2013-Jun-25, ကျွန်တော် က မန္တလေးမှာ ကြီးလာခဲ့ပေမယ့် မဟာဂန္ဓာရုံကျောင်းကို တစ်ခါမှ မရောက်ဖူးဘူး။ အခုနောက်ပိုင်း မြန်မာနိုင်ငံကို လာလည်တဲ့ နိုင်ငံခြားတွေ ဓါတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်ထားတွေ ပုံတွေကို တွေ.မှ 'သြော် မန္တလေးမှာ ဒါလိုနေရာမျိုး ရှိသလား' ဆိုပြီး သတိထားမိလာတယ်။ အဲဒါကြောင့် နောက်တစ်ခါ မန္တလေးကို ရောက်ရင် ဒီဘုန်းကြီးကျောင်းကို မရောက်ရောက်အောင် သွားမယ်ဆိုပြီး မှတ်ထားလိုက်တယ်။
ဒီကျောင်းက မြန်မာပြည်မှာ အကြီးဆုံး ဘုန်းကြီးကျောင်းလို.လဲ ပြောကြတယ်။ နိုင်ငံခြားသားတွေ ဓါတ်ပုံလာရိုက်တဲ့ အချိန်က နေ.ခင်း ဆွမ်းစား တဲ့ အချိန် ၁၀ နာရီခွဲ ၀န်းကျင်လောက်ပေါ့။ ကျွန်တော်ကတော့ အဲ့ဒီနေ. မနက် ၉နာ၇ီခွဲလောက် ကတည်းကရောက်သွားတယ်။ စောစောရောက်နေတော့ ဘုန်းကြီးကျောင်းထဲ အေးအေးဆေးဆေး လေ့လာဖို. အချိန်တွေရခဲ့တယ်။
လျှောက်ကြည့်ရင်းနဲ. ထမင်းဟင်းချက်တဲ့ နေရာကိုရောက်သွားတယ်။ အခုလို အများကြီး ချက်ပြုတ်နေတာ မမြင်ဖူးတဲ့ သူတွေ အတွက်ကတော့ တော်တော်လေး စိတ်ဝင်စားဖို. ကောင်းမည့် မြင်ကွင်း တခုပါပဲ။ ကြက်ဆီပြန်၊ ၀က်ဆီပြန် နဲ. တခြား အလှူဟင်းတွေပေါ့။ ကြော်တဲ့ အိုးတွေ ကလည်း ဧရာမကြီးတွေ။
 |
Preparing Tea |
 |
Monk taking soup. |
 |
Making tea |
 |
Curry Pork |
 |
Carrying steam rice |
 |
Mixing rice. |
 |
Donors of the day. |
 |
Novice monks lining up to collect alms. |
၁၀ နာ၇ီခွဲလောက် ဆိုရင်တော့ ဆွမ်းစားဖို.အတွက် ကိုရင်တွေ အခုလို တန်းစီပါတယ်။ ကျွန်တော့် စိတ်ထင်တော့ ကိုရင် အပါး ၁ထောင် နီးနီးလောက်ရှိမယ်။ ဘေး၂ဘက်မှာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ ရပ်ပြီး ကြည့် နေကြပါတယ်။ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ အားရပါးရ ရိုက်နေကြတယ်။
အခုလို တန်းစီပြီး ရပ်နေပေးတော့ အေးအေးဆေးဆေး ဓါတ်ပုံ ရိုက်လို.ရပါတယ်။ တခြားလမ်းပေါ်မှာ (Street Photography) ရိုက်သလိုမျိုး အလျှင်လိုစရာမလိုဘူး။ ပထမဆုံး ရောက်ဖူးတာဆိုတော့ ကိုယ်တိုင်လည်း ဓါတ်ပုံတွေ အများကြီး ရိုက်ခဲ့တယ်။ ဓါတ်ပုံရိုက်ရင်း ကိုရင်တွေ ဘက်ကနေ တွေးမိပြီး အားနာသလိုခံစားမိတယ်။ နေ.တိုင်း လူတွေ အများကြီး သူတို.ကို အထူးအဆန်း အနေနဲ. ဓါတ်ပုံတွေ ရိုက်နေကြတာ သူတို.လဲ ငြီးငွေ.နေလောက်ပြီ။ မလွဲမရှောင်သာလို. အရိုက်ခံနေရတဲ့ ပုံစံမျိုးပေါ့။ အကောင်းဘက်က တွေးမယ်ဆိုရင်တော့ ဒီလိုနေရာမျိုးဆိုတာ ကမ္ဘာမှာ ၂နေရာမရှိဘူးလေ။ အခုလိုမြင်ကွင်း၊ယဉ်ကျေးမူနဲ. အလေ့အထတွေကို မှတ်တမ်းတင်ဖို. ကမ္ဘာအရပ်ရပ်ကလူတွေ လာကြတယ်ဆိုတာကလည်း ဂုဏ်ယူစရာမဟုတ်ဘူးလား?
 |
Donors of the day. |
 |
Lots of tourists at the monastery. |
တန်းစီနေတာ ပြီးလို. ကိုရင်တွေ ဘုန်းပေးပြီးတော့ တစ်ပါးပြီး တစ်ပါး ပြန်ထွက်လာတယ်။ အပြင်ဘက်မှာ ကိုရင်တွေ စွန်.တာကို ယူဖို.စောင့်နေတဲ့ ဆင်းရဲနွမ်းပါးတဲ့ လူတွေ ရှိတယ်။ ကလေးသူငယ်၊ လူလတ်ပိုင်း နဲ. သက်ကြီးရွယ်အိုတွေ၊ တချို.ဆို မိသားစုလိုက်ကြီး လာစောင့်နေကြတာ။ လူကြီး လုပ်တဲ့သူက အခုလို တောင်းစားနေတော့ သူတို.ရဲ. ကလေးတွေ ကြီးလာရင် ဘာတွေ လုပ်ကြမလဲ? ဒီလို မြင်ကွင်းက ကျွန်တော်တို. မြန်မာနိုင်ငံကလူတွေ အတွက်တော့ အထူးအဆန်းမဟုတ်ပါဘူး။ ကျွန်တော်တို. နိုင်ငံတစ်ခု ထဲမှာ မှ မဟုတ်ပဲ တခြား အိမ်နီချင်း နိုင်ငံတွေ မှာလဲ တွေ.နိုင်ပါတယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ Food Waste မဖြစ်တော့ဘူးပေါ့။
မဟာဂန္ဓာရုံကျောင်း ကို ပထမဆုံးရောက်တုန်း ရိုက်ခဲ့တဲ့ ပုံတွေကတော့ ဒီလောက်ပါပဲ။ ဒီတစ်ခေါက် ရောက်ပြီးတော့ 2013-December နဲ. 2014-December စုစုပေါင်း ၃ခေါက် ရောက်ဖြစ်တယ်။ နောက်တစ်ခေါက် မန္တလေးပြန်ရင်လဲ ထပ်သွားဦးမှာပါ။
Thanks for taking these photos; I have never been to Mandalay.
ReplyDeleteThanks, nice photos
ReplyDelete