Tuesday, February 3, 2015

1

2015 Chinese New Year Decoration @ China Town, Singapore


2015-Feb-01 ညနေပိုင်း အားနေတာနဲ. China Town ဘက်ကို ရောက်သွားတယ်။ အဓိကရည်ရွယ်ချက်ကတော့ Chinese New Year Decoration တွေကို ဓါတ်ပုံရိုက်ချင်တာပါ။ နှစ်တိုင်း ရိုက်နေကျဆိုတော့ လည်း ပျင်းတော့ ပျင်းသား။ ဒါပေမယ့် စင်ကာပူမှာက ဓါတ်ပုံရိုက်စရာ နေရာက သိပ်မရှိဘူးလေ။ ဒါကြောင့် DSLR ကင်မရာနဲ.လဲ သွားရမှာ လေးလို. မနှစ်က ၀ယ်ထားတဲ့ Sony compact camera (RX100 II) နဲ. ပဲ သွားခဲ့တယ်။ 


DSLR ရှိရက်နဲ. ဘာလို. compact camera ၀ယ်ဖြစ်သလဲ? 
အဲဒီကင်မရာ ၀ယ်ရတဲ့ ရည်ရွယ်ချက်က DSLR ကင်မ၇ာကို မသယ်ချင်။ ဖုန်းကင်မရာ ကို မသုံးချင်တဲ့ အချိန်မျိုးမှာသုံးဖို.ပါ။ DSLR သုံးနေတာ ကြာလာတော့ ဖုန်းကင်မရာ ရဲ. Image Quality ကို ဘယ်လိုမှ စိတ်တိုင်းမကျနိုင်ဘူး။  DSLR ကျတော့ အမြဲတမ်း မသယ်နိုင်ဘူးလေ။ Compact camera လေးကျတော့ လွယ်အိတ်ထဲမှာ အမြဲတမ်း ထည့်ထားတော့ ဘယ်သွားသွား ကိုယ်နဲ. အမြဲတမ်းပါတယ်။

SONY RX100 II က 1" sensor ကိုသုံးထား ပြီး F1.8 Bright lens နဲ.ဆိုတော့ Image Quality က ဖုန်းကင်မရာထက် အများကြီးကောင်းပါတယ်။ ကျွန်တော်နောက်ပိုင်း အစားအသောက်ပုံတွေဆို ဒီ compact camera လေးနဲ.ပဲ ရိုက်ဖြစ်တယ်။ စားရင်း သောက်ရင်း စားသောက်ဆိုင်တွေမှာ DSLR ကြီးနဲ. အစားအသောက်ပုံတွေ ရိုက်ရတာ နည်းနည်းတော့ ကြောင်သား။ အခုလို compact camera လေးနဲ.ကျတော့ လူတွသိပ် ပြီး မရိပ်မိကျဘူး။


Camera အကောင်းစားသုံးရင် ဓါတ်ပုံကောင်းကောင်း ရနိုင်ပါသလား?
အခုပုံတွေကို  S Mode (Shutter Priority Mode) နဲ. Tripod မပါပဲ လက်နဲ.ကိုင်ပြီးတော့ ရိုက်ထားတာပါ။ တချို.ပုံတွေကိုတော့ တုန်မှာ စိုးလို. ကင်မရာကို တခုခုပေါ်မှာ တင်ပြီး ရိုက်ထားတာပါ။ အခုနောက်ပိုင်း compact camera တွေရဲ. performance ကို လျှော့တွက်လို.တော့ မရတော့ဘူးနော်။ ကျွန်တော့် အနေနဲ.ကတော့ အခုပုံတွေက DSLR က ထွက်တဲ့ ပုံတွေ နီးနီးလောက် ကောင်းတယ်လို.ထင်တယ်။ ဒါကြောင့် ကင်မရာကြီးသုံးမှ ပုံကောင်းရမယ် လို.ပြောလို.မရတော့ဘူး။  ကျွန်တော့ အမြင်ကတော့ DSLR ကို Setting မှန်မှန် နဲ. မသုံးတက်ပဲ လျှောက်ရိုက်ရင် ပုံကောင်းရဖို. ခက်ခဲနိုင်ပါသေးတယ်။ ကျွန်တော် DSLR စသုံးခါစ တုန်းကလည်း Manual Setting တွေ ထားပြီး မသုံးတက်တော့ Auto နဲ.ပဲ ရိုက်တာ၊ တခါတလေ တော့လည်း ပုံကောင်းရသား၊ သုံးစားလို.မရတဲ့ (မှောင်၊၀ါး) ပုံတွေလဲ အများကြီး ရိုက်ခဲ့တာပေါ့နော်။ 






Photo Editing (Retouching)
နောက်ပြီး Camera Setting ပဲ ကျွမ်းကျွမ်းကျင်ကျင်သုံးတက်ပြီး ဓါတ်ပုံရိုက်တက်ရုံနဲ. မပြီးသေးပါဘူး။ တကယ်ပုံကောင်း တစ်ပုံဖြစ်ဖို.ဆိုရင် ရိုက်ထားတဲ့ တဲ့ ပုံတွေကို Edit လုပ်ဖို.လဲ လိုအပ်ပါတယ်။ တချို.ကျလဲပြောတယ် "ငါတို.က သဘာဝအတိုင်းပဲ ကြိုက်တယ်။ Edit မလုပ်ဘူး။ Fake ဖြစ်တာ ကို မကြိုက်ဘူး" စသဖြင့် ငြင်းခုံတက်တဲ့ Photographer တွေလဲ ရှိပါတယ်။ Edit လုပ်စရာမလိုပဲ ကောင်းအောင်ရိုက်တက်ရင်တော့ အဲ့လို ပြောတာ လက်ခံနိုင်ပါတယ်။ ဒါမှမဟုတ်ပဲ Original ပုံကို ကောင်းအောင် မရိုက်နိုင်ပဲ Edit လဲ မလုပ်ပဲ သူများကို ပြမယ်ဆိုရင် အဲ့ဒီပုံတွေက ကြည့်တဲ့သူအတွက် ဘာမူထူးခြားမူမရှိတဲ့ ပုံတွေ လို. သတ်မှတ်ခံရပါလိမ့်မယ်။ 

တချို.ကျတော့လဲ Editing ကို  လိုတာထက် ပိုပြီး လုပ်တဲ့ Photographer တွေ လဲ ရှိပါသေးတယ်။  သဘာဝမကျတဲ့ effect တွေ ပေါ့။  ဥပမာ- ကောင်းကင်အရောင်ကို ခရမ်းရောင်၊ ပန်းရောင်၊ လိမ်မော်ရောင်တွေ ထည့်ပစ်တာ၊  အရမ်း Sharp ဖြစ်အောင်လုပ်တာ။ ကာလာအလွန်ကြီးတွေ လုပ်ပစ်တာ ၊ HDR effect တွေကို အလွန်အကျွံသုံးတာ၊ စသဖြင့်ပေါ့။

ကျွန်တော်ကတော့ ဓါတ်ပုံတွေကို Ligthroom နဲ. edit လုပ်ဖြစ်တာများတယ်။ တခါတလေ ကျတော့လဲ Photoshop သုံးတယ် (အထူးသဖြင့် Portrait ပုံအတွက်) ။ အများသောအားဖြင့်  Crop လုပ်တာ၊ အလင်းအမှောင်ချိန်တာ လောက်ပဲ လုပ်ဖြစ်တာများပါတယ်။ အရင်တုန်းကတော့ အလွန်အကျွံ editing တွေ လုပ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ မူရင်းပုံကို  နဂိုထက်ပိုပြီး ကြည့်ပျော် ရူပျော် ရှိရုံလောက်ပဲ Edit လုပ်ပါတယ်။ သဘာဝမကျတဲ့ Editing မျိုး မလုပ်ဖြစ်အောင် ရှောင်ပါတယ်။ 










Raw or JPEG?
အခုပုံတွေ အားလုံးကို Raw format နဲ. ရိုက်ထားတာပါ။ DSLR ၀ယ်ခါစက Raw ဆိုတာ ကြီးကို ဘာကြီးမှန်းကို မသိတာပါ။ သုံးတာ ၂နှစ်လောက်နေမှ စပြီး ပြောင်းသုံးကြည့်မိတာ။ 20 mega pixel ရှိတဲ့ ကင်မရာမှာ Raw နဲ. ရိုက်ရင် ဓါတ်ပုံ တပုံကို 20MB လောက်ရှိတယ်။ JPEG နဲ. ရိုက်ရင် 5MB လောက်ပဲရှိပါတယ်။ အစကတော့ File Size က ကြီးတယ်။ SD card ခဏလေးနဲ. ပြည့်သွားတယ်။ ပုံတွေကလည်း JPEG နဲ. ရိုက်ထားတဲ့ ပုံတွေလောက် မလှဘူး ဆိုပြီး မသုံးချင်ဘူး။ JPEG နဲ.ရိုက်ရင် ကင်မရာက သူ.ဖာသာ edit လုပ်ပြီး File တခု အနေနဲ. SD card ထဲမှာ Save လုပ်ထားတာပါ။ ဒါကြောင့် LCD screen နဲ. ကြည့်ရင် JPEG နဲ. ရိုက်ထားတဲ့ ပုံတွေက Raw နဲ. ရိုက်ထားတဲ့ ပုံတွေထက် ပိုပြီး ကြည့်ရတာ စိုစိုပြေပြေ ရှိနေတက်ပါတယ်။ 

Raw နဲ.ရိုက်ရင် Canon ဆိုရင် .CR2 ၊ Sony ဆိုရင် .ARW ၊ Nikon ဆိုရင် .NEF ဆိုတဲ့ file format နဲ. SD card ထဲမှာရှိနေပါလိမ့်မယ်။ Raw ဆိုတဲ့အတိုင်း ဓါတ်ပုံက ဘာ effect မှ မပါပဲ အကြမ်းထည်ပုံစံဖြစ်နေတယ်။ Raw file က JPEG file လို ကွန်ပြူတာနဲ. ချက်ချင်းဖွင့်ကြည့်လို.မရပါဘူး။  Lightroom သို. Photoshop စတဲ့ software တွေ နဲ. ဖွင့်၊ စိတ်တိုင်းကျ edit လုပ်ပြီးတော့ JPEG ကိုပြောင်းရပါတယ်။ အရင် Film ခေတ်ကလို ဖလင်ဆေးပြီးမှ ဓါတ်ပုံရသလိုပေါ့။ 


ကျွန်တော်ဘယ်လို အချိန်မှာ JPEG နဲ. ရိုက်သလဲ ဆိုရင်  အပျော်တမ်း လျှောက်ရိုက်တဲ့ ပုံတွေ ၊ Social Media မှာ အမြန် Share ချင်တဲ့ ပုံတွေ၊ Edit လုပ်ဖို. မလိုတဲ့ ပုံတွေ (ဥပမာ- မိတ်ဆုံစားပွဲ၊ မွေးနေ.ပွဲ၊ မင်္ဂလာဆောင်တွေမှာ ရိုက်ဖြစ်တဲ့ပုံတွေ) ဆိုရင်တော့ JPEG နဲ.ပဲ ရိုက်တာ ပိုပြီး အဆင်ပြေပါလိမ့်မယ်။ 

Raw ကိုတော့ ကျွန်တော် Edit လုပ်ချင် တဲ့ ၊ လုပ်ဖို. လိုအပ်တဲ့ ဓါတ်ပုံ မျိုး    ဥပမာ - Portrait (Model, Street, Wedding)  ၊ Travel Landscape နဲ. Low Light တွေ ရိုက်တဲ့အခါ သုံးဖြစ်တာများပါတယ်။ ဘာလို.လဲ ဆိုတော့ ကျွန်တော် အချိန်ရရင် ရသလို အဲဒီ Raw file တွေကို  Photoshop နဲ. ပိုပြီးကောင်းမွန် တဲ့ ဓါတ်ပုံ ဖြစ်အောင် Edit လုပ်ဖို.ပါ။ 

Raw File size ကြီးတယ် ဆိုတာက အလကားကြီးနေတာ မဟုတ်ပါဘူး။ ဓါတ်ပုံ တပုံမှာ ရှိတဲ့ information တွေကို အသေးစိတ် သိမ်းထားလို. ကြီးနေတာပါ။ ဒါကြောင့် Edit လုပ်တဲ့ အခါမှာ ပိုပြီး အားရပါးရရှိတယ်။ ဥပမာ- အရမ်း မှောင်နေတဲ့ပုံကို  အလင်းထည့်ရင် JPEG ပုံတွေမှာ အလင်းထည့်တာလောက် Noise သိပ်မထဘူး။ အရမ်းလင်း၊ မှောင် နေတဲ့ ပုံတွေ ပြင်ရင်လဲ ဓါတ်ပုံထဲက Subject တွေရဲ. Detail တွေ ကို ထိန်းထားနိုင်ပြီး ပုံကောင်း တစ်ပုံဖြစ်အောင် ပြင်နိုင်ပါသေးတယ်။































































ဒီနှစ် Decoration ကတော့ မနှစ်က လိုပဲ တရုတ် အကြွေစိပုံစံ မီးပုံတွေကို အတန်းလိုက်ကြီး မီးထွန်းထားတာတွေပါ။ ပြီးတော့ ဆိတ်နှစ်ဆိုတော့ ဆိတ်အရုပ်တွေလဲ အများကြီးတွေ.ရပါတယ်။ ထုံးစံ အတိုင်း လမ်းပေါ်က မီးလုံးတွေကို ဓါတ်ပုံရိုက်၊ ပြီးတော့ ဈေးတန်းထဲကို တစ်ပတ် လမ်းလျှောက်ပြီးတော့ weekend တခုကို အဆုံးသတ်ခဲ့ပါတယ်။ 











အရင်နှစ်က ပုံတွေ ကြည့်ချင်ရင်တော့
2014 Decoration  (Year of Horse)
2013 Decoration  (Year of Snake)
2012 Decoration  (Year of Dragon)


1 comment:

  1. Thank for your nice photos and shared about RAW.

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis