Wednesday, October 29, 2014

0

Visit to Mount Ophir (Waterfall)


Pontian ဘက်ကိုတစ်ရက်လည်ပြီး Johor Immigration နားကဟိုတယ်မှာ ၁ညအိပ်ခဲ့တယ်။ တစ်ရက်လုံး လည်ထားတော့ ပင်ပန်းတာနဲ. အရမ်းအိပ်လို.ကောင်းခဲ့တယ်။  နောက်နေ.မနက် ဟိုတယ်က ကျွေးတဲ့ မနက်စာ အဆာပြေစားပြီး ရေတံခွန်တောင်ကို အလည်သွားမှာပါ။ ဟိုတယ်က ဈေးပေါတဲ့ ဟိုတယ်မို. မနက်စာကလဲ အဖြစ်သဘောပဲကျွေးပါတယ်။ ဒါကြောင့် အပြင်မှာ မနက်စာ ထပ်စားခဲ့ပါတယ်။ 


Mount Ophir ရေတံခွန်တောင်ရဲ. တောင်ခြေ car parking ကို နေ.ခင်း ၁၂ လောက်ရောက်သွားပါတယ်။ မနက်စာစားပြီး ကား ၂နာရီလောက်မောင်းလိုက်ရပါတယ်။ နေ.ခင်းကြီး အရမ်းပူတော့ ပိုပြီး ပင်ပန်းတာပေါ့။ ရေတံခွန် တစ်ခုလုံးကို မြင်ရဖို.က တောင်တက်ရမှာကိုး။ 

Sunday, October 26, 2014

2

Pulau Kukup Johor National Park



Pontian ဘက်မှာ ဓါတ်ပုံရိုက် နေ.လည်စာစားပြီး  Kukup (ကူကုတ်) ဘက်ကိုထပ်သွားပါတယ်။ Kukup ဆိုတာ ငါးဖမ်းလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ နေရာပါ။ ကျွန်တော်တို.ရဲ.ကားက သဘောင်္ဆိပ်နားမှာ ရပ်ပါတယ်။ သဘောင်္ဆိပ် မှာ ဖမ်းလာတဲ့ ငါးတွေ ကို အထုတ်နဲ. ထုပ်ထားပြီး ရောင်းနေတာတွေ၊ ငါးတွေကို ကားတွေနဲ. သယ်သွား ၊ မော်တော်တွေနဲ. သယ်သွား တော်တော်လေး အလုပ်ရူပ်နေတာကိုတွေ.ရပါတယ်။ 


ဒီငါးသေးသေးလေးတွေက ကြောင်တွေ အင်မတန်ကြိုက်တဲ့ ငါးလေးတွေပါ။ ဒီခွေးအမည်းလေး လည်းတော်တော်ကို အလုပ်ရူပ်နေပါတယ်။ မော်တော်ပေါ်က ငါးတွေကို စောင့်နေပုံရတယ်။ သူ.သခင်လဲ ရောက်လာကော အမြီှး တနံ.နံ. နဲ. တော်တော်လေး ချစ်စရာကောင်းပါတယ်။ ပြီးတော့ သူ.သခင်နဲ.အတူ မော်တော်နဲ. ထွက်ခွါသွားပါတယ်။ ကျွန်တော်တို. က Kukup National Park ကို သွားမည့် ferry ထွက်ဖို.ကို စောင့်နေတာပါ။ 

Wednesday, October 22, 2014

2

Pontian District, Johor (Malaysia)


2012-April-06 , မနက် ၆နာရီလောက် မှာ စင်ကာပူကနေ မလေးရှားနိုင်ငံ Johor Bahru ဘက်ကို ၂ ညအိပ် ၃ရက်ခရီး စတင် ထွက်ခွာခဲ့ပါတယ်။ ဒီခရီးစဉ်က အဖွဲ.လိုက် ဓါတ်ပုံထွက်ရိုက်တဲ့ ခရီးစဉ်ပါ။ ကျွန်တော့ ရဲ. ပထမဆုံး ဓါတ်ပုံသီးသန်.ထွက်ရိုက်ဖြစ်ခဲ့တဲ့ ခရီးစဉ်။ အရင်က ခရီးသွားတယ်ဆိုတာက လည်လိုက်၊ စားလိုက်၊ ရူခင်းဓါတ်ပုံတွေ ရိုက်တာ လောက်ပဲ။ ဒါကြောင့် ဓါတ်ပုံထွက်ရိုက်တဲ့ ခရီးဆိုတာ ဘယ်လိုလဲ ဆိုတာ အရမ်းစိတ်ဝင်စားခဲ့တယ်။ 


အရင်ဆုံး စင်ကာပူကနေ ဘက်စ်ကားနဲ. Johor ကို အရင်သွားပါတယ်။ Johor ရောက်တော့မှ ငှားထားတဲ့ ကားနဲ. Pontian ကို စတင်ထွက်ခွါခဲ့ပါတယ်။ လမ်းခုလတ် မှာ မနက်စာဝင်စားပါတယ်။ ဒီပုံထဲက အစားအသောက်တွေပါ။ တော်တော်လေး စားလို.ကောင်းပါတယ်။ ဒီလို မနက်စာက စင်ကာပူမှာလဲ ရနိုင်ပါတယ်။ 


Pontian ဆိုတာ သွားလည်ချင်စရာကောင်းတဲ့  နာမည်ကြီးနေရာ တခုမဟုတ်ပါဘူး။ ငါးဖမ်း တဲ့ လုပ်ငန်း လုပ်တဲ့ မြို.လေးပါ။  Johor Immigration check point ကနေ ၁နာရီကျော် မောင်းရတယ်။  မြို.ထဲ ၀င်ခါနီးရင် အခုပုံထဲကလို နာနတ်သီး ရုပ်ထုတွေ တွေ.လိမ့်မယ်။ နာနတ်သီးလဲ ပေါ်တယ်ထင်တယ်။

Monday, October 20, 2014

4

Deepavali 2014, Singapore


လာမည့် ဗုဒ္ဓဟူးနေ.ဟာဆိုရင် Hindu လူမျိုးတွေရဲ. အခါကြီး ရက်ကြီး ဖြစ်တဲ့ Deepavali နေ.ဖြစ်ပါတယ်။ နှစ်စဉ် အောက်တိုဘာလ လောက်ဆိုရင် စင်ကာပူက Little India မှာ တရုတ်နှစ်သစ်၊ အင်္ဂလိပ်နှစ်သစ်ကူး များလိုပဲ လမ်းမတစ်လျှောက်လုံး မီးတွေ အလှဆင်ထားပါတယ်။ မနှစ်ကလဲ ဒီအချိန်လောက်မှာ ဓါတ်ပုံ လာရိုက်ဖြစ်ခဲ့သေးတယ်။ ဒီနှစ်တော့ Sony RX100 II ကင်မ၇ာ အသေးလေး ၀ယ်ထားတာနဲ. စမ်းကြည့်ချင်လို. ဓါတ်ပုံထွက်ရိုက် ဖြစ်တာပါ။ မနှစ်ကတော့ ကင်မရာ အကြီး DSLR နဲ. ၇ိုက်ခဲ့တာပါ။


အခုနောက်ပိုင်း လူတွေ တော်တော်များများ ဖုန်းနဲ. ဓါတ်ပုံရိုက်တာများတော့ တော်တော်များများက အပျော်တမ်း ဓါတ်ပုံရိုက်ဖို.ဆိုရင် ကင်မရာ သီးသန်.မ၀ယ်ကြတော့ဘူး။ ဘာလို.လဲ ဆိုတော့ ဖုန်းနဲ.လဲ ဓါတ်ပုံ ကောင်းကောင်းရိုက်လို.ရနေတာပဲလေ။ အဲဒီမှာ compact camera  ဈေးကွက်ကို သွားပြီး ထိခိုက်ပါတယ်။ ဒီတော့ ကင်မရာ ကုမ္ပဏီတွေက အခုနောက်ပိုင်းမှာ compact camera တွေကို ဖုန်းကင်မရာတွေ ထက် ပိုကောင်းအောင် upgrade လုပ်ရပါတယ်။ ဘယ်လို upgrade တွေလုပ်တာလဲ ဆိုတော့ 

Saturday, October 18, 2014

0

Chris Daughtry Performs at ION Orchard, Singapore (17-Oct-2014)


Chris Daughtry ကို စာဖတ်သူတွေ သိကြလားမသိဘူး။ အင်္ဂလိပ် သီချင်း နားထောင်တဲ့ သူတွေတော့ သိကြမယ်ထင်ပါတယ်။ သူက American Idol 2006 တုန်းက နံပါတ်လေး နေရာ မှာ ပြုတ်သွားတဲ့ ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်ပြီး  Winner ထက်ပိုပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။  ၂၀၀၇ ခုနှစ်လောက် သူ.ရဲ. Daughtry အယ်လ်ဘမ်က အရမ်းကို ပေါက်ပြီး တကယ်လည်းနားထောင်လို.ကောင်းပါတယ်။ အဲ့ဒီ အယ်လ်ဘမ်ထဲက သီချင်းတွေ ဖြစ်တဲ့ It's not Over, Over you, Home နဲ. What about Now သီချင်းတွေကို အရမ်းကြိုက်ပြီး မုန်းနေအောင် နားထောင်ခဲ့ဖူးပါတယ်။ နာမထောင်ဖူးသေးရင် Youtube မှာ ရှာပြီး နားထောင်ကြည့်ပေါ့။ 


သူ ION Orchard, Singapore ငါးနှစ်ပြည့် ပွဲမှာ လာရောက်ဖျော်ဖြေမှာသိတော့ရုံးကနေ စောစောလစ်ပြီး သွားကြည့်ခဲ့ပါတယ်။  သိပ်အစောကြီး ရောက်မသွားတော့ ရှေ့ဆုံးနားနေရာ မရခဲ့ပေမယ့် Zoom Lens ရဲ. ကျေးဇူးကြောင့် ဓါတ်ပုံတွေကော၊ ဗွီဒီယိုတွေကော အေးအေးဆေးဆေး ရိုက်ဖြစ်ခဲ့တယ်။ 

Friday, October 10, 2014

0

Lee Min Ho in Singapore


On 27-Sep-2014, Korean Superstar Lee Min Ho was in town to celebrate Osim's 35 year anniversary. A lot of his fans from Singapore turned up to see him at Causeway Point Mall. 


27-Sep-2014  စနေနေ.က စင်ကာပူ  Causeway Point Mall မှာ ကိုရီးယား မင်းသား Lee Min Ho လာမယ်ဆိုတာ သတင်းစာထဲမှာ ဖတ်မိလို. သွားရတာ အဆင်ပြေတာနဲ. ရောက်ဖြစ်သွားတယ်။ သူ.ကို ကြော်ငြာတွေ ထဲမှာပဲ မြင်ဘူးတယ်။ သူ.သရုပ်ဆောင်ထားတဲ့ Drama တွေ ရုပ်ရှင်တွေ တခါမှ မကြည့်ဘူးဖူး။ ကို၇ီးယားကားမင်းသား မင်းသမီး ဆိုလို. ဂျွန်စော၊ အွန်စော၊ ဒါရိုက်တာရင် ၊ ဆန်းမီ လောက်ပဲ ကြည့်ဖူးတာ။ အဲ့နောက်ပိုင်းမကြည့်ဖြစ်တော့ပေမယ့် Lee Min Ho ကိုတော့ သတိထားမိတယ်။ ဘာလို.လဲ ဆိုတော့ fb မှာဆိုရင် ကောင်မလေးတော်တော်များများက သူ.ပုံကို ပရိုဖိုင်ပုံတင်ကြတာရယ်၊ စင်ကာပူ Korea အလှကုန်ပစ္စည်း ကြော်ငြာ ပိုစတာတွေမှာ တွေ.ဖူးတာရယ်။ Osim ကြော်ငြာတွေ မှာ တွေ.ဖူးတာကြောင့် သိပ်ပြီးတော့ မစိမ်းတော့ဘူး။  

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis