Tuesday, December 9, 2014

3

Photo shoot with my niece (Baby Photography) #1

Ready for photo shoot. 

ဒီတခါ မြန်မာပြည်ပြန်တာ အိမ်မှာပဲ နေဖြစ်တာများလို. အားနေတာနဲ. တူမလေး ကို ဓါတ်ပုံအများကြီး ရိုက်ပေးဖြစ်တယ်။ Outdoor တွေ ပဲ ရိုက်နေတာ များလာတော့ အပြောင်းအလဲဖြစ်အောင် Indoor စမ်းရိုက်ကြည့်တယ်။  



Studio မရှိတော့ အိပ်ခန်းထဲက ခုတင်ပေါ်မှာပဲ ဖြစ်သလို ရိုက်တာပါ။ Background ကို ပိတ်စ အဖြူ ခင်းပြီး ရိုက်တာပါ။ Lighting အနေနဲ. wireless trigger နဲ. External Flash တခုပဲ သုံးပါတယ်။ ကင်မရာပေါ်မှာ Wireless transmitter တပ် External Flash မှာ receiver တပ်။ ပြီးရင်  ကင်မရာက  Shutter ခလုပ်နှိပ်လိုက်ရင် External Flash က Flash ကို Fire လုပ်ပါလိမ့်မယ်။ 


သူများတွေ Flash ကို Soft box/Umbrella ပေါ်မှာ တပ်ပြီး ရိုက်တာတွေ.ဖူးလို.၊ စမ်းကြည့်ချင်တာနဲ.၊  External Flash ကို UV ခေါက်ထီး တလက် တွဲပြီးရိုက်ကြည့်တယ်။ External Flash က အလင်းရောင်က UV ငွေရောင် ခေါက်ထီး အတွင်းပိုင်း မျက်နှာပြင် ကို အရင်ဝင်တယ်။ ပြီးတော့ အလင်းရောင်က Subject (Model) ဘက်ကို ပြန်သွားတယ်။  အားသာချက်ကတော့ Direct Flash လို အလင်းရောင် အရမ်းမပြင်းပဲ တဆင့်ပြန်လာတဲ့အတွက် အလင်းရောင်က ပိုညင်သာပြီး သဘာဝပိုကျပါတယ်။ 




ကလေးသူငယ် ကို ဓါတ်ပုံရိုက်ရတာ လွယ်တော့ မလွယ်ပါဘူး။ ကလေးရဲ. အုပ်ထိန်းသူက၊ ကလေး ပျော်အောင် ဘေးကနေ သီချင်းဆိုပြရ၊ အရုပ်တွေ လှုပ်ပြရ၊ ဖုန်းပေါ်က ကာတွန်းတွေ ဖွင့်ပြရ စတာတွေ လုပ်ပြပြီး ကလေးကို ငြိမ်အောင်စွဲဆောင်ရတယ်။ တဖက် က ဓါတ်ပုံဆရာကလည်း ကလေး ရဲ. မျက်နှာ အရွင်ဆုံး၊ အလန်းဆုံး  အချိန်ကို အမိအရ ဖမ်းယူနိုင်ဖို.လိုပါတယ်။ ဓါတ်ပုံကောင်းရဖို. ၂ဖက်လုံး တက်ညီလက်ညီ တွဲ အလုပ်လုပ်မှ အဆင်ပြေမယ် ဆိုတာကို ပြောချင်တာပါ။ 








ဒုတိယ အကျီ (ဂါဝန်) လဲတော့ ကလေးက ခဏပဲ ခံပြီး၊ ငိုပါလေရော။ ပူတာကိုး။ သင်ခန်းစာရလိုက်တာက ကလေးဓါတ်ပုံရိုက်ရင် သက်တောင့် သက်တာ ရှိတဲ့ အ၀တ်အစားပဲ ၀တ်ပေးပါ။ 




ဂါဝန်ချွတ်ပြီးတော့ အခုလို ခလေးသုံး တဘက်လေးနဲ. ပဲ ရိုက်လိုက်တယ်။ လွတ်လွတ်လပ်လပ်ရှိတော့ ကလေးလဲ စိတ်ချမ်းသာတာပေါ့။ 









တဘတ် နဲ. ရိုက်တာ ပို ချစ်ဖို.ကောင်းတယ် ထင်လို. နောက်ထပ် တဘက် အစိမ်းရောင် နဲ. ထပ်ရိုက်တယ်။ 








ဘာတွေ သဘောကျနေမှန်းမသိဘူး။ အားရပါးရကို ရယ်တာ။ 



ကလေးဓါတ်ပုံရိုက်တာ အေးအေးဆေးဆေး အကြာကြီး ရိုက်လို.မရဘူး။ လူကြီးရော၊ ကလေးရော အရမ်းပင်ပန်းပါတယ်။ လူကြီးတွေကလဲ ဘေးကနေ တချိန်လုံး ကလေးကို ပျော်အောင် စနောက်နေရတာ။ ကလေးကလည်း ရယ်လိုက် ငိုလိုက်နဲ.၊ အရမ်းငယ်သေးတော့  တခါတလေ ကိုယ်ဖာသာကိုယ် မထိုင် တက်သေးတော့ အနောက်လှန်လှန်ပြီးကျတာ အရမ်းသနားဖို.ကောင်းတယ်။ ဓါတ်ပုံကောင်းရချင်တော့လဲ ဒီလောက်တော့ အပင်ပန်းခံရမှာပေါ့။





Studio မဟုတ်ပဲ အိမ်မှာ ဖြစ်သလိုရိုက်တော့ ဓါတ်ပုံတွေက သေသေသပ်သပ်တော့ မရှိဘူးပေါ့။ ဒါပေမယ့် မိဘတွေ အတွက်ကတော့ ချစ်စရာကောင်းပြီး၊ အပြစ်ကင်းစင်တဲ့  သူတို. ကလေးငယ်တွေရဲ. ဓါတ်ပုံတွေကြည့်ပြီး  အင်မတန် ပီတိဖြစ်စေမှာ အမှန်ပါပဲ။ ဒီလို ကြည်နူးစရာ ကောင်းတဲ့ အချိန် မှတ်တမ်းတင်မထားခဲ့ရင် နောက်ပြန်မရနိုင်ပါဘူုး။ ဒါကြောင့် အချိန်ရရင် သင့်ရဲ. ကလေးငယ်တွေကို  သေသေချာချာလေး ဓါတ်ပုံရိုက်ပေးဖို. တိုက်တွန်းချင်ပါတယ်။ အိမ်မှာပဲ ဖြစ်ဖြစ်၊ Studio မှာပဲ ဖြစ်ဖြစ်ပေါ.။  

Model (My niece) - Thadar Htoo
Age - 8 months old (as of 2013-June)


3 comments:

  1. ကိုထွန်းထွန်းတူမပုံလေးချစ်စရာလေး။ဟိုတနေ့တင်ကတည်းက ချစ်နေတာ..

    ReplyDelete
  2. very cute. Love her so much.

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis