Thursday, February 19, 2015

0

Chinese New Year Celebration at my office, 2015



နှစ်တိုင်း တရုတ်နှစ်ကူးဆိုရင် ရုံးမှာ အကျွေးအမွေးရှိပါတယ်။ ဒီနှစ်မှာလဲ အရင်နှစ်တွေကလို Loh Hei လုပ်ပါတယ်။ Loh Hei ဆိုတာကတော့ မြန်မာလိုအလွယ်ပြော ရရင်တော့ အစုံသုတ်ပေါ့။ သဘောင်္သီး စိမ်း၊ မုန်လာဥနီ စတာတွေ အမျှင်လိုက် ခြစ်ထားတဲ့ ဟာနဲ. တခြား အဆာပလာနဲ. နယ်ပြီး မွေလိုက်တာပါ။ အဲဒီဗူးလေးတွေထဲက ဟာတွေကို အကုန်ရောမွေလိုက်ရုံပါပဲ။ နောက်ပြီး salmon ငါး အစိမ်းလဲပါပါသေးတယ်။








တရုတ်နှစ်သစ်ကူးနားနီးရင် စင်ကာပူက supermarket  ၊ စားသောက်ဆိုင်၊ Food court တွေမှာ Loh Hei တွေ ရောင်းတာတွေ.ရတက်ပါတယ်။ မနှစ်ကတော့ Loh Hei ကို Sakae Sushi ကမှာပါတယ်။ ဒီနှစ်တော့ umi sushi က မှာပါတယ်။ သူက Loh Hei နဲ. sushi ကို တွဲပြီး Set အနေနဲ. ရောင်းတာပါ။ နောက်ပြီး ရုံးကလူတွေ က ပိုက်ဆံစုပြီး Pizza ပါ ထပ်ပြီးမှာ ပါသေးတယ်။  ကျွန်တော်က အသုတ်ဆိုရင် အချဉ် အစပ်မှ ကြိုက်တော့ Loh Hei ကို လုံးဝ မကြိုက်ပါဘူး။ အချို ကြိုက်တဲ့ သူတွေကတော့ ကြိုက်ကျမယ်ထင်တယ်။  



အဆာပလာတွေ အားလုံးထည့်ပြီးရင် အခုလို တက်ညီလက်ညီ တူနဲ. နယ်ပါတယ်။ နယ်နေတုန်း ဆုတောင်းကြပါတယ်။ ထီပေါက်ပါစေ။ ရာထူးတိုးပါစေ။ လစာ တက်ပါစေ စသဖြင့်ပေါ့။ သူတို. ယုံကြည့်မူနဲ. သူတို.ပေါ့လေ။  ဒီ Loh Hei ဆိုတာကို အရင် မြန်မာပြည်မှာနေတုန်းက တရုတ်တွေ လုပ်တာ မမြင်ဖူးလို. မေးကြည့်တော့။ ဒီ Loh Hei ဆိုတာက စင်ကာပူနဲ. မလေးရှား နိုင်ငံက တရုတ်တွေပဲ ဒီ ဓလေ့ ရှိတာပါတဲ့။ တခြားနိုင်ငံတွေမှ မရှိပါဘူးတဲ့။ 






အဲနေ.က ကျွန်တော် Loh Hei သိပ်မစားပဲ Sushi နဲ. Pizza ကို ပိုစားပါတယ်။ :)








Loh Hei လုပ်ပြီးတော့ Chinese new year eve မှာ   အပြင် Food court က Chicken rice ၊ Prata ၊ Satay ၊ Ice Kachang ဆိုင်တွေ ငှားပြီး ရုံးမှာ Food court လိုလုပ်ပြီး ၀န်ထမ်းတွေကို ကျွေးပါတယ်။ ဆိုင်တွေက နာမည်ကြီး ဆိုင်တွေလို.ပြောပါတယ်။ တကယ်လဲ အရမ်းစားလို.ကောင်းပါတယ်။ 












ဒီနှစ် တရုတ်နှစ်ကူးက  ကြာသပတေး နဲ. သောကြာဆိုတော့  စနေ၊ တနင်္ဂနွေနဲ. ပေါင်းလိုက်ရင် ၄ရက်တောင် အလုပ်နားရပါတယ်။ တော်တော်များများကတော့ ခရီးထွက်ကြပါတယ်။ ကျွန်တော်ကတော့ စင်ကာပူမှာပဲ သောင်တင်နေပါတယ်။ ထွေထွေထူးထူး လုပ်စရာ မရှိလို. အိမ်မှာ ကြိုက်တာ ချက်စား လိုက်၊ အိပ်လိုက် ၊ ရုပ်ရှင်ကြည့်လိုက် နဲ. အချိန်ဖြုန်းနေပါတယ်။ ဒါပေမယ့် ဒီပိတ်ရက်ထဲမှာ တရက်တော့ Marina Bay Sand နားက River Hong Bao (Chinese New Year Decoration) ဆိုတာ ကို ဓါတ်ပုံ သွားရိုက်ဖြစ်မယ်ထင်တယ်။

သင်ရော တရုတ်နှစ်ကူး ရုံးပိတ်ရက်မှာ ဘာတွေလုပ်ဖြစ်လဲ?  


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis