Sunday, November 30, 2014

2

Short visit to Sagaing Hill, 2013 #2


(2013-Jun-23) ဆွမ်းဦးပုညရှင်ဘု၇ား (Soon U Ponya Shin Pagoda) ကနေ ၁၅ မိနစ်လောက် လမ်းလျှောက်အပြီးမှာ ဥမင်သုံးဆယ်ဘုရား (U Min Thone Sae Pagoda) ကိုရောက်ပါတယ်။ အရင်တုန်းက စစ်ကိုင်းတောင်ကို ၂ခါလောက်ရောက်ဖူးတယ်။ ဒါပေမယ့် ဒီဘုရားကို အခုမှ ရောက်ဖူးတာပါ။ မရောက်ဖူးပေမယ့် အင်တာနက်ထဲမှာ ပုံတွေ တွေ.ထားလို. ရင်းနှီးနေတယ်။ ပုံတွေထဲမှာ မြင်ရတဲ့ အတိုင်း ဘုရားဆင်းတုတော်တွေ အတန်းလိုက်ကြီး တွေ.ရတယ်။ ဘုရားထဲမှာ ဆရာလေး နဲ.တွေ.လို. ဓါတ်ပုံရိုက်ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ အခုနောက်ပိုင်း မှာ Street Portrait တွေ ရိုက်ရင် ကျွန်တော် အရင်ခွင့်တောင်းပြီးမှ ရိုက်တယ် အများသော အားဖြင့် OK တာများတယ်။ Not OK ဆိုတာလဲ ရှိပါတယ်။ တချို.ကျလဲ ရှက်လို.ဆိုပါတော့။ Not OK ဆိုရင်လဲ မရိုက်ဘူးပေါ့။ ဘာပဲ ဖြစ်ဖြစ် ချောင်းပြီး ရိုက်လို. လူမိသွားတာထက် စာရင် ပိုပြီး သိက္ခာရှိပါတယ်။ ဆရာလေး ကို Portrait ပုံ ရိုက်မယ်၊ ပြီးရင် ဘုရားဝတ်ပြုနေတဲ့ ပုံတွေ လဲ ရိုက်မယ် လို. ခွင့်တောင်းပြီး ရိုက်ခဲ့တာပါ။ 




Tuesday, November 25, 2014

0

Short visit to Sagaing Hill, 2013 #1


(2013-Jun-23) မန္တလေးမှာ ၃ ရက်လောက်နေပြီးတော့ ပျင်းတာနဲ. နီးနီးနားနား ဘယ်သွားရမလည်း စဉ်းစားရင်း စစ်ကိုင်းတောင် ကို သွားဖို. အကြောင်းဖန်လာတယ်။ စစ်ကိုင်းဘက်မှာ နေတဲ့ မိတ်ဆွေတစ်ယောက် က သူ.အိမ်ကို အလည်ဖိတ်တယ်၊ ပြီးရင် စစ်ကိုင်းတောင်ကို လိုက်ပို.မယ်ဆိုလို. စစ်ကိုင်းဘက်ကို မန္တလေးကနေ ဆိုင်ကယ်နဲ. ထွက်လာခဲ့တယ်။ စစ်ကိုင်းမရောက်ခင် အမရပူရ နားမှာ ဘုန်းကြီးကျောင်းတခုကို ၀င်သေးတယ်။ ဘုန်းကြီးကျောင်းနာမည်တော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် တော်တော်လေး နာမည်ကြီးပုံရတယ်။ ဘာလို.လဲ ဆိုတော့ ဘုန်ကြီးကျောင်းဝန်းကြီးက အကျယ်ကြီးပဲ၊ ပြီးတော့  ပုံထဲမှာ မြင်ရတဲ့ အတိုင်း ဘုရားဆင်းတုတော် တွေ အများကြီးရှိတယ်။ 


Friday, November 21, 2014

1

Mandalay 2013-JUNE (Bus ride, Baby, Food & Movie)



ရန်ကုန်ကနေ မန္တလေးကို မြတ်မန္တလာထွန်းဘတ်စ် နဲ. ပြန်တယ်။ ကားပေါ်က ခုံတိုင်းမှာ အခုလို TV လေးတွေပါလို. အင်မတန် အံ့သြမိတယ်။ မြန်မာပြည်က ဘတ်စ်တွေ တော်တော်တိုးတက်နေပြီပဲ။ နောက်ပြီး ကားပေါ်မှာ ဘတ်စ်မယ် ဆိုတာလဲ ပါသေးတယ်။ လေယာဉ်မယ်လို ပုံစံပေါ့။ ဘတ်စ် မယ်ရဲ. အလုပ်က ကားစထွက်ရင် ခရီးသည်တွေကို မုန်.နဲ. အအေးတွေဝေ၊ ချမ်းတဲ့သူတွေကို စောင်ထုတ်ပေး၊ ကားမူးတဲ့သူတွေကို ဆေးပေး၊ ကျန်းမာရေးနားခါနီး ဆိုရင် မိုက်ခ် နဲ. ဘယ်နှမိနစ် နားမယ်ဆိုတာပြော၊ ခရီးသည် စုံမစုံ ရေ စတဲ့ အလုပ်တွေပေါ့။ မိုက်ခ် နဲ. ဘယ်နေရာမှာ ဘယ်လောက်နားမယ်ဆိုတာက အသံသွင်းထားလိုက်ရင် သူပြောနေစရာတောင်မလိုဘူး လို.တွေးမိတယ်။ ဘတ်စ် ကုမ္ပဏီတွေ များလာတော့ အပြိုင်အဆိုင် service ကောင်းအောင် လုပ်နေကျတယ် ထင်ပါတယ်။ ဒီအမြန်လမ်းမပေါ်မှာ ကား accident တွေ ခဏခဏ ဖြစ်နေလို. Serivce ကောင်းကောင်းပေးသလိုပဲ safety ပိုင်းကိုလဲ ပိုကောင်းအောင် လုပ်စေချင်တယ်။ ရန်ကုန်- မန္တလေး စီးခဲ့တဲ့ ဘတ်စ်ကား တွေကတော့ သတ်မှတ်ထားတဲ့ အမြန်နူန်းထက်ပို မမောင်း ဘူးလို.ပြောပါတယ်။ အရင်တုန်းကနဲ. ယှဉ်ရင် ကားတွေက ပိုကောင်းပြီး၊  ဖြေးဖြေး ငြိမ့်ငြိမ့်လေး မောင်းနေသလိုခံစားရတယ်။ ဒါပေမယ့်လည်း အဲဒီ အမြန်လမ်းက  ခဏခဏ ယှဉ်တိုက်မူ သတင်းတွေ ကြားနေရတာပဲလေ။ 


 ဟောဒီ TV အသေးလေးနဲ. နောက်ဆုံးပေါ် Hollywood movie တွေ ကြည့်လို.ရတယ်။ မြန်မာ စာတန်းတောင်ပါလိုက်သေးတယ်။ နောက်ပြီး သီချင်းလဲ နားထောင်လို.ရတယ်။ Angry Bird game တောင် ဆော့လို.ရသေးတယ်။

Tuesday, November 18, 2014

5

Singapore to Yangon 2013


2013-Jun-19 ရက်နေ. စင်ကာပူကနေ ရန်ကုန် ကို ၁၀ရက် ပြန်ခဲ့တယ်။ ဒီတခါ ပြန်တဲ့ ရည်ရွယ်ချက်က ခါတိုင်းလို  လျှောက်လည်ဖို.မဟုတ်ပဲ တဦးတည်းသော တူမလေးကို မြင်ဖူးချင် တာနဲ. IELTS exam ကို မန္တလေးမှာ ဖြေဖို. ပါ။ IELTS က မြန်မာပြည်မှာ ဖြေရင် စာမေးပွဲကြေးက စင်ကာပူကထက် ထက်ဝတ်နီးပါးလောက် ဈေးပေါပြီး အမှတ်ပေးတာလဲ နည်းနည်း ရက်ရောတယ်လို. ပြောကြလို.။ ဒါကြောင့်မို. ဒီတခါ ပြန်တာ ခါတိုင်းလို ဓါတ်ပုံ အများကြီး မရိုက်ဖြစ်ဘူး။ စာမေးပွဲ Stress ကြောင့် ဓါတ်ပုံ ရိုက်ချင်စိတ်လဲ မရှိဘူး။ ဒါပေမယ့် လဲ ဓါတ်ပုံ မရိုက်ရင် မနေနိုင်သူဆိုတော့လဲ။ :)


ရန်ကုန်ကို နေ.လည် မိုးရွာနေတုန်းရောက်ပါတယ်။ လေဆိပ်အပြင်မှာ Taxi ဆရာမှတ်ပြီး ဈေးပြောပြီး  Luggage ထည့်ပေးလိုက်တာ ဘယ်မဟုတ်မလဲ သူက လက်ဖတ်ရည်ဖိုးတောင်းတယ်။ Luggage က တလုံးပဲ ပါတော့ ကိုယ်ဖာသာ ဆွဲလဲရတာပဲလေ။ အဲ့ဒါနဲ. "Taxi ဆရာ ဆီက လက်ဖတ်ရည်ဖိုးတောင်းလိုက်" လို.ပြောလိုက်တယ်။ အဲ.လူက မကျေနပ်စွာနဲ. ပွစိ ပွစိ ပြောပြီးကျန်ခဲ့တယ်။ Taxi က  ၅၀၀၀ကျပ်လောက် ပဲ ပေးရမယ့်  ခရီးကို ဈေးမဆစ်ပဲ ၈၀၀၀ ပေးပြီး စီးခဲ့တာဆိုတော့ Taxi ဆရာက အဲ့လူကို လက်ဖတ်ရည်ဖိုးပေးပေါ့။ ဟုတ်တယ်မလား?  နိုင်ငံခြားက ပြန်လာတဲ့သူတွေကို ငွေထုတ်ပိုက်ပြီး ပြန်လာကျတယ်များ အောင့်မေ့နေကြလား မသိဘူး။ မြန်မာပြည်မှာ လုပ်ကိုင်စားသောက်ရတာ ခက်ခဲတာတော့ နားလည်ပါတယ်။ ဒါပေမယ့် ဒါမျိုး အလုပ်တွေကိုတော့ ကျွန်တော်အားမပေးဘူး။ စေတနာရှိရင် ပေးလိမ့်မယ်ပေါ့။ 

Saturday, November 15, 2014

0

Festive light-up for Marina Bay Sands with David Beckham


မနေ.တုန်းက Singapore က Marina Bay Sand မှာ David Beckham လာသွားတာ သွားကြည့်ကြလား? ကျွန်တော့်လဲ သူများတွေ fb မှာ ရှယ်ထားတာ တွေ.လို. သိတာ။ အားနေတာနဲ. ဓါတ်ပုံသွားရိုက်ဖြစ်ခဲ့တယ်။  Marina Bay Sand မှာ Christmas အတွက် Decoration တွေ တော်တော်လုပ်ထားတာတွေ.ရတယ်။ နောက်နေ.မှ သီးသန်. ဓါတ်ပုံလာရိုက်ဦးမယ်။

 

David Beckham ထွက်မလာခင် အရင်ဆုံး Mamma Mia ဆိုတဲ့ အကနဲ. ဖျော်ဖြေပါတယ်။ ကတဲ့သူတွေ က သီချင်းဆိုဟန်လုပ်ပြီး ကတာ အရမ်းကြည့်လို.ကောင်းပါတယ်။ တကယ့်ကို မြူးကြွနေအောင် ကတာပါ။ အဲဒီ ကတာ ကို ကြည့်ချင်ရင် Marina Bay Sand မှာ Mamma Mia ဆိုပြီး သီးသန်. show ရှိပါတယ်။ လက်မှတ်ဝယ်ပြီး ကြည့်လို.ရပါတယ်။ အခုက တာက အမြည်းပေးသလို ပုံစံမျိုးပေါ့။ 

Saturday, November 8, 2014

1

Food Photography #4


အစားအသောက် ပို.စ်တွေ မတင်ဖြစ်တာ တော်တော်ကြာပြီ။ အခုတလော ခရီးသွားပို.စ်တွေပဲ တင်ဖြစ်တာ များနေတယ်။ ဒီနှစ်ထဲမှာ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ. အပြင်မှာ ခဏခဏ ထွက်ထွက်စားဖြစ်တော့ အစားအသောက်ပုံတွေ စုထားတာ တော်တော်လေး များလာပြီ။ 


အပြင်ထွက် စားရင် ကိုယ်နဲ. အကြိုက်တူ၊ စိတ်တူ ကိုယ်တူ (ဂျီးမများတဲ့သူ) နဲ. စားရတာ စိတ်ချမ်းသာတယ်။ တခါတလေ အစပ်လုံးဝ မစားနိုင် တဲ့သူ၊ ဟိုအသား မစား တဲ့သူ၊ ကပ်စီးနည်းတဲ့သူတွေ နဲ. အတူတူ မှာစားရရင် အင်မတန် စိတ်ပျက်ဖို.ကောင်းတယ်။ တကိုယ်ကောင်းဆန်တဲ့ သူဆိုတာမျိုးလဲ ရှိသေးတယ်။ ဥပမာ- သူကြိုက်တဲ့ဟင်းပဲ မှာတယ်။ သူမကြိုက်တဲ့ ဟင်းမှာရင် ဗျစ်တောက် ဗျစ်တောက်ပြောတဲ့သူ။ ဘာလို.လဲ ဆိုတော့ ပြီးရင် အားလုံးစုပြီး ပိုက်ဆံရှင်းရမှာကိုး။ :)

Thursday, November 6, 2014

1

Muar Town Day Tour



2012-April-08, Johor ၂ညအိပ် ၃ရက် ခရီးရဲ. နောက်ဆုံးနေ.မှာ စင်ကာပူကို မပြန်ခင် Muar မြို.လေးထဲ လျှောက်လည်ဦးမှာပါ။ မနက်အိပ်ယာထပြီး Hotel ကို တခါထဲ Check-out လုပ်ပြီး မနက်စာ ထွက်စားပါတယ်။


မနက်စာကို ဖြစ်သလို Food court မှာပဲ စားတယ်။ Laska (မလေးရှား အုန်းနို.ခေါက်ဆွဲ) စားခဲ့တယ်။


Monday, November 3, 2014

0

Sunset & Dinner at Parit Jawa, Muar


Visit to Mount Ophir (Waterfall)  ကနေ ညနေပိုင်းလောက်ပြန်လာပြီး Muar ဆိုတဲ့ မြို.လေးကိုသွားပါတယ်။ ဒီနေ.ည Muar မှာ တညအိပ်မှာပါ။ ဒါကတော့ Muar မှာ တည်းမည့် ဟိုတယ်မှာ Check-in လုပ်တုန်း Lobby မှာ ရိုက်လာတဲ့ ပုံပါ။ ဟိုတယ်က တရုတ် ရှေးဟောင်း စတိုင်ဆောက်ထားတဲ့ ဟိုတယ်ပါ။ Muar ကြိုးတံတား ကြီး ရှိတဲ့ မြစ်ဘေးမှာ ဆောက်ထားတဲ့ ဟိုတယ်ပါ။ 


ဟိုတယ်မှာ ပစ္စည်းတွေထားပြီး ညနေ Sunset ကြည့်ဖို. Parit Jawa ဆိုတဲ့ ပင်လယ်ဆိပ်ကမ်းလို နေရာကို သွားပါတယ်။ အဲ့နေရာလဲ ရောက်ကော မိုးဖွဲဖွဲ လေးရွာနေလို. မိုးခိုးနေတုန်း လက်ဖတ်ရည်ဆိုင်မှာ ခဏဆိုင်ပြီး မလေးရှားကြက်ကြော် ထမင်း ၀င်စားလိုက်တယ်။ မိုးနဲနဲ တိတ်သွားမှာ ဆိပ်ကမ်းဘက် လမ်းထွက်လျှောက်ခဲ့တယ်။ 


My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis