စင်ကာပူက နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလလောက်ကစပြီး Orchard road တစ်လမ်းလုံးမှာ Christmas Decoration တွေကို အခုလို မြင်တွေ.နိုင်ပါတယ်။ တစ်နှစ်နဲ.တစ်နှစ် အလှဆင်ပုံမတူပါဘူး။ဒါကြောင့်လည်း Orchard Road က Christmas Decoration ကို ၂၀၀၈ ကတည်းက ဓါတ်ပုံစရိုက်ဖြစ်တာ အခုနှစ်နဲ.ပါဆို ၆နှစ်တင်းတင်းတောင် ပြည့်သွားပါပြီ။
Orchard Road တစ်နေရာထဲမှာပဲ Christmas Decoration ရှိတာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အထင်ကရ အဆောက်အဦးတွေတိုင်းမှာ လိုလို Christmas Tree တွေ တွေ.ရတက်ပါတယ်။ အထူးသဖြင့် Shopping mall တွေမှာပေါ့။ Vivo City တို. Marina Bay Sand တို.မှာလဲ နှစ်တိုင်း Christmas Tree အကြီးကြီးတွေ လုပ်ထားပါတယ်။ ဒီနှစ်တော့ Orchard Road မှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေကိုပဲ စုစည်းပြီး ဒီပို.စ်လေးနဲ. Christmas ကို ကြိုဆိုလိုက်ပါတယ်။
Orchard Central
နှစ်တိုင်း Orchard Road မှာပဲ ဓါတ်ပုံရိုက်ဖြစ်နေတော့ ရိုက်ထားတာတွေ တူနေမှာဆိုးလို. တမူထူးခြားအောင် ကြိုးစားပြီး ရိုက်ခဲ့တာပါပဲ။ ဒါပေမယ့် သိပ်တော့ အားမရဘူး။ ဒီပို.စ်ထဲက ပုံတွေက Orchard ကို ၂ခါ သွားပြီးရိုက်ထားတဲ့ ပုံတွေပါ။ ပထမတခါ ရောက်ဖြစ်တုန်းက Compact Camera (SONY RX100 II) နဲ. ရိုက်ခဲ့တယ်။ ဒုတိယတခါ ကြတော့ Canon DSLR နဲ. ထပ်ပြီး ရိုက်ဖြစ်ခဲ့တယ်။ ဒုတိယနေ.က မိုးရွာနေတော့ ဓါတ်ပုံရိုက်ဖို.သိပ်အဆင်မပြေခဲ့ဘူး။ ကင်မရာ ၂ခုလုံးက ရတဲ့ ဓါတ်ပုံတွေကို ပေါင်းပြီး ကောင်းမယ်ထင်တဲ့ ပုံလေးတွေ ကို စုစည်းထားတာပါ။
Orchardgateway
Paragon
Robinson
Tang
Takashimaya
ION Orchard
စင်ကာပူက စာဖတ်သူတွေကော Orchard Road ကို ရောက်ပြီးပြီလား? ဒါမဟုတ် စင်ကာပူကို ဒီရက်ပိုင်းလာလည်မယ့် သူတွေဆိုရင် Orchard Road ကို သွားဖြစ်အောင်သွားပါလို. ညွန်းပါရစေ။
Date Taken : 16-Nov-2014 & 29-Nov-2014
No comments:
Post a Comment