17-Dec-2014, ဒီတခါ မြန်မာပြည် ပြန်ရင် အလှူအတန်းတွေ လုပ်မယ်လို. စဉ်းစားထားတာ။ တိရစ္ဆာန် ချစ်တဲ့ အစ်မတစ်ယောက်နဲ. စကားစပ်မိလို.၊ ကိုယ်ကလည်း တိရစ္ဆာန်တွေ ချစ်တာနဲ. ၊ သူက မန္တလေး အရှေ.ဘက် အောင်ပင်လယ် ဘက်က၊ မဲကင်းကုန်းရွာ မှာ ခွေးဂေဟာ ရှိတယ်၊ သွားလှူပါလား ဆိုလို. ၂ယောက်သား ဆိုင်ကယ်နဲ. သွားရှာခဲ့တယ်။ ဘယ်လိုသွားရသလဲ ဆိုတော့ ၆၂ လမ်း အတိုင်း မန္တလေးတောင် ဘက်ကိုသွား၊ လမ်းဆုံးရင် ညာဘက် ကွေ.ပြီး တည့်တည့် မောင်း၊ ပြီးရင် အပေါ်က ပုံထဲက "မဲကင်းကုန်း ကျေးရွာ မှ ကြိုဆိုပါတယ်" ဆိုတဲ့ Sign ကို တွေ.လိမ့်မယ်။ အဲ့လမ်း ထဲ တည့်တည့် ၀င်သွားလိုက် ပြီး လမ်းတစ်လျှောက်က တွေ.တဲ့လူတွေကို မေးပြီးသွားရင် ရောက်နိုင်ပါတယ်။ ကျွန်တော် သွားတုန်းက လမ်းပေါ်မှာ လူနည်းနည်း ပြတ်တာနဲ.၊ လမ်းမမေးဖြစ်ဘူး။ ကိုယ့်ဖာသာ ရှာတာ ဂေဟာကို တန်းမရောက်ပဲ ဘဲခြံတွေ၊ လယ်ကွင်းတွေ ဘက်တွေရောက်သွားတယ်။ အဲ့မှာ ဓါတ်ပုံတွေ ရိုက်ပြီးမှ၊ ခွေးဂေဟာ ကို ရောက်သွားပါတယ်။ ခွေးဂေဟာဆိုပြီး ဆိုင်းဘုတ် ဘာမှမရှိပါဘူး။ ခြံရှေ.မှာ ခွေးတွေ အများကြီး တွေ.တာနဲ. မေးကြည့်တော့မှ ဟုတ်ပါတယ် တဲ.။
ခွေးတွေ အဲလမ်းမပေါ်မှာ ရှစ်ကောင်လောက်ရှိတော့ ခွေးကြောက်တဲ့သူဆို ဒီလမ်းကိုဖြတ်ရဲမှာ မဟုတ်ဘူး။ ကိုယ်တိုင်တောင် နည်းနည်းလန်.ချင်တယ်။ ခွေးက သူဟာသူနေတာပါ လိမ္မာပါတယ်။
အထဲရောက်တော့ ဦးခင်မောင်ကြည် ဆိုတဲ့ လူနဲ.တွေ.တယ်။ သူကို. ကျွန်တော် ဓါတ်ပုံရိုက်ချင်တယ်၊ သူများတွေ သိအောင် အင်တာနက်ကနေ ဖြန်.ပေးမယ်လို. အရင်ခွင့်တောင်းပါတယ်။ ခွင့်ပြုချက်ရတော့ သူက ကျွန်တော့်ကို Mask တခုပေးပါတယ်။ အထဲမှာ တော်တော်လေး နံလို.ပါ။ မစင်တွေလဲ နေရာအနှံ. ပျံ.ကြဲနေတာပဲ။ ခွေးတွေက လိမ္မာတာလား။ နေပဲမကောင်းကြတာလား မသိဘူး။ တော်တော်များများက ငြိမ်နေတာပဲ။ လာလည်သူကိုတွေ စိတ်ဝင်တစားနဲ. ကြည့်နေကြတယ်။
ဖေ့ဘုတ်မှာ တွေ.တွေ.နေကျဖြစ်တဲ့ ပြင်ဦးလွင်က ခွေးတွေ အများကြီးမွေးထားတဲ့ အန်တီကြီး ဆီက ခွေးပုံတွေနဲ. ယှဉ်ကြည့်ရင် ဒီကခွေးတွေက နေရတာ ကျဉ်းကြပ်ပြီး သိပ်မပျော်သလိုပဲ။ ဒါပေမယ့် ဒီမှာနေရင် အချိန် မှန် ထမင်းစားရတော့၊ လမ်းဘေးက ခွေးတွေထက်စာရင် သူတို.ကို ကံကောင်းတယ်လို. ပြောလို.ရမလား?
လျှောက်ကြည့်ရင်းနဲ. ဟောဒီခွေးပိန်လေးကိုတွေ.တယ်။ သေတော့မယ်ထင်ပါတယ်။ သူ.ရဲ. မွေးချင်းတွေ ထင်တယ်။ သူ.ကို လာနမ်းလိုက်၊လျှာနဲ.လျှက်လိုက် လာလာလုပ်ပေးနေကျတယ်။ ကျွန်တော်ဓါတ်ပုံနေတာတွေ.တော. ဂေဟာက အစ်မက ကျွန်တော့ ရှေ.လာချပေးတယ်။ ကျွန်တော်ကြောင့် ဒီခွေးလေးရဲ. နောက်ဆုံးအချိန်မှာ အနှောက်အယှက်ဖြစ်သွားလား လို.တောင် တွေးမိတယ်။ အခုလို ချပေးလိုက်တဲ့ နေရာမှာ ခဏလေးထပြီး၊ ပြန်လဲသွားတယ်။ မျက်လုံးကလဲ မပွင့်ဘူး။ ဘာရောဂါလဲ မသိဘူးနော်။
ဒီဘက်မှာ လဲ နေမကောင်းတဲ့ ခွေး ၃ကောင်ရှိပါတယ်။ သူတို.လဲ သေတော့မယ့်ပုံပါပဲ။ အသက်တောင် ကောင်းကောင်းမရူတော့ဘူး။ တစ်ကောင်ကတော့ အောက်ပိုင်းသေနေတာပါတဲ့။
ဒီအကောင်ကတော့ ကျွန်တော်တို.ရောက်တဲ့ အချိန်က အသက်နည်းနည်းရူသေးတယ်။ ခဏကြာတော့ အသက်မရူတော့ဘူး။ မျက်လုံးထဲမှာလဲ ယင်ကောင်တွေ ၀င်လို.။ သနားပါတယ်။
ကျွန်တော် ဓါတ်ပုံတွေရိုက်၊ သနားစရာကောင်းတဲ့ ခွေးတွေကြည့်ပြီး စိတ်မကောင်းတာနဲ. ဂေဟာကလူတွေနဲ.တောင် စကားသိပ်မပြောဖြစ်လိုက်ဘူး။ အမှန်ဆို သူတို.တွေနဲ. သေသေချာချာ စကားပြောပြီး၊ အကြံပေးသင့်တာတွေ ပေးခဲ့ရမှာ။ ဒီလို ဂေဟာမျိုးကိုလဲ အခုမှ ရောက်ဖူးတော့ ဘာတွေ လုပ်ခဲ့ရမယ်ဆိုတာလဲ မသိခဲ့ဘူး။ အဲ့ဒီက ဦးလေး ပြောပြတာတွေ မှတ်မိသလောက်ပြန်ပြောရမယ်ဆို၇င်
- သူတို.ဆီမှာ လစဉ် အလှုရှင်တွေ ရှိပြီး။ လစဉ် အလှူရှင်အသစ်တွေကိုလဲ ကြိုဆိုပါတယ်။
- ခွေးစာတွေ လှူလို.လဲရပါတယ်။
- အောင်ပင်လယ် အထိ မလာနိုင်တဲ့သူတွေအတွက် ဖုန်းဆက်ရင် အိမ်တိုင်ရာရောက် အလှူငွေလာရောက်ယူပေးပါတယ်။
- မန္တလေး ၀င်းလိုက် ရုပ်ရှင်ရုံ နားက " မေဇွန်" တိရစ္ဆာန်ဆေးခန်း (သို.) Thiha Vet Clinic (33 Street, Between 83 & 84 Street) ကနေ.တဆင့်လည်း အလှူငွေ ထည့်နိုင်ပါတယ်။
ကျွန်တော်ကတော့ ဂေဟာမှာပဲ အလှူငွေ ၂သောင်းထည့်လိုက်တယ်။ အဲ့နေ. ဖေ့ဘုတ်မှာ ဓါတ်ပုံတွေ တင်လိုက်တော့ ဖေ့ဘုတ်က သူငယ်ချင်းတစ်ယောက်ကလဲ ၂၀၀၀၀ သောင်းလှူချင်တယ်ဆိုလို.၊ မြို.ထဲ က ဆေးခန်းမှာ အလှူငွေ သွားထည့်ပေးလိုက်တယ်။
ဒါက ဂေဟာကို အပြင်ကနေမြင်ရတဲ့ ပုံပါ။ မသိရင် ပုံမှန် အိမ်ပဲ ထင်မှာ။ ဂေဟာက ပြန်လာမှ အတွေးတခုရလာတယ်။ ဆိုင်းဘုတ်ထောင်ဖို. အကြံပေးလိုက်ရမှာ လို.။ အဲ့ဒါမှ ဖြတ်သွားဖြတ်လာတွေ၊ ခွေးချစ်သူတွေ သိရင် ၀င်ကြည့်ပြီး၊ လှူနိုင်တာပေါ့။ နောက်ပြီး အဲ့ဒီနားတ၀ိုက်က စပါးစိုက်ခင်းတွေနဲ.၊ ရူခင်းလှတော့ နိုင်ငံခြားသွားတွေ မနက်တိုင်း အဖွဲ.လိုက် စက်ဘီးစီး ထွက်တဲ့ Tour တွေ ရှိပါတယ်။ အဲ့နေ.ကလည်း Tour တဖွဲ. နဲ. တွေ.ခဲ့ပါတယ်။ တကယ်လို. ဆိုင်းဘုတ်သာ ရှိခဲ့ရင် သူတို.တွေပါ ၀င်ရောက်ကြည့်ရူ.နိုင်တယ်။ သူတို.တွေ က ခွေးတွေကို မြန်မာပြည်ကလူတွေ ထက်စာရင် ပိုချစ်ကြတယ် မဟုတ်လား။ ကံကောင်းရင် နိုင်ငံခြားထိတောင် ပါသွားဦးမယ်။
မပြင်ဆင်ပဲ ရုတ်တရက်ရောက်သွားတော့ အလှူငွေလောက်သာ ထည့်ပြီး၊ သိပ်ပြီး မလေ့လာခဲ့ရဘူး။ အနည်းဆုံးတော့ ကျွန်တော့ ဓါတ်ပုံတွေကနေ တဆင့် အများပြည်သူတွေ ကို ဒီဂေဟာ လေး ရှိကြောင်း မိတ်ဆက်ပေးနိုင်မယ်လို. မျှော်လင့်ပါတယ်။ လိပ်စာနဲ. ဖုန်းနံပါတ် အလှူခံ ဖြတ်ပိုင်းမှာပါတယ်။
တကယ်လို. သင်ရောက်သွားခဲ့ရင် ကျွန်တော် မမေးဖြစ်ခဲ့တဲ့ မေးခွန်းတဲ့ အကြံဥာဏ်လေးတွေ ပေးခဲ့ပါဦး။
မေးခွန်းများ?
၁- ဒုက္ခရောက်နေတဲ့ ပိုင်ရှင်မဲ့ လမ်းဘေး ခွေးတွေကို လက်ခံပါသလား?
၂- ဂေဟာက ခွေးတွေကို ပိုင်ရှင်အသစ် ရှာပေးတဲ့ အစီအစဉ်တွေရှိသလား?
၃- ဆရာဝန် ဘယ်လောက်ကြာ လာကြည့်ပေးသလဲ?
အကြံပြုချက်
၁- ဂေဟာရှေ.မှာ ဆိုင်းဘုတ်ထောင်ပါ၊ ဖြစ်နိုင်ရင် အင်္ဂလိပ်လိုပါ ရေးပေးပါ။
၂- Facebook Page တခုလောက်ဖွင့်ပြီး ခွေးပုံတွေ Up to date တင်ပေးပါ။ ဒါမှ မွေးစားချင်တဲ့သူတွေ အလွယ်တကူ ကြည့်နိုင်မှာ၊
နောက်ပြီး သူတို.တွေ ခွေးတွေကို ဘယ်လို ပြုစု၊ စောင့်ရှောက်၊ ကျွေးမွေး တယ်ဆိုတာတွေကော မေးမြန်းပြီး ကျွန်တော့်ကို ပြန်ပြောပြပေါ့။
ကျွန်တော်အပြန် လိုက်နူတ်ဆက်တဲ့ ခွေးတွေပါ။
Save Stray Dogs (Mandalay)
ပုသိမ်ကြီးမြို.၊ မဲကင်းကုန်းအုပ်စု၊မဲကင်းကုန်းကျေးရွာ
Phone : 09-32383809
အ၇မ်းကောင်းတဲ့မေးခွန်းတွေနဲ့အကြံပြုချက်တွေပါ။ ဗမာနိုင်ငံထဲမှုာအခုလိုဝန်ဆောင်မှုတွေရှိနေတာသိ၇တာဝမ်းမြောက်မိပါတယ်။
ReplyDeletepost အတွက်ကျေးဇူးတင်ပါတယ်။
စာချစ်သူ(Canada)