2015-Apr-05, စင်ကာပူမှာ သင်္ကြန်ပွဲ ကို Sembawang ဘက်နားမှာ လုပ်ခဲ့တယ်။ ပွဲလုပ်တဲ့နေရာက MRT နဲ. မနီးတော့ Shuttle Bus တွေပါ စီစဉ်ပေးထားတယ်။ ကျွန်တော်တို. သူငယ်ချင်းအဖွဲ.က လက်ဖက်သုတ် စတုဒီတာကျွေးပါတယ်။
ကျွန်တော် မနက် ၈နာရီလောက်ရောက်သွားတော့ လာတဲ့သူတွေ သိပ်မများသေးဘူး။ ၉နာရီလောက်က စပြီး လာတဲ့လူတွေ တော်တော်ကိုများလာတယ်။ မိုးကလဲ ရွာတော့ စတုဒီတာကျွေးတဲ့နေရာမှာ လူတွေ ပြွတ်သိတ် နေတယ်။ ဒါကြောင့် တနေရာနဲ. တနေရာတောင် ရွေ.လိုမလွယ်ဘူး။ အရမ်းကြိုက်တဲ့ အသုတ်စုံ ကျွေးနေတာမြင်ပေမယ့် မတိုးနိုင်လို.မစားခဲ့ရဘူး။ ကိုယ် စတုဒီတာကျွေးတဲ့ နေရာရဲ. ဘေးကပ်ရပ်က ကျွေးတဲ့ ဟာတွေကိုပဲ စားဖြစ်ခဲ့တယ်။
ကျွန်တော်တို. ဘေးက ရွေရင်အေး အဖွဲ.။ အဆာပလာ အစုံနဲ. ရန်ကုန်မှာ ၀ယ်စားတဲ့ ရွေရင်အေးလိုပဲ အရမ်းစားလို.ကောင်းတယ်။ ကျွန်တော် ၃ပွဲ တိတိ စားခဲ့တယ်။း)
ဒါကတော့ ကျွန်တော်တို. အဖွဲ.က လုပ်တဲ့ ရှယ်လက်ဖက်သုတ်ပါ။ နှပ်ထားတဲ့လက်ဖက်ကို ပြောင်းဖူးပြုတ်၊ မြေပဲပြုတ် တို.တဲ့ သုတ်ပြီးတော့၊ အပေါ်ကနေ ပုဇွန်ခြောက်၊ ဆက်သားခြောက် ဖြူးပြီး ကျွေးတာပါ။ ဒီလိုလက်ဖက်သုတ်မျိုးကို ကိုယ်တိုင်လဲ အဲ့ဒီနေ.မှ စားဖူးတာပါ။ ပဲကြော်တွေ မပါပဲ လက်ဖတ်သုတ်ကို ပြောင်းဖူးနဲ. မြေပဲပြုတ်နဲ. စားရတာလဲ တမျိုးစားလို.ကောင်းတာပဲ။
မုန်.ဟင်းခါးတွေ.ရင် ကျွန်တော် မစားပဲမနေနိုင်ဘူး။ မုန်.ဟင်းခါးကျွေးတဲ့ အဖွဲ.၂ဖွဲ.ရှိတယ်။ ၂ဖွဲ.လုံးက ကျွေးတဲ့ မုန်.ဟင်းခါးကို စားခဲ့တယ်။ ဒီ အကျီင်္အ၀ါဝတ်စားတဲ့ အဖွဲ.ကကျွေးတဲ့ မုန်.ဟင်းခါးက စားလို.အကောင်းဆုံးပဲ။ ဟင်းရည်ကျဲကျဲလေးနဲ. မိုးအေးအေးမှာ အရမ်းသောက်လို.ကောင်းတယ်။ ဒီလို အိုးအကြီးကြီးနဲ. အရသာကောင်းအောင် ချက်နိုင်တာ တော်တော် ချီးကျူးဖို.ကောင်းတယ်။း)
ဒီနန်းကြီးသုတ်အဖွဲ.က ကျွေးတဲ့ နန်းကြီးသုတ်လဲ တပွဲစားခဲ့သေးတယ်။
အကြော်စုံ
မုန်.လုံး လုံးတဲ့ အဖွဲ.တွေလဲ ၂ဖွဲ.လောက်ရှိတယ်။
အချိုရည်နဲ. အအေးစုံလဲ အလျှံပယ် သောက်လို.ရတယ်။း)
မုန်.လက်ကောက်
Sembawang သင်္ကြန်မှာတော့ စတုဒီတာ ကျွေးတဲ့သူ၊ လာစားတဲ့သူ၊ လုပ်အားပေးတဲ့သူတွေနဲ. အရမ်းကို စည်စည်ကားကားလေး ကျင်းပနိုင်ခဲ့တယ်။ အားလုံး ရေတွေပတ်လိုက် စားလိုက်နဲ. တော်တော်လေးကို ပျော်ခဲ့ကြပါတယ်။ အမိုက်တွေလိုက်သိမ်းတွေ အစ်မတွေ၊ ညီမတွေကို ပိုပြီး လေးစားမိတယ်။ မိုးရွာကြီးထဲမှာ အပြုံး မပျက်ပဲ အမိုက်ထုတ်တွေကို တစ်ခုပြီး တစ်ခု သယ်နေကြတယ်။
ကျွန်တော့် စိတ်ထင်ပြောရရင် အဲ့ဒီနေ.က အစားသောက်တွေ အရမ်း Waste ဖြစ်တယ်လို.မြင်တယ်။ လူတွေက မုန်.တွေဝေတော့ ယူထားလိုက်တာ။ ပြီးတော့ မစားချင်ရင် လွင့်ပစ်တယ်။ စတုဒီတာကျွေးတဲ့သူ အချင်းချင်းလည်း မုန်.တွေ ဝေမျှပေးကြတယ်။ ဒါပေမယ့် အားလုံးက အလုပ်ရူပ်နေတော့ အဲ့ဒီမုန်.တွေကို မစားနိုင်ဘူး။ ဥပမာ- မုန်.ဟင်းခါး၊ မုန်.လုံးရေပေါ် တို.ကို တခြားအဖွဲ.က လာပေးတယ် ဆိုပါတော့၊ ချက်ချက်မစားနိုင်တော့ အေးသွားရော၊ အဲဒါနဲ. မစားချင်တော့လို. လွင့်ပစ်လိုက်ရတယ်။
Waste မဖြစ်အောင် ကျွန်တော့အနေနဲ. အကြံပေးရမယ်ဆိုရင် ပွဲလာတဲ့သူတွေကို ၀င်ပေါက်မှာ ပန်းကန်တွေဝေ၊ ပြီးရင် သူတို. စားချင်တဲ့ စတုဒီသာ သူတို.ဖာသာ စိတ်ကြိုက် ယူစား လို.ရအောင် လုပ်ပေးရမယ်။ Buffet လိုမျိုးပေါ့။ အဲလိုလုပ်ရင် မစားချင်လို.လွင့်ပစ်တာတွေ လျှော့ပါးသွားမယ် လို.ထင်တယ်။
နောက်ပြီး မုန်. တွေ ပိုပြီးစုံအောင် စတုဒီသာကျွေးတဲ့အဖွဲ.တွေကို ကျွေးတာချင်း မတူအောင် ခွဲထား ရမယ်။ ဥပမာ - မုန်.ဟင်းခါး ကျွေးတဲ့သူ ရှိပြီးပြီ ဆိုရင်၊ နောက်အဖွဲ.က မုန်.ဟင်းခါး မကျွေးရတော့ပဲ တခြားမုန်. တခုခု အုန်းနို.ခေါက်ဆွဲ၊ ကြာဇံဟင်းခါး စသဖြင့် လုပ်ကျွေးတာမျိုးပေါ့။ အဲလိုဆိုရင် မုန်.တွေလဲ အရမ်းစုံပြီး စားတဲ့သူတွေအတွက် ရွေးစရာ ပိုများလာမယ် ထင်တယ်။
ပုံတွေကြည့်ရတာပျော်စရာကြီး တစ်ခါမှမသွားဖူးဘူး လူတွေအများကြီးနော် သစ္စာပါရမီဘုန်းကြီးကျောင်းသင်ကြန်ပဲကိုယ်လည်း လှူလို့ သွားတာ အကိုပြောသလိုတူတာမလှူနဲ့က အဆင်မပြေလောက်ဘူး ကျွန်မတို့အဖွဲ့ဆို လွယ်တဲ့မုန့်ပဲလုပ်တတ်တယ် မုန့်လုံးရေပေါ်လှူတာ ပထမနှစ်ကဆို ဆန်မှုန့်နဲ့ ကောက်ညှင်းမှုန့် အချိုးအစား ကိုမနည်းလိုက်မေးရတာ အမှန်က သူများလို မုန်းဟင်းခါးချက်လှူခြင်တာ လူအများကြီးအတွက် အရသာကောင်းအောင်မချက်တတ်လို့ ပြောခြင်တာက အဆင်ပြေကိုယ်လည်းလုပ်တတ်တာကိုလှူရတာ အကိုကိုလည်းဖိတ်ပါတယ် သစ္စာပါရမီသင်ကြန် 19 April Yoe's building မှာ အကို့ဘလော့ကို အမြဲလာလည်တယ် ကောမက်မရေးမိတာ ကျေးဇူးတင်ပါတယ် စာရှည်သွားတယ် :)
ReplyDeleteလာဖို.ဖိတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ သင်္ကြန်ပွဲတွေက အပတ်တိုင်း ဆက်လို.ပါလား။ သစ္စာပါရမီသင်ကြန် က ဘာစတုဒီတာတွေ ကျွေးမှာလဲဟင်။ :P
Deletehttps://www.facebook.com/ThitsarparamiSociety/posts/866100100117941 အကိုအဲဒီမှာကြည့်လို့ရတယ်အစားအသောက်စာရင်းကို :)
ReplyDeleteso many foods. Thank you for sharing. :)
Delete