Monday, March 30, 2015

0

Remembering Lee Kuan Yew (1923 - 2015)


Lee Kuan Yew အကြောင်းကို ကျွန်တော် အသေးစိတ်မသိဘူး။ ဒီပို.စ်ကိုရေးရတဲ့ ရည်ရွက်ချက်က သူ.ကို ဂုဏ်ပြုနူတ်ဆက် ချင်တာရယ်၊ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်နေနဲ. စင်ကာပူ နိုင်ငံအပေါ် ထင်မြင်ချက်ကို မျှဝေချင်လို.ပါ။



ကျွန်တော် စင်ကာပူကို ၂၀၀၅ ခုနှစ် ဧပြီလ တုန်းက ရောက်လာခဲ့ပါတယ်။ ပိုလီကျောင်း လာတက်တာပါ။ ၂၀၀၀ ခုနှစ်ဆန်းပိုင်းမှာ မြန်မာပြည်က ၁၀အောင်ခါစ နဲ. တက္ကသိုလ် ကျောင်းသား/သူ တွေ အကြားမှာ စင်ကာပူ က ပိုလီ ကျောင်းတွေ ဆိုတာ အရမ်းကို ရေပန်းစားခဲ့တဲ့ အချိန်ပေါ့။ ဘာလို. ရေပန်းစားလဲ ဆိုတော့ ပိုလီတက်ရင် စင်ကာပူအစိုးရက ကျောင်းလခ ကို ထောက်ပံ့ကြေးပေးလို. ကျောင်းလခ ဈေးမကြီးဘူး၊ ပြီးတော့ ၃နှစ်ကျောင်းတက်ပြီးရင် Singapore PR (အမြဲတမ်းနေထိုင်ခွင့်) ရတယ်လေ။ ကျွန်တော် ၀င်ခွင့်ရတဲ့ ၂၀၀၅ ခုနှစ် အသုတ်မှာတောင် မြန်မာနိုင်ငံက ကျောင်းဝင်ခွင့်ရတဲ့သူအရေအတွက်က ၊ ရှေ.နှစ်က နဲ. ယှဉ်ရင် တော်တော်လေး နည်းသွားပြီ။ အခုနောက်ပိုင်းတော့ စင်ကာပူနိုင်ငံက ဘယ်ပိုလီ ကျောင်းမှာပဲ တက်တက် PR လဲ မပေးတော့၊ ကျောင်းလခတွေလဲ အရင်လို ထောက်ပံ့ကြေးတွေ မပေးတော့ နိုင်ငံခြားက ကျောင်းသားတွေလဲ ပိုလီကို စိတ်ဝင်စားမူနည်းလာကြတယ်။

မြန်မာပြည် တက္ကသိုလ်ကျောင်းသားဘဝ
အမှန်ေတာ့ ကျွန်တော်စင်ကာပူမလာခင် မြန်မာပြည်မှာ ကွန်ပြူတာ တက္ကသိုလ်ကို ၃နစ်ပြီးအောင် တက်ခဲ့တယ်။ ပိုလီမှာ လဲ ကွန်ပြူတာလိုင်းကို ပဲ ဆက်တက်ခဲ့တယ်။ အဲ့ဒီတုန်းက သူများတွေက ပြောတယ် "မြန်မာပြည်မှာ Bachelor Degree တောင်တက်သွားတာ၊ ဟိုမှာ ဘာလို. Diploma သွားတက်မှာလဲ? နှမြောစရာကြီး၊ Master တက်ပေါ့" စသဖြင့် ပြောကြတယ်။ ကျွန်တော်အနေနဲ. ပိုလီ က Diploma ကို ရွေးချယ်ရတဲ့ အကြောင်းအရင်းက တော့

  • မြန်မာပြည်က တက္ကသိုလ်မှာ ကျွန်တော် စာတော်တဲ့၊ စာလုပ်တဲ့ ကျောင်းသားမဟုတ်ခဲ့ဘူး။
  • ပထမနှစ်ကနေ ၊ တတိယ နှစ်ထိ Programming ဘာသာရပ် တွေကို စာတွေ.ပဲ ရေးခဲ့တယ်။ စာမေးပွဲမှာလဲ ဘာမေးခွန်းလာလာ ကိုယ်ကျက်ထားတာပဲဖြေတယ်။ ဒါပေမယ့် စာမေးပွဲ အမြဲအောင်တယ်။
  • ကျောင်းမှာ သင်တဲ့ စာတွေကို အပြင်လောက တကယ်လက်တွေ. ဘယ်လို အသုံးချရမှာလဲ မသိခဲ့ဘူး။
  • ကိုယ့်ကိုယ်ကို ကွန်ပြူတာဘွဲ.ရ ကျောင်းသားလို. ပြောပြီး၊ IT ပညာရှင်အနေနဲ. အလုပ်ခွင်ဝင်ဖို. ယုံကြည့်မူမရှိဘူး။
စင်ကာပူ က ပိုလီ (Diploma) ကျောင်းသားဘဝ
ကွန်ပြူတာ တက္ကသိုလ်ကျောင်းပြီးခါစ၊ မြန်မာပြည်မှာ ပိုလီ ၀င်ခွင့် စားမေးပွဲ ဖြေတာ အောင်လို. စင်ကာပူမှာ ပိုလီကျောင်းကို ၃နှစ်လာတက်ခဲ့တယ်။ ပိုလီမှာ Diploma of Information Technology ကို တက်လို. မြန်မာပြည်မှာ တက်ခဲ့တဲ့ Bachelor of Computer Science က စာတွေက တော်တော်လေး အထောက်အကူပြုခဲ့ပါတယ်။ ဒါကြောင့် ပိုလီတက်တုန်း စာနဲ. ပတ်သက်ပြီး အခက်အခဲမရှိခဲ့ဘူုး။ နောက်ပြီး ပိုလီမှာ က မြန်မာပြည်မှာ မသင်ခဲ့ရတဲ့ အရာတွေပါ သင်ယူခဲ့ရတယ်။ အဲ့ဒါတွေကတော့
  • စာတွေနဲ. လက်တွေ. ပူးတွဲ သင်ယူခြင်း
  • Assignment တွေ Project တွေ အဖွဲ.လိုက်ရော၊ တစ်ယောက်ချင်း ရောလုပ်ခဲ့တယ်။ သူများဆီက ကူးချတာမျိုး မဟုတ်ပဲ ကိုယ်တိုင် အစအဆုံး လုပ်ဖူးခဲ့တယ်။ Report တွေလဲ ရေးခဲ့ရတယ်။ 
  • ကွန်ပြူတာ ဘာသာရပ်အပြင် လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ အရာတွေပါ သင်ပေးပါတယ် ။ ဥပမာ - ၀တ်စားဆင်ယင်မူ၊ Presentation လုပ်ခြင်း၊ Research လုပ်ခြင်း၊ အလုပ် အင်တာဗျူး လုပ်ခြင်း၊  Email ရေးနည်း၊ အလုပ်လျှောက်နည်း၊ အဖွဲ.လိုက် အလုပ်လုပ်ခြင်း၊ စီးပွားရေးနဲ. ပတ်သတ်တဲ့ တွေးခေါ်နည်း စတာတွေ သင်ပေးပါတယ်။ 
  • Internship လဲ သွားခဲ့ရတယ်။ နောက်ဆုံး Semester မှာ ကုမ္ပဏီတခုမှာ အလုပ်သင် ၄လသွားဆင်းရပါတယ်။ အဲ့တာ ပြီးမှာ ဘွဲ.ရပါတယ်။ တချို.ကျောင်းသားတွေလဲ  အဲဒီ Internship ကနေ Permanent အလုပ်ရသွားကြပါတယ်။ Permanent အလုပ်မရခဲ့ရင်တောင် အဲ့ဒီ Internship မှာ ရခဲ့တဲ့ အတွေ.အကြုံတွေက နောက်လုပ်မည့် အလုပ်အတွက် အထောက်အကူပြုနိုင်ပြီး၊ အလုပ်ခွင်နဲ. မစိမ်းတော့ပါဘူး။ 
ဒါကြောင့် ပိုလီမှာ ၃နှစ်ကျောင်းပြီးတော့ ကိုယ့်နိုင်ငံမဟုတ်ပေမယ့် အလုပ်စလျှောက်ဖို.၊ အလုပ်ခွင်ဝင်ဖို. ယုံကြည့်တွေ ရှိလာတယ်။ အလုပ်လဲ ရခဲ့ပြီး အခုထိ ဆို  စင်ကာပူမှာ အလုပ်လုပ်နေတာ ၇နှစ်တောင် ပြည့်တော့မယ်။ 

စင်ကာပူ လူနေမူဘဝ
သူများတွေ ပြောသလိုပဲ စင်ကာပူက နေရတာ အဆင်အပြေဆုံး နိုင်ငံတခု ဆိုတာ ကျွန်တော်ထောက်ခံပါတယ်။ 
ဘယ်နေရာ သွားမလဲ MRT ရှိတယ်။ Bus ရှိတယ်။ Taxi ရှိတယ်။ အချိန်မှန်ပြီး လိုရာခရီးကို သက်တောင့်သက်သာ ရောက်နိုင်ပါတယ်။ နောက်ပြီး အရာအားလုံးက သူ.နေရာနဲ.သူ စနစ်တကျ ရှိတယ်။ ဥပမာ - အိမ်သာ ရှိသင့်တဲ့နေရာမှာ အိမ်သာရှိတယ်။ အမိုက်ပုံးရှိသင့်တဲ့ နေရာမှာ အမိုက်ပုံရှိတယ်။ Foodcourt ရှိသင့်တဲ့ နေရာမှာ Foodcourt တွေရှိတယ်။ ATM တွေ၊ Convenience store တွေ နေရာတိုင်းမှာ ရှိတယ်။ ကမ္ဘာ. နိုင်ငံတွေထဲမှာလည်း  လုံခြုံမူ (Safety) အရမ်းကောင်းတဲ့  နိုင်ငံတခုပါ။ စသဖြင့် နေရာတိုင်းမှာ ဟာကွတ် မရှိဘူးလို. ပြောရလောက်အောင် စနစ်တကျရှိပါတယ်။ ဒါတွေက သူ.ဖာသာ အလိုအလျှောက်ဖြစ်လာတာ မဟုတ်ဘူး။ စနစ်ကောင်းလို.၊  စီမံခန်.ခွဲ တဲ့လူတွေရဲ. ကြိုးပမ်း ၊ အမျှော်အမြင် ရှိမူကြောင့် ပြည်သူတွေ အခုလို အဆင်ပြေစွာ နေထိုင်နိုင်တယ်။  ဒါကြောင့် စင်ကာပူမှာ နေခဲ့တဲ့သူတွေ က တခြားနိုင်ငံကို သွားရင် စင်ကာပူရဲ. ကောင်းတဲ့ အချက်တွေကို သတိရနေကျမှာပါ။

အထက်ပါ အချက်တွေကြောင့် ကျွန်တော့ အနေနဲ. စင်ကာပူနိုင်ငံက အုပ်ချူပ်သူတွေကို အရမ်းလေးစားမိတယ်။ ဒါလို စနစ်ကောင်းတွေကို အသက်သွင်းပေးခဲ့တဲ့ သူကတော့ မတ်လ ၂၃ရက်နေ. မနက် ၃နာ၇ီ ၁၈မိနစ်မှာ ကွယ်လွန်ခဲ့တဲ့ အသက် ၉၁ နှစ်ရှိပြီ ဖြစ်တဲ့ Mr Lee Kuan Yew ပါ။ အခုလက်ရှိ Prime Minister Mr Lee Hsien Loong ကတော့ သူ.ရဲ.သားပါ။ စင်ကာပူမှာ လီကွမ်ယု နဲ. လီရှန်လွန်း တို.ရဲ. People Action Party ကို အမြင်မတူ တဲ့သူတွေ ရှိကြပေမယ့် ၊ လီကွမ်ယု ကြောင့် စင်ကာပူနိုင်ငံ အခုလို ဖွံ.ဖြိုးတိုးတက်ခဲ့တာ ကိုတော့ ဘယ်သူမှ ငြင်းလို.မရပါဘူး။ 

လီယွမ်ယုရဲ. ကြိုးစားမူကြောင့် စင်ကာပူက ငါးဖမ်းတဲ့ ရွာလေး တခုကနေ အရှေ.တောင်အာရှမှာ အတိုးတက်ဆုံး နိုင်ငံတခုဖြစ်လာခဲ့တယ်။ တခြားနိုင်ငံက လူတွေ အတွက် အလုပ်အကိုင်အခွင့်ရေး တွေ အများကြီး ဖန်တီးပေးနိုင်ခဲ့တယ်။ ဥပမာ- မြန်မာနိုင်ငံက လူငယ်တစ်ယောက် စင်ကာပူမှာ အလုပ်ရသွားရင်၊ သူရော မြန်မာပြည်က သူ.မိသားစုပါ အဆင်ပြေတယ်လေ။ ဒီလို နိုင်ငံခြားကနေ စင်ကာပူကို လာရောက် အလုပ်လုပ်ကိုင်နေတဲ့ သူတွေ သန်းနဲ.ချီပြီး ရှိတယ်။ စင်ကာပူမှာ ရေရှည် မနေရင်တောင်မှ စင်ကာပူကနေ ကမ္ဘာ.အဆင်မှီ လုပ်ငန်းအတွေ.အကြုံတွေကို သင်ယူနိုင်တယ်။  ပညာရေးဆို၇င်လဲ စင်ကာပူက National University of Sinapore ၊ National Technological University တို. Polytechnic တို.က ကမ္ဘာ.အသိအမှတ်ပြု Top စာရင်းထဲမှာ ပါတဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ ဘွဲ.ရဖို. အတွက်လဲ တကယ့်ကို ကြိုးစား အားထုတ်ရပါတယ်။ 

ဒါကြောင့် ကျွန်တော့ အနေနဲ. စင်ကာပူမှာ နေရတာအရမ်းကို ကျေနပ် ဂုဏ်ယူမိပြီး လီကွမ်ယုတို. လီရှန်လွန်းတို.ကို အရမ်းကို ကျေးဇူးတင်မိတယ်။ သူ.တို.ကြောင့်သာ မဟုတ်ရင် ကျွန်တော့် က မြန်မာပြည်မှာ ယုံကြည်ချက် မရှိပဲ၊ လမ်းပျောက်နေတဲ့ လူငယ်တစ်ယောက်ဖြစ်နေခဲ့ပြီး၊ စင်ကာပူကိုသာ လာခွင့် မရခဲ့ရင် အခုချိန်မှာ မြန်မာပြည်မှာ ဘာတွေ လုပ်ကိုင် စားသောက်နေမလဲ ဆိုတာ မတွေးဝံ့စရာပါ။ ဒါကြောင့် လမ်းပျောက်နေတဲ့ ကျွန်တော့်လို လူငယ်တွေရဲ. ဘ၀တွေကို မီးထွန်း လမ်းပြ ပေးနိုင်ခဲ့တဲ့သူ၊ အသွင်ပြောင်းပေး နိုင်ခဲ့သူလို. ပြောရင်မှားမယ်မထင်ပါဘူး။ 

မတ်လ ၂၃ရက်  မနက်မိုးလင်းတော့ ဖုန်းကနေ လီကွမ်ယု ကွယ်လွန်တဲ့ သတင်းဖတ်မိပြီး စိတ်ထဲမှာ တမျိုးကြီးခံစားရတယ်။ ဒီသတင်း မတိုင်ခင် ကတည်းက လီကွမ်ယု ကျန်းမာရေး အခြေနေ အရမ်းဆိုးနေတယ် ဆိုတဲ့ သတင်းတွေကတော့ ကြားနေရတယ်။ ဒီတစ်ခါတော့ သူတကယ် လောကကြီးက ထွက်သွားရပြီပေါ့ ဆိုပြီး စင်ကာပူနိုင်ငံသားတွေနဲ. ထပ်တူ ကြေကွဲခဲ့ရပါတယ်။  ၂၃ ရက်နေ.ကစပြီး ၂၉ ရက်နေ.ထိ တစ်ပတ်လုံး စင်ကာပူ တစ်နိုင်ငံလုံး လီကွမ်ယု သတင်းတွေနဲ. ဖုံးလွမ်းနေခဲ့ပါတယ်။ Facebook ထဲမှာ လည်း သူ.ရဲ. နာရေး သတင်းတွေနဲ. ပြည့်နှက်နေပါတယ်။ 










လီကွမ်ယု ကို ဂုဏ်ပြုဖို.အတွက် နိုင်ငံအနှံ.က community center တွေမှာ သွားရောက် ဂုဏ်ပြုနိုင်ပါတယ်။ ကျွန်တောကတော့ သူအရင်တုန်းက အလုပ်လုပ်ခဲ့တဲ့  Tanjon Pager community club ကို သွားပြီး ဂါရ၀ပြုခဲ့ ပါတယ်။ လူတွေက အလုပ်က အပြန်လာပြီး ဂါရ၀ပြုကြပါတယ်။ လက်ထဲမှာလဲ ပန်းစီးလေးတွေ ပါလာကြပါတယ်။













































Lee Kuan Yew's portrait displays on the TV screen at every MRT station.

လီကွမ်ယုရဲ. ရုပ်အလောင်းကို ၂၅ရက်နေ.ကနေ ၂၉ရက်နေ. အထိ Parliament House မှာ ပြောင်းရွေ.ထားခဲ့ပြီး ကမ္ဘာ. နိုင်ငံခေါင်းဆောင်ကြီးများ လဲ လာရောက် ဂါရ၀ပြုကြပါတယ်။ အများပြည်သူတွေ သွားရောက်ဂါရ၀ ပြုနိုင်ပါတယ်။ ဒါပေမယ့် တန်းအရှည်ကြီး စီရပါတယ်။ သတင်းတွေထဲမှာ ဖတ်ရတာကတော့ Parliament House ထဲကို ရောက်ဖို. ၅နာရီကနေ ၈နာရီလောက်ထိ တန်းစီရတယ်လို. ကြားပါတယ်။ တန်းစီနေတဲ့ သူတွေကို မုန်.တွေ၊ ရေဗူးတွေ ၊ ထီးတွေ ဝေနေတဲ့ ဓါတ်ပုံတွေကို Facebook ထဲမှာ တွေ.ခဲ့ပါတယ်။  Parliament House နားကို ၂၈ ရက်နေ.က ရောက်သွားလို. ဓါတ်ပုံတချို. ရိုက်ခဲ့တယ်။ 


တန်းစီနေတဲ့ သူတွေ နေပူကြီးထဲမှာ ထီးတွေဆောင်းလို.  အထဲဝင်သွားတာကို အပြင်ကနေ တွေ.ခဲ့တယ်။ သူတို.တွေ ဒီနေရာရောက်ဖို. ဘယ်လောက်ကြာအောင် တန်းစီခဲ့ရသလဲမသိဘူး။ 






မတ်လ ၂၉ ရက်နေ.မှာတော့ လီကွမ်ယုရဲ. ရုပ်အလောင်းကို Parliament House ကနေ University Cultural Centre  (UCC) ကို သယ်သွားပါတယ်။ လမ်းတစ်လျှောက်မှာ သူအကောင်အထည်ဖော်ခဲ့တဲ့ Project တွေ (Marina Barrage) ၊ ကျောင်းတွေ (Singapore Polytechnic)၊  သူအလုပ်လုပ်ခဲ့တဲ့ နေရာ (Tanjon Pager) တွေကို ဖြတ်သွားပါတယ်။  သယ်သွားတဲ့ လမ်းတစ်လျှောက်မှာ လူတွေ တန်းစီ စောင့်နေကြပါတယ်။ ကျွန်တောကတော့ သတင်းစာထဲမှာ ပါတဲ့ မြေပုံကို ကြည့်ပြီး Singapore Polytechnic ရှေ.မှာ သွားစောင့်ပါတယ်။ မိုးကလည်းသည်း ၊ လူတွေကလည်း များတော့ လူတွေရဲ. နောက်ကနေပဲ လှမ်းပြီး ကြည့်ခဲ့ရတယ်။
Crowd waiting outside Singapore Polytechnic

Rushing to find the best spot to pay respect.
မိုးရေထဲမှာ လူတွေ ရွဲရွဲစိုလို. စောင့်နေကြရပါတယ်။ ကျွန်တော်ကတော့ ထီးမပါလို. ဘတ်စကားဂိတ်ထဲကနေပဲ စောင့်နေခဲ့တယ်။ လုပ်အားပေးတဲ့သူတွေ  ရေသန်. နဲ. မုန်.တွေဝေကြတယ်။ Youtube ကနေ Live ပြနေတော့ စောင့်နေတဲ့ သူတွေက ဖုန်းထဲကနေ လီကွမ်ယု အခုဘယ်နားရောက်နေပြီ ဆိုတာသိကြတယ်။

Watching live broadcast of funeral procession to track Mr Lee's  way to Singapore Poly. 






 Singapore Polytechnic နားရောက်တော့မယ်ဆိုတာနဲ. လူတွေအားလုံး 'လီကွမ်ယု၊ လီကွမ်ယု' ဆိုပြီး သံပြိုင်အော်ကြတယ်။ ကျွန်တော်တို. အေ၇ှ.ကို ဖြတ်သွားတာ  သိပ်မြန်တော့ ဓါတ်ပုံတောင် ကံကောင်းလို. အမိအရ ရိုက်မိခဲ့တယ်။ 



The gun carriage carrying the body of the late Mr Lee Kuan Yew passes Singapore Polytechnic.









လီကွမ်ယု ရဲ.အလောင်း ကျွန်တော်တို. လူအုတ်ကြီးကို  ဖြတ်သွားပြီးတော့  ကျွန်တော့်နားက ရပ်တွေ လူတွေရဲ. မျက်လုံးတွေမှာ မျက်ရည်တွေဝဲပြီး ကျန်ခဲ့တယ်။ သူတို.ကို ကြည့်ပြီး ကျွန်တော်ပါ မျက်ရည်ဝဲ ခဲ့တယ်။



အားလုံးပြီးတော့ လူတွေကများတော့ ပြန်ဖို.ကို တော်တော်လေးစောင့်ရပါတယ်။ နောက်ဆုံး လုံးဝ မတက်နိုင်တော့ လူကူးမျဉ်းကျားမဟုတ်တဲ့ ကားလမ်းမတွေပေါ်မှာပါ လူတွေ လမ်းဖြတ်ကူးကြပါတယ်။ လုံခြုံရေးတွေကလဲ လွတ်ပေးထားပါတယ်။ ဒီလိုမှ မဟုတ်ရင် လူအုတ်ကြီးက တော်တော်နဲ. ရွေ.မှာ မဟုတ်ဘူးလေ။ Dover MRT station မှာ လူတွေ ပြွတ်သိတ်နေလို.  ကျွန်တော် Bouna Vista MRT station ထိ မိုးရွာထဲ လမ်းလှျောက်ပြီးသွားခဲ့ပါတယ်။


TV ထဲမှာ Live ကြည့်လို.ရပေမယ့် အခုလို ကိုယ်တိုင်ကိုယ်ကျ အပြင်မှာ မျက်စိနဲ. မြင်ရတာတဲ့ အတွက် အရမ်းကို ပီတိ ဖြစ်မိပါတယ်။  ဒီနေ.ဟာဆို၇င် စင်ကာပူက ပြည်သူတွေရဲ. သူတို.ရဲ. ခေါင်းဆောင်အပေါ်မှာ ထားတဲ့ အချစ်တွေကို ဖော်ထုတ်တဲ့နေ.၊ ဒါမဟုတ်  လီကွမ်ယု ရဲ. ပြည်သူတွေအပေါ်မှာ ထားတဲ့ သူ.ရဲ. စေတနာတွေ ရောင်ပြန်ဟတ်  တဲ့ နေ.တနေ. ဆိုရင်လဲ မမှားပါဘူး။

Goodbye Lee Kuan Yew. 


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis