![]() |
Friendly local allowed me to take his photo. |
2015-Jun-25, မဟာဂန္ဓာရုံကျောင်းက အပြန် မန္တလေး အခေါ် ကျောက်စရစ် တန်းကို ၀င်လေ့လာခဲ့တယ်။ မန္တလေးမှာ နေခဲ့ပေမယ့် ဒီနေရာကို ဖြတ်သွားတာပဲ ရှိတယ် တခါမှ ဆင်းပြီး မလေ့လာဖူးဘူး။ ဒါပထမဆုံး ဆိုပါတော့။ ဒီနေရာမှာ နေတဲ့သူတွေ တော်တော်များများ က ဒီလုပ်ငန်းလုပ်ကြတာ များတော့ မန္တလေး အခေါ်အဝေါ် ကျောက်စရစ် တန်းလို. ခေါ်တာပါ။ မျက်ပါးရပ် ဆိုရင် ရွေဆိုင်းတွေ လုပ်လို. ရွေဆိုင်းတန်း။ ၃၇ လမ်းဆိုရင် ဖျာတွေရောင်းတော့ ဖျာတန်း၊ ၃၅ လမ်းဆိုရင် ပရိဘောဂ တန်းဆိုပြီး ခေါ်လေ့ရှိပါတယ်။
![]() |
The marble carving workshop is located on the way from Mandalay to Amarapura (U Bein Bridge). |