Saturday, April 25, 2015

1

Langkawi Trip, Dayang Bunting Marble Geoforest Park #4


15-Aug-2012, Langkawi ခရီးစဉ်ရဲ. ဒုတိယနေ.အတွက်ကတော့ Island hopping Day Tour Package ကို ၀ယ်ပြီးသွားခဲ့ပါတယ်။ Langkawi က Phuket လို Island hopping Tour တွေ ရွေးစရာ သိပ်မရှိဘူး။ ဒါကြောင့် ဟိုတယ်က စီစဉ်ပေးတဲ့ Tour ကိုပဲ ၀ယ်လိုက်တယ်။ တစ်ယောက်ကိုဘယ်လောက်ပေးရသလဲ မမှတ်မိတော့ဘူး။ ဈေးကတော့ သိပ်မများပါဘူး။ သူက Phuket က Tour တွေလို တစ်နေကုန်မဟုတ်ပဲ၊ မနက်မှာ ၉နာရီလောက်ကစသွားပြီး  နေ.လည်ပိုင်း ၁၂ နာရီခွဲလောက်မှာ ပြီးသွားပါတယ်။ 



ဟိုတယ်မှာ မနက်စာစားပြီး Tour ကလာခေါ်တဲ့ ကားနဲ. သဘောင်္ဆိပ်ကို သွားပါတယ်။ ပုံထဲမှာ ပါတဲ့ မော်တော်ဘုတ်အသေးလေးနဲ. သွားရပါတယ်။ Life jacket တွေလဲ အပြည့်အစုံပါပါတယ်။ အရင် ဆုံး သွားမည့်နေရာက Dayang Bunting Marble Geoforest Park ပါ။ 













Can you see sleeping pregnant lady?

လမ်းခုလတ်မှာ တွေ.ခဲ့တဲ့ ဗိုက်ကြီးသည် နဲ.တူတဲ့ ကျွန်းပါ။ လဲနေတဲ့ ပုံစံမျိုးပေါ့။ မြင်လား?



Dayang Bunting Marble Geoforest Park ကိုရောက်ပါပြီ။ မနေ.ညက အလျှင်လို ၀ယ်လိုက်တဲ့ Tour ဆိုတော့ ဘယ်နေရာတွေ သွားမယ်မှန်း သေချာမသိဘူး။ ဒါကြောင့် ဒီ Park မှာ ဘာတွေ မြင်ရမလဲ ဆိုတာ အဲ့တုန်းက မသိခဲ့ဘူး။ ကျွန်တော်တို.လိုပဲ မော်တော်ဘုတ်လေးတွေနဲ. ခရီးသည်တွေ အများကြီးရောက်လာကြတယ်။ 















 လှေဆိပ်မှာ ဆင်းပြီး အထဲကို လမ်းလျှောက်ရပါတယ်။ တောင်တွေကြားထဲမှာဆိုတော့ အတက်အဆင်းတွေလဲ ရှိတယ်။ လမ်းတစ်လျှောက်မှာ မျောက်တွေ တော်တော်သောင်းကျန်းတယ်။ အစားအသောက် တွေ တွေ.လို.ကတော့ ဆွဲပြီသာမှတ်။




အတက်ပြီးတော့ အဆင်းရောက်ပါပြီး။ ဆင်းလာတဲ့ လမ်းကနေ အခုလို အင်မတန်သာယာတဲ့ နေရာကို လှမ်းမြင်ရပါပြီ။ တောင်တွေ ပတ်လည်ဝိုင်းထားတဲ့ နေရာမှာ အိုင်ကြီးလို ဖြစ်နေတဲ့ နေရာမျိုးပါ။ ဒီလို ရူခင်းမျိုး  ကျွန်တော့ ဘ၀မှာ တခါမှ မမြင်ဖူးသေးပါဘူး။ 



 


Swimming area of kid




ရာသီဥတုက အရမ်းပူတော့ ရေအရမ်းကူးချင်တယ်။ ရေကတော်တော်နက်တယ်၊ Swim for your own risk ဆိုတဲ့ ဆိုင်းဘုတ်တွေ ကပ်ထားတာတွေ.ရတယ်။ ကိုယ်က ရေကူးတက်တော့ ဆင်းကူးတာပေါ့။ ရေဘယ်လောက် နက်သလဲ စမ်းကြည့်ဖို. ရေငုံ.တာ အောက်မှာ ဘာမှကို မမြင်ရဘူး။ တော်တော်လေးကို နက်ပါတယ်။ ပြီးတော့ ရေကူးရတာလဲ အရမ်းခက်တယ်။ ရေထဲမှာ ဆွဲအားရှိတယ်လို. ပြောရမလား မသိဘူး။ ခါတိုင်းရေကူးတဲ့ နေရာတွေလို မဟုတ်ပဲ ရေကူးရတာ အရမ်းကို ပင်းပန်တယ်။ လူတွေ တော်တော်များများ လဲ ကန်ဘောင် နားလောက်ပဲ ပတ်ပြီးကူးနေကြတာ။ အဝေးကြီးတွေ သိပ်မကူးကြဘူး။ နောက်ပြီး ကလေးတွေ ကူးဖို. အလယ်မှာ ဇကာပြီး လုပ်ထားတဲ့ နေရာလဲ ရှိပါတယ်။ ရေးမကူးတက်ရင် အဲ့မှာ ရေစိမ်လို.ရပါတယ်။ 









ဒီနေရာလေးကို အရမ်းသဘောကျမိတယ်။ ဘာလို.လဲ ဆိုတော့ အပြင်လောကနဲ. လုံးဝသီးသန်.ဖြစ်နေတယ်။  အားလုံး သဘာဝ အတိုင်းပဲ။ ဖြစ်နိုင်ရင် အကြာကြီးနေချင်တယ်။  လှေလှော်ပြီး လျှောက်ပတ်ကြည့်ချင်တယ်။  




Park ထဲမှာ တစ်နာရီလောက် အချိန်ကုန်ပြီးတော့ သဘောင်္ဆိပ်ကို ပြန်ပြီး လမ်းလျှောက်ရပါတယ်။ မျောက်တွေလဲ ဧည့်သည်တွေဆီက မုန်.တွေ စားလို.။ ဒီနေရာပြီး နောက်သွားမည့် နေရာကတော့ Eagle Feeding လုပ်တဲ့ နေရာပါ။ နောက်ပို.စ်မှာ ဆက်ရေးပါ့မယ်။ 



 



1 comment:

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis