Visit to Mount Ophir (Waterfall) ကနေ ညနေပိုင်းလောက်ပြန်လာပြီး Muar ဆိုတဲ့ မြို.လေးကိုသွားပါတယ်။ ဒီနေ.ည Muar မှာ တညအိပ်မှာပါ။ ဒါကတော့ Muar မှာ တည်းမည့် ဟိုတယ်မှာ Check-in လုပ်တုန်း Lobby မှာ ရိုက်လာတဲ့ ပုံပါ။ ဟိုတယ်က တရုတ် ရှေးဟောင်း စတိုင်ဆောက်ထားတဲ့ ဟိုတယ်ပါ။ Muar ကြိုးတံတား ကြီး ရှိတဲ့ မြစ်ဘေးမှာ ဆောက်ထားတဲ့ ဟိုတယ်ပါ။
ဟိုတယ်မှာ ပစ္စည်းတွေထားပြီး ညနေ Sunset ကြည့်ဖို. Parit Jawa ဆိုတဲ့ ပင်လယ်ဆိပ်ကမ်းလို နေရာကို သွားပါတယ်။ အဲ့နေရာလဲ ရောက်ကော မိုးဖွဲဖွဲ လေးရွာနေလို. မိုးခိုးနေတုန်း လက်ဖတ်ရည်ဆိုင်မှာ ခဏဆိုင်ပြီး မလေးရှားကြက်ကြော် ထမင်း ၀င်စားလိုက်တယ်။ မိုးနဲနဲ တိတ်သွားမှာ ဆိပ်ကမ်းဘက် လမ်းထွက်လျှောက်ခဲ့တယ်။
နေရာက လူတော်တော် ရှင်းပြီး တိတ်ဆိတ် အေးချမ်းနေတာပဲ။ ဒီခရီးစဉ်တလျှောက်လုံး သွားခဲ့တဲ့ နေရာတိုင်းမှာ လူတွေ သိပ်မတွေ.ရဘူး။ ပြောချင်တာက သွားလည်တဲ့ နေရာတိုင်းမှာ လာလည်တဲ့ သူတွေ သိပ်မရှိဘူး။ ကိုယ်သွားတဲ့ နေရာကလဲ လူတွေ သိပ်ပြီး မသွားကြတဲ့ နေရာ ဖြစ်တာလဲ ပါမယ်။ စင်ကာပူမှာ နေတာကြာလာလို.လဲ ပါမယ်။ ဘာလို.လဲဆိုတော့ စင်ကာပူမှာ ဆိုရင် နိုင်ငံကသေးတော့ ဘယ်နေရာ သွားလိုက် သွားလိုက် လူတွေ အများကြီးပဲ။
Zoom မှန်ဘီလူးရဲ. ကျေးဇူးကြောင့် အဝေးမှာ ရှိတဲ့ အကောင်ပလောင် နဲ. အရာဝတ္ထုတွေ ကို ဓါတ်ပုံ ရိုက်နိုင်ခဲ့တယ်။ နေက တဖြည်းဖြည်း ၀င်စ ပြုနေပြီ။
ရေပြင်ကျယ်ကြီး ပေါ်မှာ နေ၀င်ချိန်မို. အနီရောင်နေရောင်ခြည်တွေ ဖြာကျနေတဲ့ Background မှာ ငှက်မျိုးစုံ အစာရှာနေတာ ကို အေးအေးဆေးဆေး ထိုင်ကြည့်နေခဲ့တယ်။ မြို.ပြ မှာ ဆိုရင် ဒါမျိုးက မြင်ရခဲတယ်လေ။ ဗျိုင်းတွေ ငါးတွေကို အကောင်လိုက် မြိုချနေတာတွေ၊ နှတ်သီးနဲ. ကိုက်ချီပြီး ပျံသွားတာတွေ တွေ.ရတယ်။
နောက်ဆုံး နေ၀င်သွားတော့ Parit Jawa နားက တရုတ်စားသောက်ဆိုင်မှာ ညစာစားပြီးမှ ဟိုတယ်ကို ပြန်ပါတယ်။
ဟိုတယ် ရောက်တော့ ညကြီး ငါးမြှား ချင်သူတွေ ငါး ထွက်မြှားကြတယ်။ ဟိုတယ်က မြစ်ဘေးမှာ ရှိတာလေ။ ကျွန်တော်ကတော့ ပင်းပန်းလို. ရေပူနဲ. ရေချိုးပြီး အိပ်လိုက်တယ်။ မနက်ဖြန် စင်ကာပူ မပြန်ခင် Muar မြို.ထဲကို လျှောက်လည်ဦးမှာပါ။
Date Photos taken : 2012-Apr-07
No comments:
Post a Comment