2013-Jun-27, မှတ်မှတ်ရရ စင်ကာပူ မပြန်ခင် နောက်ဆုံးရက်ရဲ. ညနေမှာ မန္တလေးရောက်တုန်း မန္တလေးတောင်ကိုတော့ ရောက်အောင်သွားဦးမှပဲ ဆိုပြီး သွားခဲ့တယ်။ မိုးတွင်းတော့ ဆို Sunset လဲ သိပ်မလှပါဘူး။ တိမ်တွေ ဖုံးနေလို. နေလုံးကြီးကိုလဲ မမြင်ခဲ့ရပါဘူး။ တောင်ပေါ်ကို ဆိုင်ကယ်နဲ. တက်တာဆိုတော့ ခဏလေးနဲ. တောင်ပေါ်ရောက်သွားခဲ့တယ်။ အရင်ငယ်ငယ်တုန်းကတော့ မန္တလေးတောင်ကို ခြေလျင်ပဲ တက်ဖြစ်တယ်။ ခြေလျင်နဲ.ဆိုရင် ခြင်္သေ့ကြီး ၂ကောင်က စတက်ရင် မိနစ် ၂၀ ကနေ ၃၀ လောက်တက်လိုက်ရင် တောင်ထိပ်ပေါ်ရောက်နိုင်ပါတယ်။ ကြားထဲမှာ ၂ခါ ၊ ၃ခါလောက်တော့ နားရတယ်။
မန္တလေးပြန်တိုင်း မန္တလေးတောင် ကိုရောက်ဖြစ်နေတော့ ထူးထူးခြားခြား ဓါတ်ပုံရိုက်စရာ သိပ်မရှိပါဘူး။ အရင်ရိုက်ထားတဲ့ ပုံတွေနဲ.တောင် တူနေသေးတယ်။ ဒါကြောင့် အရင်တင်ဖူးတဲ့ ပုံတွေနဲ.သိပ်မတူတဲ့ ပုံတွေ ၊ ပိုပြီးကောင်းမယ်လို. ထင်တဲ့ ပုံတွေကို စုစည်းပြီး ဒီပို.စ် ကို တင်လိုက်ပါတယ်။
 |
Mandalay Hill Resort can be seen from the hill. |
 |
Famous two snakes at Mandalay Hill |
 |
Couple praying at Mandalay Hill. |
 |
Mandalay downtown can be seen from Mandalay Hill |
 |
Oo Pho Prison(far behind) & Traditional Medicine University (front) |
 |
Tourists watching sunset at Mandalay hill. |
ဒါက 2013-Jun ခရီးသွားရာသီမဟုတ်တော့ နိုင်ငံခြားသားတွေ သိပ်မရှိပါဘူး။ ပြီးခဲ့တဲ့ 2014-Dec တုန်းကရောက်သွားတာ၊ ရင်ပြင်တော်မှာ နိုင်ငံခြားသားတွေ ပြည့်လို.။ ကင်မရာ Tripod တောင် ချစရာနေရာမရှိဘူး။
တောင်ပေါ်ကအဆင်း နန်းရှေ.နားက ရွေလက်ရာ မုန်.ဟင်းခါးဆိုင်မှာ ညစာ ၀င်စားခဲ့တယ်။
ရွေလက်ရာ မုန်.ဟင်းခါးဆိုတာ မန္တလေးမှာ တော်တော်လေး နာမည်ကြီးပါတယ်။ ဆိုင်ခွဲတွေလဲ အများကြီးရှိပါတယ်။ ရောက်တဲ့ အချိန်က နောက်ကျတော့ ပဲကြော် တောင် မရှိတော့ဘူး။ ဒါကြောင့် မုန်.ဟင်းခါးကို တိုဟူးကြော်နဲ. ပဲ စားခဲ့ရပါတယ်။ မုန်.ဟင်းခါး အရမ်းကြိုက်တဲ့သူဆိုတော့ ဘယ်ဆိုင်က မုန်.ဟင်းခါးပဲ သောက်သောက် ကောင်းပြီးသားပဲ။
 |
A bowl of Mon Hin Gar (Fish soup with rice noolde) |
ဓာတ်ပုံတွေ အရမ်းလှ လို့ လာလာကြည့်ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ReplyDeleteစကားမစပ် ရွှေလက်ရာ ကို မနက်ပိုင်းပဲ ဖွင့်တယ်ထင်နေတာ။
၂၆ လမ်း နန်းရှေ.သွားတဲ့ လမ်းက ရွေလက်ရာဆိုင်ပါ။ သွားစားတဲ့ အချိန်က ည ရနာရီခွဲလောက် ထင်တယ်။ ဆိုင်သိမ်းတော့မှာပါ။ ဘလော့ လာဖတ်တဲ့ အတွက်ကျေးဇူးတင်ပါတယ်။
Delete