Compact camera လေးက ကိုယ်အပြင်သွားတိုင်း အမြဲပါနေတော့၊ တခုခု စားတိုင်း ဓါတ်ပုံ ရိုက်ဖြစ်တယ်။ အဲ့လို ရိုက်ရင်း ရိုက်ရင်း ပုံတွေ အရမ်းများနေလို. သဘောကျတဲ့ ပုံလေးတွေကို စုပြီး Food Photography ပို.စ်တွေ တင်မယ်လို. စိတ်ကူးထားတယ်။ အရင်တုန်းကလဲ တင်ဖူးပါတယ်။ ဘယ်လိုလဲ စိတ်ဝင်စားတယ်မို.လား?
Thursday, February 26, 2015
Monday, February 23, 2015
0
2015-Feb-22, နှစ်စဉ် Chinese New Year တိုင်း စင်ကာပူမှာ River Hong Bao ဆိုပြီး Marina Bay Sand နားမှာ တရုတ်နှစ်ကူး အထိမ်းအမှတ် အလှဆင်ထားပါတယ်။ 17-Feb ကနေ 28-Feb ထိ ဖွင့်ထားတာပါ။ ၀င်ကြေးမပေးရပါဘူး။ :) စင်ကာပူမှာ တရုတ်နှစ်ကူးဆိုရင် Mall တွေ ၊ Food court တွေ၊ Supermarket တွေ တော်တော်များများပိတ်ပါတယ်။ မြို.ထဲမှာလည်း လူတွေ ခြောက်ကပ်နေတက်ပါတယ်။ စလုံးတွေက အမျိုးတွေ အိမ် လျှောက်လည်၊ စလုံးမဟုတ်တဲ့သူတွေကတော့ ခရီးထွက်ကျတာ များပါတယ်။ ကျွန်တော်လို စလုံးလဲ မဟုတ်၊ ခရီးလဲ မထွက် နိုင်တဲ့သူတွေကတော့ ပိတ်ရက်တွေမှာ အလုပ်မရှိ အလုပ်ရှာကာ River Hong Bao ကို သွားပြီး ဓါတ်ပုံ ရိုက်ဖြစ်ခဲ့ပါတယ်။
River Hong Bao 2015

Thursday, February 19, 2015
0
နှစ်တိုင်း တရုတ်နှစ်ကူးဆိုရင် ရုံးမှာ အကျွေးအမွေးရှိပါတယ်။ ဒီနှစ်မှာလဲ အရင်နှစ်တွေကလို Loh Hei လုပ်ပါတယ်။ Loh Hei ဆိုတာကတော့ မြန်မာလိုအလွယ်ပြော ရရင်တော့ အစုံသုတ်ပေါ့။ သဘောင်္သီး စိမ်း၊ မုန်လာဥနီ စတာတွေ အမျှင်လိုက် ခြစ်ထားတဲ့ ဟာနဲ. တခြား အဆာပလာနဲ. နယ်ပြီး မွေလိုက်တာပါ။ အဲဒီဗူးလေးတွေထဲက ဟာတွေကို အကုန်ရောမွေလိုက်ရုံပါပဲ။ နောက်ပြီး salmon ငါး အစိမ်းလဲပါပါသေးတယ်။
Chinese New Year Celebration at my office, 2015
နှစ်တိုင်း တရုတ်နှစ်ကူးဆိုရင် ရုံးမှာ အကျွေးအမွေးရှိပါတယ်။ ဒီနှစ်မှာလဲ အရင်နှစ်တွေကလို Loh Hei လုပ်ပါတယ်။ Loh Hei ဆိုတာကတော့ မြန်မာလိုအလွယ်ပြော ရရင်တော့ အစုံသုတ်ပေါ့။ သဘောင်္သီး စိမ်း၊ မုန်လာဥနီ စတာတွေ အမျှင်လိုက် ခြစ်ထားတဲ့ ဟာနဲ. တခြား အဆာပလာနဲ. နယ်ပြီး မွေလိုက်တာပါ။ အဲဒီဗူးလေးတွေထဲက ဟာတွေကို အကုန်ရောမွေလိုက်ရုံပါပဲ။ နောက်ပြီး salmon ငါး အစိမ်းလဲပါပါသေးတယ်။
Labels:
Chinese Food,
Event,
Food,
Singapore,
Singapore Food
Sunday, February 15, 2015
2
Visit to Mandalay Hill, 2013
2013-Jun-27, မှတ်မှတ်ရရ စင်ကာပူ မပြန်ခင် နောက်ဆုံးရက်ရဲ. ညနေမှာ မန္တလေးရောက်တုန်း မန္တလေးတောင်ကိုတော့ ရောက်အောင်သွားဦးမှပဲ ဆိုပြီး သွားခဲ့တယ်။ မိုးတွင်းတော့ ဆို Sunset လဲ သိပ်မလှပါဘူး။ တိမ်တွေ ဖုံးနေလို. နေလုံးကြီးကိုလဲ မမြင်ခဲ့ရပါဘူး။ တောင်ပေါ်ကို ဆိုင်ကယ်နဲ. တက်တာဆိုတော့ ခဏလေးနဲ. တောင်ပေါ်ရောက်သွားခဲ့တယ်။ အရင်ငယ်ငယ်တုန်းကတော့ မန္တလေးတောင်ကို ခြေလျင်ပဲ တက်ဖြစ်တယ်။ ခြေလျင်နဲ.ဆိုရင် ခြင်္သေ့ကြီး ၂ကောင်က စတက်ရင် မိနစ် ၂၀ ကနေ ၃၀ လောက်တက်လိုက်ရင် တောင်ထိပ်ပေါ်ရောက်နိုင်ပါတယ်။ ကြားထဲမှာ ၂ခါ ၊ ၃ခါလောက်တော့ နားရတယ်။
Labels:
Food,
Landscape,
Mandalay,
Myanmar,
Myanmar Food
Monday, February 9, 2015
0
2015-Jan-31, East Coast park က Big splash မှာ လုပ်သွားတဲ့ ဒီအိမ်မွေး တိရစ္ဆာန်ပွဲ အတွက် လုပ်အားပေး ဓါတ်ပုံဆရာ ၃ဦး အလိုရှိတယ် ဆိုပြီး Facebook မှာ ရှယ်ထားတာတွေ.လိုက်လို. လုပ်အားပေးဖြစ်သွားတာပါ။ ဒီလို ပွဲမျိုးကို တခါမှလဲ မသွားဖူးပါဘူး။ ကိုယ်ကလဲ ကြောင်တွေ၊ ခွေးတွေကို ဓါတ်ပုံရိုက်ချင်တာနဲ. အတော်ပဲ ဖြစ်သွားတယ်။ အရင်ကလဲ စင်ကာပူ လမ်းဘေးက ကြောင်တွေကို ကြုံရင် ကြုံသလို ဓါတ်ပုံ ရိုက်နေကြဆိုတော့ သိပ်တော့ အခက်အခဲကြီး မရှိပါဘူး။
Pet Adoption Event @ Big Splash

Tuesday, February 3, 2015
1
2015 Chinese New Year Decoration @ China Town, Singapore
2015-Feb-01 ညနေပိုင်း အားနေတာနဲ. China Town ဘက်ကို ရောက်သွားတယ်။ အဓိကရည်ရွယ်ချက်ကတော့ Chinese New Year Decoration တွေကို ဓါတ်ပုံရိုက်ချင်တာပါ။ နှစ်တိုင်း ရိုက်နေကျဆိုတော့ လည်း ပျင်းတော့ ပျင်းသား။ ဒါပေမယ့် စင်ကာပူမှာက ဓါတ်ပုံရိုက်စရာ နေရာက သိပ်မရှိဘူးလေ။ ဒါကြောင့် DSLR ကင်မရာနဲ.လဲ သွားရမှာ လေးလို. မနှစ်က ၀ယ်ထားတဲ့ Sony compact camera (RX100 II) နဲ. ပဲ သွားခဲ့တယ်။
DSLR ရှိရက်နဲ. ဘာလို. compact camera ၀ယ်ဖြစ်သလဲ?
အဲဒီကင်မရာ ၀ယ်ရတဲ့ ရည်ရွယ်ချက်က DSLR ကင်မ၇ာကို မသယ်ချင်။ ဖုန်းကင်မရာ ကို မသုံးချင်တဲ့ အချိန်မျိုးမှာသုံးဖို.ပါ။ DSLR သုံးနေတာ ကြာလာတော့ ဖုန်းကင်မရာ ရဲ. Image Quality ကို ဘယ်လိုမှ စိတ်တိုင်းမကျနိုင်ဘူး။ DSLR ကျတော့ အမြဲတမ်း မသယ်နိုင်ဘူးလေ။ Compact camera လေးကျတော့ လွယ်အိတ်ထဲမှာ အမြဲတမ်း ထည့်ထားတော့ ဘယ်သွားသွား ကိုယ်နဲ. အမြဲတမ်းပါတယ်။
Labels:
Chinese Food,
Food,
Night,
Singapore,
Singapore Food
Subscribe to:
Posts (Atom)