတ်ပုံထဲမှာပဲ မြင်ဖူးတဲ့ တူမလေးကို အပြင်မှာ အရမ်းမြင်ဖူးချင်လှပြီ။ သူက ၂၀၁၂ အောက်တိုဘာလက မွေးတာဆိုတော့ အဲ့အချိန်တုန်းက ၈လ သမီး ပဲ ရှိသေးတယ်။ ဓါတ်ပုံထဲမှာ အကြီးကြီး ထင်တာ အပြင်မှာ တွေ.တော့ သေးသေးလေးရယ်။ အရမ်းချစ်လို. ဓါတ်ပုံတွေ အားရပါးရ လိုက်ခဲ့တယ်။ လူတွေကပြောတယ် ကျွန်တော်နဲ. ဒီကလေးနဲ. ရုပ်တူတယ်တဲ့။ :)
ကလေးက ဘာတွေသဘောကျနေမှန်းမသိဘူး။ အားရပါးရ ရယ်နေတယ်။ သိပ်မငိုဘူး။ ကျွန်တော်က အငိုသန်ပြီး ဆိုးတဲ့ ကလေးတွေဆို မချစ်ဘူး။း)
သြော် လက်စသက်တော့ သူက စိန်တလုံး သရက်သီး ကို ကြည့်ပြီး သဘောကျနေတာကိုး။ အရမ်း စားချင်နေတာလေ။ လူလစ်ရင် လစ်သလို အဲ့ဒီ သရက်သီး ပန်းကန်ကို လက်နဲ. လှမ်းလှမ်းဆွဲတယ်။ ၀မ်းလျှောမှာလား ဘာလား ထင်နေတယ်။ သူ.အမေက ပြောတယ် နေ.တိုင်းစားနေတာ ဘာမှ မဖြစ်ဘူးတဲ့။ :)
သရက်သီးစား ရလို. ကျေနပ်နေပုံ။
ရန်ကုန်ရောက်ရောက်ချင်း စားဖြစ်တဲ့ အိမ်ထမင်းဟင်းပါ။ ဟင်းတွေကတော့ ကြက်ဥ ခနူံ၊ ငံပြာရည်ချက်၊ ငါးအူချက်၊ ငါးမြင်းဆီပြန်၊ ပုဇွန်ဆီပြန် နဲ. ဒညင်းဝှက်ပါ။ အကုန်လုံး ကျွန်တော့ အကြိုက်တွေ ချည်းပဲ။
အတော်ချစ်စရာကောင်းတဲ့ ကလေးလေးပဲ။
ReplyDeleteမျက်လုံးလေးကလဲ လှလိုက်တာ။
Hi Tun Tun,
ReplyDeleteThank you for sharing your beautiful niece with your readers. She is very cute.
I would like to know the dish named "ကြက်ဥခနူံ." If you don't mind, may you please explain a little more about it? I am very interested in learning about the dish since I have never heard of it before.
Thank you.
Yin Myo Kaung
ကြက်ဥ ခနုံ ဆိုတာ ကော်ပြန်.စိမ်းလို မုန်.မျိုးပါ။ ဒါပေမယ့် အခွဲက ကြက်ဥမွေကြော်နဲ. လုပ်ထားတဲ့ အခွံပေါ့။ ဒယ်အိုးပြားထဲမှာ ကြက်ဥကို အချက်လိုက် ဖြစ်အောင်ကြော်တယ်။ ပြီးတော့ အသင့်ချက်ထားတဲ့ အစာ ထည့်ပြီး လိတ် လိုက်တာပဲ။ အစာက တော့ ကြက်သား နဲ. အသီးအရွက် ရောကြော်ထားတဲ့ဟာပါ။ အချိုချက်ပါ။ ကြက်သား ကို ကြက်သွန်နီ နဲ. တခြား သီးအရွက်တွေ နဲ. ကြော်ထားတာပါ။ သူများချက်နေတာပဲ မြင်လိုက်လို. အတိအကျ ဘာတွေ ထည့်လဲ တော့ မမှတ်မိတော့ဘူး။ ကြုံမှ မေးကြည့်ဦးမယ်။
DeleteThank you for your information. So the dish must be the one with yellow rolls set on a green plate.
DeleteYMK
U r right.
Delete