Monday, February 9, 2015

0

Pet Adoption Event @ Big Splash




2015-Jan-31, East Coast park က Big splash မှာ လုပ်သွားတဲ့  ဒီအိမ်မွေး တိရစ္ဆာန်ပွဲ အတွက် လုပ်အားပေး ဓါတ်ပုံဆရာ ၃ဦး အလိုရှိတယ် ဆိုပြီး Facebook မှာ ရှယ်ထားတာတွေ.လိုက်လို. လုပ်အားပေးဖြစ်သွားတာပါ။ ဒီလို ပွဲမျိုးကို တခါမှလဲ မသွားဖူးပါဘူး။ ကိုယ်ကလဲ ကြောင်တွေ၊ ခွေးတွေကို ဓါတ်ပုံရိုက်ချင်တာနဲ. အတော်ပဲ ဖြစ်သွားတယ်။ အရင်ကလဲ စင်ကာပူ လမ်းဘေးက ကြောင်တွေကို ကြုံရင် ကြုံသလို ဓါတ်ပုံ ရိုက်နေကြဆိုတော့ သိပ်တော့ အခက်အခဲကြီး မရှိပါဘူး။









Catwalk show ရှိတယ်ဆိုလို. ကြောင်တွေများ တကယ်လမ်းလျှောက်မလား ထင်နေတာ။ ပိုင်ရှင်တွေနဲ. ထွက်လာပါတယ်။ သီချင်းသံတွေ ဆူညံနေတော့ ကြောင်တွေ တော်တော်လေး ကို ကြောက်နေကြတယ်။ တချို. အကောင်တွေလဲ အေးအေးဆေးဆေးပါပဲ။ ကြောင်တွေတော်တော်များများက ၀၀တုတ်တုတ်ကြီးတွေ အရမ်းချစ်ဖို.ကောင်းပါတယ်။ 



















ကျွန်တော့အလုပ်က ပွဲကိုလာတဲ့ လူတွေ သူတို.ရဲ. ခွေးတွေ ကြောင်တွေနဲ. အတူ ဓါတ်ပုံရိုက်ချင်တယ် ဆိုရင်  အလှဓါတ်ပုံရိုက်ပေးရတာပါ။ ဓါတ်ပုံရိုက်ဖို.အတွက် Studio လို White color Backdrop နဲ. Flash light stand ၂ခု ဆင်ထားပါတယ်။ သူတို. ပေးတဲ့ Wireless flash trigger လေးကို ကင်မရာပေါ် တပ်ပြီး ရိုက်ရုံပါပဲ။ အရင်ကလဲ Off-camera flash ရိုက်ဖူးထားတော့ ဒါမျိုးရိုက်ရတာ အခက်အခဲ သိပ်မရှိလှပါဘူး။ တခုပဲ၊ တိရစ္ဆာန်ဆိုတော့ ငြိမ်ငြိမ်မနေဘူးလေ။ ကင်မရာကိုလဲ ကြည့်ခိုင်းလို.မရဘူး။ ဒါကြောင့် သူတို.တွေ ကိုယ့်ဘက်ကို ကြည့်အောင် အသံအမျိုးမျိုး ပေးပြီး ဆွဲဆောင်ရတယ်။ 














































ဒီပွဲမှာ မွေးစားဖို. လိုအပ်တဲ့  တိရစ္ဆာန်တွေလည်းပြထားပါတယ်။ ဒီကြောင်တွေကို မွေးချင်တယ်ဆိုရင် အလကားမွေးလို.ရပါတယ်တဲ့။ ဒါပေ့မယ့် မွေးမယ်ဆိုရင် စင်ကာပူ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး အသင်းက မွေးမည့်သူ.ကို အရင် တိရစ္ဆာန် မွေးဖူးသလား၊ တိရစ္ဆာန်တွေကို Abuse လုပ်ဖူးတဲ့ ရာဇ၀င်ရှိလား စတာတွေ ကို စစ်ဆေး ပြီးမှ မွေးခွင့်ပေးတယ်လို. သိရပါတယ်။ 



No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis