2015-Feb-22, နှစ်စဉ် Chinese New Year တိုင်း စင်ကာပူမှာ River Hong Bao ဆိုပြီး Marina Bay Sand နားမှာ တရုတ်နှစ်ကူး အထိမ်းအမှတ် အလှဆင်ထားပါတယ်။ 17-Feb ကနေ 28-Feb ထိ ဖွင့်ထားတာပါ။ ၀င်ကြေးမပေးရပါဘူး။ :) စင်ကာပူမှာ တရုတ်နှစ်ကူးဆိုရင် Mall တွေ ၊ Food court တွေ၊ Supermarket တွေ တော်တော်များများပိတ်ပါတယ်။ မြို.ထဲမှာလည်း လူတွေ ခြောက်ကပ်နေတက်ပါတယ်။ စလုံးတွေက အမျိုးတွေ အိမ် လျှောက်လည်၊ စလုံးမဟုတ်တဲ့သူတွေကတော့ ခရီးထွက်ကျတာ များပါတယ်။ ကျွန်တော်လို စလုံးလဲ မဟုတ်၊ ခရီးလဲ မထွက် နိုင်တဲ့သူတွေကတော့ ပိတ်ရက်တွေမှာ အလုပ်မရှိ အလုပ်ရှာကာ River Hong Bao ကို သွားပြီး ဓါတ်ပုံ ရိုက်ဖြစ်ခဲ့ပါတယ်။
အားနေတာနဲ. အိမ်ကနေ စောစောထွက်လာတာ ပွဲနေရာကို ညနေ ၅နာ၇ီခွဲလောက်ရောက်သွားတယ်။ ညနေပေမယ့် နေတော်တော်ပူပါသေးတယ်။ ညမီးထွန်းတဲ့ အချိန်ကို ဓါတ်ပုံရိုက်ချင်တာဆိုတော့ မှောင်တဲ့ အထိစောင့်ရပါတယ်။ ဒီရက်ပိုင်းမှာ နေက ည ၇နာရီခွဲလောက်မှာ ၀င်တာလေ။ ဒါနဲ. အချိန်ဖြုန်းဖို. ကလေးကစားကွင်းဘက်ကို သွားခဲ့တယ်။
ကလေး ကစားကွင်းက ဆော့နေတဲ့ ကလေးလေးတွေကို ကြည့်ရတာ စိတ်ကြည်နူးဖို.ကောင်းပါတယ်။ ကိုယ်ပါ တခါတည်းဝင်ဆော့ချင်တယ်။ တချို. ကစားစရာတွေက ကိုယ်ငယ်ငယ်တုန်းက မြန်မာပြည်မှာ မရှိဘူးလေ။ ကစားကွင်းထဲမှာ အချိန်ဖြုန်းလို. ပြီးတော့ နေကမ၀င်သေးဘူး။ ဒါနဲ. နောက် အချိန်ဖြုန်းလို. ကောင်းတဲ့ နေရာကို ထပ်ရှာရပါတယ်။
အချိန်ဖြုန်းဖို. လျှောက်ပတ်ကြည့်ရင်း River Hong Bao ရဲ. မျက်နှာချင်းဆိုင်က ပွဲကြည့်စင် ထိုင်ခုံတွေ ရှိတဲ့ဘက်ကို ရောက်လာတယ်။ အဲ့မှာ နေ၀င်ချိန်ကို ဓါတ်ပုံရိုက်ဖို. စောင့်နေတဲ့ လူတွေကို တွေ.လို. တခါတည်း Sunset ဓါတ်ပုံရိုက်ဖို. နေရာယူထားလိုက်တယ်။ အဲ့နေ.က ရာသီဥတု အရမ်းကိုသာယာတော့ Sunset ပုံကောင်းကောင်း ရိုက်လို.ရမှာ သေချာတယ်လေ။
တကယ်စောင့်ရကျိုးနပ်အောင် လဲ နေလုံးအကြီးကြီးကို ဓါတ်ပုံ ရိုက်နိုင်ခဲ့တယ်။ Lens ကတော့ Tamron SP 70-300mm f/4-5.6 Di VC USD ကိုသုံးပြီး ရိုက်ထားတာပါ။ 300mm မှာ ထားပြီးရိုက်ထားတော့ နေလုံးကြီးကိုအနီးကပ်မြင်ရပါတယ်။ နေလုံးကို Focus ချပြီး Metering ကို Evaluated metering နဲ. ထားပြီး ရိုက်ထားတာပါ။
![]() |
နေ၀င်တာ ဓါတ်ပုံရိုက်ပြီးတော့ ဒီဘက်မှာလဲ မီးတွေ စထွန်းနေပြီလေ။ ဒါနဲ. အောက်ပြန်ဆင်းပြီး ညအလှကို ဓါတ်ပုံဆက်ရိုက်ပါတယ်။ စောစောရောက်ခဲ့လို. အခုလို နေမ၀င်မှီ နဲ. နေ၀င်ပြီး ဓါတ်ပုံတွေ ရိုက်နိုင်ခဲ့တယ်။
နေလဲဝင်ကော ပွဲကိုလာတဲ့သူတွေ ပိုများလာပါတယ်။ အပေါ်ကနေကြည့်တာ ပုရွက်ဆိတ်တွေကျနေတာပဲ။း)
အဲ့နေ.က Sunset တင်လှတာမဟုတ်ဘူး။ နေ၀င်ပြီး Blue Hour ပါ တော်တော်လေးလှတယ်။ ကောင်းကင်က ပြာနေပြီး တိမ်တွေ သိပ်မရှိဘူး။
![]() |
Animal of the year, Goat |
Decoration တွေကို ဓါတ်ပုံရိုက်ပြီး အားရတော့ ပြန်တော့မယ် အလုပ်မှာ Marina Bay Sand ဘက်ကို လှမ်းကြည့်လိုက်တော့ ကောင်းကင်ပြာကြီးနဲ. အရမ်းလှနေတာကိုတွေ.လိုက်တယ်။ ဒါနဲ. ဓါတ်ပုံ ရိုက်ဦးမှ ဆိုပြီး တစ်ပုံလောက် စမ်းရိုက်ကြည့်တယ်။ အရမ်း သဘောကျနေတာနဲ.ထပ်ပြီးရိုက်တယ်။ အလင်းရောင်သိပ်မရှိတော့ Long Exposure နဲ. ရိုက်ရမှာ လေ။ Tripod လဲ ပါမလာတော့ တံတားဘောင်ပေါ်မှာ ကင်မရာအိတ်ကိုတင်၊ ပြီးတော့ ကင်မရာကို ကင်မရာအိတ်ပ်ါမှာ တင်ပြီး Timer ထားပြီး ရိုက်ခဲ့တာပါ။ ဒီလို ခရမ်းမကျ၊ အပြာမကျ ကောင်းကင်အရောင်ကို အရမ်းသဘောကျတယ်။ အရင်သူများပုံတွေထဲမှာသာ မြင်ဖူးတာ၊ အခုမှပဲ ကိုယ်တိုင် အမိအရ ရိုက်နိုင်တော့တယ်။
![]() |
အရင် Post အဟောင်းတွေ ပြန်ဖတ်ကြည့်မှပဲ ဒီတခါနဲ.ဆိုရင် ကျွန်တော် River Hong Bao ကို ဓါတ်ပုံရိုက်လာတာ ၅ နှစ်တောင်ရှိသွားပြီ။ တစ်နှစ်ထက်နှစ် အသက်တွေ ပိုကြီးလာသလို၊ ဓါတ်ပုံ ရိုက်လာတဲ့ အတွေ.အကြုံတွေလဲ အများကြီး ရခဲ့တယ်။ ပိုပြီးကောင်းတဲ့ ပုံတွေ ဖြစ်ဖို.လဲ ကြိုးစားအားထုတ်ပြီး ရိုက်ခဲ့တယ်။ အရင်နှစ်ကပုံတွေနဲ. ယှဉ်ရင်ဒီနှစ် ရိုက်ခဲ့တဲ့ ပုံတွေကို ပိုပြီးအားရမိတယ်။
ရှေ.နှစ်က ပုံတွေကို ကြည့်ရင်ချင်တော့ အောက်ကလင့်တွေမှာ နှိပ်ပြီး ကြည့်နိုင်ပါတယ်။
River Hong Bao 2014River Hong Bao 2013
River Hong Bao 2012
River Hong Bao 2011
No comments:
Post a Comment