Wednesday, January 28, 2015

0

Marble/Stone carving workshop & Mahamuni Pagoda, Mandalay

Friendly local allowed me to take his photo. 

2015-Jun-25, မဟာဂန္ဓာရုံကျောင်းက အပြန် မန္တလေး အခေါ် ကျောက်စရစ် တန်းကို ၀င်လေ့လာခဲ့တယ်။ မန္တလေးမှာ နေခဲ့ပေမယ့် ဒီနေရာကို ဖြတ်သွားတာပဲ ရှိတယ် တခါမှ ဆင်းပြီး မလေ့လာဖူးဘူး။ ဒါပထမဆုံး ဆိုပါတော့။ ဒီနေရာမှာ နေတဲ့သူတွေ တော်တော်များများ က ဒီလုပ်ငန်းလုပ်ကြတာ များတော့ မန္တလေး အခေါ်အဝေါ် ကျောက်စရစ် တန်းလို. ခေါ်တာပါ။ မျက်ပါးရပ် ဆိုရင် ရွေဆိုင်းတွေ လုပ်လို. ရွေဆိုင်းတန်း။ ၃၇ လမ်းဆိုရင် ဖျာတွေရောင်းတော့ ဖျာတန်း၊ ၃၅ လမ်းဆိုရင် ပရိဘောဂ တန်းဆိုပြီး ခေါ်လေ့ရှိပါတယ်။ 

The marble carving workshop is located on the way from Mandalay to Amarapura (U Bein Bridge). 





ဒီနေရာက ကမ္ဘာလှည့် ခရီးသွားတွေ ဦးပိန်တံတားက အပြန် (သို.) မဟာဂန္ဓာရုံကျောင်း က အပြန် ၀င်ပြီး လေ့လာလေ့ရှိပါတယ်။ ဒါကြောင့် ဒီမှာ နေတဲ့ သူတွေက ကင်မရာ မစိမ်းတော့ ဘူး။ ဓါတ်ပုံရိုက်ရတာ အဆင်ပြေပါတယ်။ 




အိမ်တိုင်းလိုလို  ရုပ်ထုတွေ ထုနေတာပဲ။ သိချင်တာက ဒါတွက အော်ဒါမှာမှ လုပ်တာလား၊ ကြိုပြီးတော့ လုပ်ထားတာလား? တချို. ဆင်းတုတော်တွေဆို တော်တော်လေးကို ကြီးပါတယ်။ ဗမာဘုရားရုပ်ထုတွေ အပြင် တခြား တရုတ် ဘုရား ရုပ်ထုတွေ၊  ဆင်၊မြင်း ရုပ်တွေလဲ တွေ.ခဲ့ပါတယ်။ ကြည့်ရတာ ပြည်ပကို လဲ တင်ပို.ရောင်းချတယ် ထင်တယ်။




ကြည့်ရတာ မျက်နှာတော် ကို ထုရတာ လက်ဝင်တယ်ထင်တယ်။ တော်တော်များများက မျက်နှာတော်တွေကို အကြမ်းထည်အတိုင်း ထားထားတယ်။ ဒါမှ မဟုတ် မျက်နှာတော်ကို ၀ယ်တဲ့သူ လာမှ ၀ယ်သူအကြိုက်  စိတ်ကြိုက်ထုပေးတာလား?




 ကျောက်စရစ်တန်းကို တစ်ပတ် ပတ်ကြည့်ရင်း ဟောဒီ ခြင်္သေ့ နှစ်ကောင် ရှိတဲ့ မုခ်ဦး ကြီးကိုတွေ.မှ၊ မဟာမုနိ ဘုရားကို သွားတဲ့ မုခ်ဦး ပါ လားဆိုပြီး  မဟာမုနိ ဘုရားကိုပါ တစ်ခါတည်း သွားလိုက်တယ်။ မဟာမုနိ ဘုရားကို ကျွန်တော်တို. မန္တလေးက လူတွေက ဘုရားကြီးလို.ခေါ်ပါတယ်။


The entrance of Mahamuni Pagoda can be seen from Marble Workshop area. 

ဘုရားကြီးကို ဒီ မုခ်ဦးကနေ အခုမှ ၀င်ဖူးတာပါ။ စောင်းတန်းတစ်လျှောက်မှာ ကျောက်စရစ်တန်းက ထုထားတဲ့ ဆင်းတုတော်တွေ ရောင်းတဲ့ ဆိုင်တွေကို တွေ.ရပါတယ်။ 










 မန္တလေးရောက်တိုင်း ဘုရားကြီးကို ရောက်ဖြစ်တယ်။ ရန်ကုန်မှာဆို ရွေတိဂုံ၊ မန္တလေး မှာ ဆို ဘုရားကြီး ဆိုပြီး နာမည်ကြီးပါတယ်။ 



Mahamuni Buddha Image





အရင်ကလဲ ဘုရားကြီးမှာ ဓါတ်ပုံတွေ ရိုက်ဖူးထားတာ့ အထွေအထူး ရိုက်စရာ သိပ်မရှိပါဘူး။ ဒါကြောင့် ဘုရားဖူးပြီးတာနဲ. ပြန်လာခဲ့ပါတယ်။




No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis